[Zawgyi]

Lamborghini ရဲ႕ Aventador ကားသစ္က Semi-electric ကားျဖစ္လာမယ္လို႔ CEO ကိုယ္တိုင္ ေျပာလိုက္ၿပီ

အခုခ်ိန္မွာ လွ်ပ္စစ္ကားလို႔ ေျပာလိုက္တာနဲ႔ လူသိနည္းေသးသလို လွ်ပ္စစ္ရထားေတြလို ေမာင္းရတာမ်ိဳးလားလို႔ ထင္ခ်င္ေကာင္းထင္သြားႏိုင္ပါတယ္။ Electrified Vehicle  “EV” လို႔ ေခၚတဲ့ လွ်ပ္စစ္ကား နည္းပညာဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း တြင္က်ယ္လာခဲ့တာျဖစ္ၿပီး Hydrogen စြမ္းအင္သုံးကားေတြရဲ႕ ေနရာကို အစားထိုးလာခဲ့တာ ဆိုရင္လည္း မမွားပါဘူး။ အခုခ်ိန္မွာ Tesla နဲ႔ Audi တို႔လို ကားကုမၸဏီေတြက Electric Car ေတြ အၿပိဳင္ထုတ္လုပ္လာၾကသလို မၾကာေသးခင္ကလည္း Tesla က Pre-order လက္ခံထားတဲ့ Model 3 လွ်ပ္စစ္ကား အစီးေရ ၃ သိန္း ေရာင္းခ်ခဲ့ၿပီး ျဖစ္ပါတယ္။ ဒီလိုမ်ိဳး Audi ကလည္း Android နည္းပညာနဲ႔ပါ ဆန္းသစ္ထားတဲ့ SUV လွ်ပ္စစ္ကားသစ္ကို မၾကာခင္ ေရာင္းခ်ေပးသြားမယ္လို႔ မိတ္ဆက္ထားၿပီးပါၿပီ။ အလားတူ အေမရိကန္ ကားကုမၸဏီ Ford ကလည္း Electric Car ေလာကထဲ ဝင္လာၿပီဆိုေတာ့ ၿပိဳင္ဆိုင္မႈက အေတာ္လည္း ျပင္းထန္ေနၿပီလို႔ေတာင္ ေျပာလို႔ရပါတယ္။

Tesla Roadster Rival Electric Car

ဒါေၾကာင့္ အီတလီႏိုင္ငံရဲ႕ Super Car ထုတ္လုပ္သူလို႔ နာမည္ႀကီးေနတဲ့ Lamborghini ကလည္း လွ်ပ္စစ္ကား စထုတ္ေတာ့မယ္လို႔ CEO “Stenfano Domenicali” က တရားဝင္ ေျပာၾကားလိုက္ပါၿပီ။ အခုအခ်ိန္မွာ လွ်ပ္စစ္ကားေတြကို အိမ္စီးကားအေနနဲ႔သာ ထုတ္လုပ္ေနၾကေသးတာ ျဖစ္တဲ့အတြက္ Lamborghini အေနနဲ႔ Sport Car ထုတ္လုပ္လာမယ္ဆိုတာကို CEO ကိုယ္တိုင္က “လွ်ပ္စစ္ကားေတြထဲမွာေတာင္ လုံးဝအသြင္မတူတဲ့ ၿပိဳင္ကားလိုပုံစံ Semi-Electric ကားမ်ိဳးကို ျမင္ေတြ႕ရမွာပါ” လို႔ ေျပာဆိုထားပါတယ္။

Aventador S 2017

အခုလို လွ်ပ္စစ္စြမ္းအင္ ေျပာင္းသုံးလာမယ့္ Lambo ကားသစ္ဟာ Aventador မ်ိဳးႏြယ္ဆက္ခံထားၿပီး V12 Hybrid အင္ဂ်င္နဲ႔ Super Car ဂုဏ္သိကၡာကို ဆက္လက္ထိန္းသိမ္းထားမွာပါ။ ဘာလို႔လဲဆိုေတာ့ V12 အင္ဂ်င္ဟာ Aventador လို Super Sport Car ေတြမွာ သုံးေနတာျဖစ္ၿပီး လွ်ပ္စစ္စြမ္းအင္နဲ႔ ေမာင္းႏွင္သြားႏိုင္ဖို႔ R&D (Research & Development) မွာ သုေတသနလုပ္ဖို႔ ရင္းႏွီးျမႇပ္ႏွံထားၿပီး ျဖစ္ပါတယ္။ အဲ့ဒါအျပင္ Urus နဲ႔ Huracan ေမာ္ဒယ္ေတြမွာလည္း Hybrid အင္ဂ်င္ေျပာင္းသုံးလာမွာျဖစ္ၿပီး V12 ဒါမွမဟုတ္ V10 Hybrid အင္ဂ်င္ ျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။ လတ္တေလာ အတည္မျပဳရေသးတဲ့ သတင္းအရဆိုရင္လည္း Lamborghini က Porsche ရဲ႕ Panmera ကားကို ယွဥ္ၿပိဳင္သြားဖို႔ တံခါးေပါက္ေလးေပါက္ပါတဲ့ Estoque ကား Concept ပုံစံမ်ိဳး တိတ္တဆိတ္ ထုတ္လုပ္သြားဖြယ္ရွိေနပါတယ္။

Lamborghini Estoque Concept 2009

Lamborghini ဟာ Sport Car ထုတ္လုပ္သူအျဖစ္ နာမည္ေက်ာ္ၾကားေနတာ ဆိုေပမယ့္လည္း ေအာင္ျမင္မႈကို SUV ကားေတြကသာ သယ္ေဆာင္ေပးေနတာပါ။ ဒါေၾကာင့္ R&D ပိုင္းမွာကြၽမ္းက်င္သူ Maurizio Reggiani က “ကုမၸဏီရဲ႕ တန္ဖိုးဟာ နည္းပညာျမင့္ကားေတြေပၚ  မူတည္ေနတာျဖစ္လို႔ Aventador ကားသစ္ကို Hybrid အင္ဂ်င္နည္းပညာ အသုံးျပဳဖို႔ ေ႐ြးခ်ယ္သြားရမွာပါ။ အဲ့ဒီအတြက္ ကားအင္ဂ်င္အတြင္းပိုင္းကအစ အစအဆုံး ဒီဇိုင္းျပန္ဆြဲရမွာ ျဖစ္တဲ့အတြက္ အရင္ Lambo ေတြေလာက္ မစြာႏိုင္ဘူး” လို႔ ျဖည့္စြက္ေျပာၾကားခဲ့ရတယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Ref: Digital Trends

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Lamborghini ရဲ့ Aventador ကားသစ်က Semi-electric ကားဖြစ်လာမယ်လို့ CEO ကိုယ်တိုင် ပြောလိုက်ပြီ

အခုချိန်မှာ လျှပ်စစ်ကားလို့ ပြောလိုက်တာနဲ့ လူသိနည်းသေးသလို လျှပ်စစ်ရထားတွေလို မောင်းရတာမျိုးလားလို့ ထင်ချင်ကောင်းထင်သွားနိုင်ပါတယ်။ Electrified Vehicle  “EV” လို့ ခေါ်တဲ့ လျှပ်စစ်ကား နည်းပညာဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း တွင်ကျယ်လာခဲ့တာဖြစ်ပြီး Hydrogen စွမ်းအင်သုံးကားတွေရဲ့ နေရာကို အစားထိုးလာခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ အခုချိန်မှာ Tesla နဲ့ Audi တို့လို ကားကုမ္ပဏီတွေက Electric Car တွေ အပြိုင်ထုတ်လုပ်လာကြသလို မကြာသေးခင်ကလည်း Tesla က Pre-order လက်ခံထားတဲ့ Model 3 လျှပ်စစ်ကား အစီးရေ ၃ သိန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး Audi ကလည်း Android နည်းပညာနဲ့ပါ ဆန်းသစ်ထားတဲ့ SUV လျှပ်စစ်ကားသစ်ကို မကြာခင် ရောင်းချပေးသွားမယ်လို့ မိတ်ဆက်ထားပြီးပါပြီ။ အလားတူ အမေရိကန် ကားကုမ္ပဏီ Ford ကလည်း Electric Car လောကထဲ ဝင်လာပြီဆိုတော့ ပြိုင်ဆိုင်မှုက အတော်လည်း ပြင်းထန်နေပြီလို့တောင် ပြောလို့ရပါတယ်။

Tesla Roadster Rival Electric Car

ဒါကြောင့် အီတလီနိုင်ငံရဲ့ Super Car ထုတ်လုပ်သူလို့ နာမည်ကြီးနေတဲ့ Lamborghini ကလည်း လျှပ်စစ်ကား စထုတ်တော့မယ်လို့ CEO “Stenfano Domenicali” က တရားဝင် ပြောကြားလိုက်ပါပြီ။ အခုအချိန်မှာ လျှပ်စစ်ကားတွေကို အိမ်စီးကားအနေနဲ့သာ ထုတ်လုပ်နေကြသေးတာ ဖြစ်တဲ့အတွက် Lamborghini အနေနဲ့ Sport Car ထုတ်လုပ်လာမယ်ဆိုတာကို CEO ကိုယ်တိုင်က “လျှပ်စစ်ကားတွေထဲမှာတောင် လုံးဝအသွင်မတူတဲ့ ပြိုင်ကားလိုပုံစံ Semi-Electric ကားမျိုးကို မြင်တွေ့ရမှာပါ” လို့ ပြောဆိုထားပါတယ်။

Aventador S 2017

အခုလို လျှပ်စစ်စွမ်းအင် ပြောင်းသုံးလာမယ့် Lambo ကားသစ်ဟာ Aventador မျိုးနွယ်ဆက်ခံထားပြီး V12 Hybrid အင်ဂျင်နဲ့ Super Car ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားမှာပါ။ ဘာလို့လဲဆိုတော့ V12 အင်ဂျင်ဟာ Aventador လို Super Sport Car တွေမှာ သုံးနေတာဖြစ်ပြီး လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်သွားနိုင်ဖို့ R&D (Research & Development) မှာ သုတေသနလုပ်ဖို့ ရင်းနှီးမြှပ်နှံထားပြီး ဖြစ်ပါတယ်။ အဲ့ဒါအပြင် Urus နဲ့ Huracan မော်ဒယ်တွေမှာလည်း Hybrid အင်ဂျင်ပြောင်းသုံးလာမှာဖြစ်ပြီး V12 ဒါမှမဟုတ် V10 Hybrid အင်ဂျင် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ လတ်တလော အတည်မပြုရသေးတဲ့ သတင်းအရဆိုရင်လည်း Lamborghini က Porsche ရဲ့ Panmera ကားကို ယှဥ်ပြိုင်သွားဖို့ တံခါးပေါက်လေးပေါက်ပါတဲ့ Estoque ကား Concept ပုံစံမျိုး တိတ်တဆိတ် ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။

Lamborghini Estoque Concept 2009

Lamborghini ဟာ Sport Car ထုတ်လုပ်သူအဖြစ် နာမည်ကျော်ကြားနေတာ ဆိုပေမယ့်လည်း အောင်မြင်မှုကို SUV ကားတွေကသာ သယ်ဆောင်ပေးနေတာပါ။ ဒါကြောင့် R&D ပိုင်းမှာကျွမ်းကျင်သူ Maurizio Reggiani က “ကုမ္ပဏီရဲ့ တန်ဖိုးဟာ နည်းပညာမြင့်ကားတွေပေါ်  မူတည်နေတာဖြစ်လို့ Aventador ကားသစ်ကို Hybrid အင်ဂျင်နည်းပညာ အသုံးပြုဖို့ ရွေးချယ်သွားရမှာပါ။ အဲ့ဒီအတွက် ကားအင်ဂျင်အတွင်းပိုင်းကအစ အစအဆုံး ဒီဇိုင်းပြန်ဆွဲရမှာ ဖြစ်တဲ့အတွက် အရင် Lambo တွေလောက် မစွာနိုင်ဘူး” လို့ ဖြည့်စွက်ပြောကြားခဲ့ရတယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Ref: Digital Trends

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။