[Zawgyi]

ရီးယဲလ္မက္ဒရစ္အသင္း မျဖစ္မေနႏိုင္ပြဲရွာေဖြရမယ္႔ လာလီဂါပြဲစဥ္(၈)

နည္းျပလိုပယ္တက္ဂီ Lopetegui လက္ထက္ ရီးယဲလ္မက္ဒရစ္အသင္းဟာ လက္ရိွမွာေတာ႔ ရလဒ္ဆိုးေတြနဲ႔ ႐ုန္းကန္ေနရပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းဟာ လာလီဂါေနာက္ဆံုး(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားတာေၾကာင္႔ ဒီပြဲမွာေတာ႔ ရလဒ္ေကာင္းရရိွဖို႔ မျဖစ္မေနလိုအပ္ေနပါတယ္။

Real-Madrid

Real-Madrid

အလာဗတ္စ္ ႏွင္႔ ရီးယဲလ္မက္ဒရစ္ ( စေနည ၁၁း၀၀ နာရီ )

လက္ရိွႏွစ္သင္းလံုးရဲ႕ အေနအထားဟာ အက်ပိုင္းေရာက္ေနၾကတယ္။ ႏွစ္သင္းလံုးဟာ လာလီဂါေနာက္ဆံုး(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားၾကပါတယ္။ ရီးယဲလ္အသင္းကေတာ႔ ျပိဳင္ပြဲစံုေနာက္ဆံုး(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားျပီး အဲဒီ(၃)ပြဲလံုးမွာ တစ္ဂိုးမွသြင္းယူထားႏိုင္ျခင္းမရိွခဲ႔ပါဘူး။ ရီးယဲလ္အသင္းရဲ႕ လက္ရိွတိုက္စစ္ပိုင္းစြမ္းေဆာင္ရည္ဟာ ဆိုးရြားေနသလို အဓိကကစားသမားေတြမွာလည္း ဒဏ္ရာျပႆနာေတြရိွေနပါတယ္။ ဘယ္လိုပဲပဲ ျဖစ္ျဖစ္ အသင္းၾကီးနဲ႔အသင္းေလးတို႔ရဲ႕ ပြဲျဖစ္ေနျပီး အစဥ္အလာပိုင္းမွာလည္း အျပတ္အသတ္ ရီးယဲလ္အသင္းက သာေနတာေၾကာင္႔ အႏိုင္ရလဒ္အတြက္ေတာ႔ ရီးယဲလ္အသင္းကိုပဲ ေရြးခ်ယ္ရပါလိမ္႔မယ္။ ရီးယဲလ္အသင္း မျဖစ္မေနႏိုင္ပြဲျပန္ရွာရမယ္႔ ပြဲျဖစ္ျပီး အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

Photo: Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်း မဖြစ်မနေနိုင်ပွဲရှာဖွေရမယ့် လာလီဂါပွဲစဉ်(၈)

နည်းပြလိုပယ်တက်ဂီ Lopetegui လက်ထက် ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာတော့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါနောက်ဆုံး(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတာကြောင့် ဒီပွဲမှာတော့ ရလဒ်ကောင်းရရှိဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

Real-Madrid

Real-Madrid

အလာဗတ်စ် နှင့် ရီးယဲလ်မက်ဒရစ် ( စနေည ၁၁း၀၀ နာရီ )

လက်ရှိနှစ်သင်းလုံးရဲ့ အနေအထားဟာ အကျပိုင်းရောက်နေကြတယ်။ နှစ်သင်းလုံးဟာ လာလီဂါနောက်ဆုံး(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားကြပါတယ်။ ရီးယဲလ်အသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အဲဒီ(၃)ပွဲလုံးမှာ တစ်ဂိုးမှသွင်းယူထားနိုင်ခြင်းမရှိခဲ့ပါဘူး။ ရီးယဲလ်အသင်းရဲ့ လက်ရှိတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ဟာ ဆိုးရွားနေသလို အဓိကကစားသမားတွေမှာလည်း ဒဏ်ရာပြဿနာတွေရှိနေပါတယ်။ ဘယ်လိုပဲပဲ ဖြစ်ဖြစ် အသင်းကြီးနဲ့အသင်းလေးတို့ရဲ့ ပွဲဖြစ်နေပြီး အစဉ်အလာပိုင်းမှာလည်း အပြတ်အသတ် ရီးယဲလ်အသင်းက သာနေတာကြောင့် အနိုင်ရလဒ်အတွက်တော့ ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ ရီးယဲလ်အသင်း မဖြစ်မနေနိုင်ပွဲပြန်ရှာရမယ့် ပွဲဖြစ်ပြီး အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

Photo: Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com