[Zawgyi]

ရလဒ္ဆိုးေတြကေန မ႐ုန္းထြက္ႏိုင္ခဲ႔တဲ႔ ရီးယဲလ္မက္ဒရစ္

ရလဒ္ဆိုးေတြနဲ႔ ႐ုန္းကန္ေနရတဲ႔ ရီးယဲလ္အသင္းဟာ လာလီဂါပြဲစဥ္(၉)မွာ လီဗန္ေတးအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ႔ရေပမယ္႔ ( ၁ – ၂ )နဲ႔ ႐ံႈးနိမ္႔ခဲ႔ပါတယ္။ ဒီ႐ံႈးပြဲေၾကာင္႔ ရီးယဲလ္အသငး္ဟာ လာလီဂါေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ႔ျပီး (၁)ပြဲသေရ ၊ (၃)ပြဲ႐ံႈးရလဒ္ရခဲ႔ပါတယ္။

ရီးယဲလ္မက္ဒရစ္ ၁ – ၂ လီဗန္ေတး

Real-Madrid-1-2-Levante

Real-Madrid-1-2-Levante

နည္းျပလုိပယ္တက္ဂီ  Lopetegui ရဲ႕ ရီးယဲလ္အသင္းဟာ ကံမေကာင္းခဲ႔ဘူးလို႔ ေျပာရမွာပါ။ ရီးယဲလ္အသင္းအေနနဲ႔ ဂိုးေတြေစာေစာစီးစီးေပးလိုက္ရတာေၾကာင္႔လည္းပြဲက ပိုခက္ခဲသြားခဲ႔ပါတယ္။ ရီးယဲလ္အသင္းရဲ႕ တုိက္စစ္ကို လူငယ္ေတြျဖစ္ၾကတဲ႔ မာရီယာႏို Mariano ၊ အဆန္စီယို Asensio တို႔ဦးေဆာင္ခဲ႔ၾကတာေၾကာင္႔ ဖိအားေတြမ်ားသြားတဲ႔ အခ်ိန္မွာအသင္းကို ဦးေဆာင္သူမရိွျဖစ္ခဲ႔ရပါတယ္။ လီဗန္ေတး အသင္းအတြက္ ဂိုးေတြကို ပြဲခ်ိန္(၆)မိနစ္မွာ မိုရာလက္စ္ Morales ၊ ပြဲခ်ိန္ (၁၃)မိနစ္မွာ မာတီ Martí တို႔ကပယ္နယ္တီကေန သြင္းယူေပးခဲ႔ၾကတာပဲျဖစ္ပါတယ္။

Marcelo

Marcelo

ဒီပြဲမွာေတာ႔ လီဗန္ေတးအသင္းရဲ႕ ဂိုးသမား Oier ရဲ႕ လက္စြမ္းေတြကုိ မျဖစ္မေန အသိအမွတ္ျပဳရမွာျဖစ္ျပီး သူ႕ရဲ႕လက္စြမ္းေကာင္းေတြေၾကာင္႔ ရီးယဲလ္အသင္းဟာ ဂိုးရဖို႔ ခက္ခဲခဲ႔ပါတယ္။ ဒုတိယပိုင္းမွာေတာ႔ ရီးယဲလ္အသင္းဟာ ေဘးလ္ Bale ၊ ဘန္ဇီမာ Benzema တို႔ကိုထည္႔ျပီး တိုက္စစ္ကုိ အေျပာင္းအလဲလုပ္ခဲ႔ေပမယ္႔ လီဗန္ေတး ဂိုးသမား Oier ကေတာ႔ လက္စြမ္းေကာင္းေတြျပေနဆဲပါပဲ။ ရီးယဲလ္အသင္းအတြက္ ေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၇၂)မိနစ္မွာ ေျခစြမ္းျပကစားေနတဲ႔ မာဆယ္လို Marcelo က အေကာင္းဆံုးကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။

Lopetegui

Lopetegui

လက္ရိွမွာေတာ႔ ရီးယဲလ္အသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔သလို (၄၈၁)မိနစ္ၾကာ စံခ်ိန္တင္ဂိုးေပါက္ေပ်ာက္ဆံုးမႈနဲ႔လည္း ရင္ဆိုင္ခဲ႔ရပါတယ္။ နည္းျပလုိပယ္တက္ဂီရဲ႕ အနာဂတ္ဟာ ဘာေတြျဖစ္လာမလဲဆိုတာကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားၾကရမွာပဲ ျဖစ္ပါတယ္။

Photo: Real Madrid Twitter , Yahoo! Sports , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရလဒ်ဆိုးတွေကနေ မရုန်းထွက်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၉)မှာ လီဗန်တေးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် ( ၁ – ၂ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရီးယဲလ်အသင်းဟာ လာလီဂါနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး (၁)ပွဲသရေ ၊ (၃)ပွဲရှုံးရလဒ်ရခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၁ – ၂ လီဗန်တေး

Real-Madrid-1-2-Levante

Real-Madrid-1-2-Levante

နည်းပြလိုပယ်တက်ဂီ  Lopetegui ရဲ့ ရီးယဲလ်အသင်းဟာ ကံမကောင်းခဲ့ဘူးလို့ ပြောရမှာပါ။ ရီးယဲလ်အသင်းအနေနဲ့ ဂိုးတွေစောစောစီးစီးပေးလိုက်ရတာကြောင့်လည်းပွဲက ပိုခက်ခဲသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကို လူငယ်တွေဖြစ်ကြတဲ့ မာရီယာနို Mariano ၊ အဆန်စီယို Asensio တို့ဦးဆောင်ခဲ့ကြတာကြောင့် ဖိအားတွေများသွားတဲ့ အချိန်မှာအသင်းကို ဦးဆောင်သူမရှိဖြစ်ခဲ့ရပါတယ်။ လီဗန်တေး အသင်းအတွက် ဂိုးတွေကို ပွဲချိန်(၆)မိနစ်မှာ မိုရာလက်စ် Morales ၊ ပွဲချိန် (၁၃)မိနစ်မှာ မာတီ Martí တို့ကပယ်နယ်တီကနေ သွင်းယူပေးခဲ့ကြတာပဲဖြစ်ပါတယ်။

Marcelo

Marcelo

ဒီပွဲမှာတော့ လီဗန်တေးအသင်းရဲ့ ဂိုးသမား Oier ရဲ့ လက်စွမ်းတွေကို မဖြစ်မနေ အသိအမှတ်ပြုရမှာဖြစ်ပြီး သူ့ရဲ့လက်စွမ်းကောင်းတွေကြောင့် ရီးယဲလ်အသင်းဟာ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းဟာ ဘေးလ် Bale ၊ ဘန်ဇီမာ Benzema တို့ကိုထည့်ပြီး တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် လီဗန်တေး ဂိုးသမား Oier ကတော့ လက်စွမ်းကောင်းတွေပြနေဆဲပါပဲ။ ရီးယဲလ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၇၂)မိနစ်မှာ ခြေစွမ်းပြကစားနေတဲ့ မာဆယ်လို Marcelo က အကောင်းဆုံးကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

Lopetegui

Lopetegui

လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို (၄၈၁)မိနစ်ကြာ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ နည်းပြလိုပယ်တက်ဂီရဲ့ အနာဂတ်ဟာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားကြရမှာပဲ ဖြစ်ပါတယ်။

Photo: Real Madrid Twitter , Yahoo! Sports , Evening Standard
Ko Kyue(Akhayar)
www.akhayar.com