[Zawgyi]

လိုအပ္ေနတဲ႔ ႏိုင္ပြဲတစ္ပြဲကိုျပန္လည္ရွာေဖြႏိုင္ခဲ႔တဲ႔ ဘာစီလိုနာ

လာလီဂါပြဲစဥ္(၉)မွာေတာ႔ ဘာစီလိုနာအသင္းဟာ ဆီဗီလာအသင္းကို အိမ္ကြင္းမွာ ( ၄ – ၂ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး လိုအပ္ေနတဲ႔ ႏိုင္ပြဲတစ္ပြဲကိုျပန္လည္ရွာေဖြႏိုင္ခဲ႔ပါတယ္။ ဒီႏိုင္ပြဲေၾကာင္႔ ဘာစီလိုနာအသင္းဟာ လာလီဂါ (၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆံုးေနမႈကို ရပ္တန္႔ႏိုင္ခဲ႔သလို လာလီဂါအမွတ္ေပးဇယားကိုလည္း ျပန္လည္ဦးေဆာင္ႏိုင္ခဲ႔ပါတယ္။

ဘာစီလိုနာ ၄ – ၂ ဆီဗီလာ

Coutinho

Coutinho

ႏွစ္သင္းလံုးဟာ လူစံုတက္စံုနဲ႔ ပြဲထြက္လာခဲ႔ၾကျပီး ႏိုင္ပြဲရရိွဖို႔ မျဖစ္မေန လိုအပ္ေနတဲ႔ ဘာစီလိုနာအသင္းကေတာ႔ ပြဲအစထဲကအေကာင္းဆံုးကစားႏိုင္ခဲ႔ပါတယ္။ဒါေၾကာင္႔လည္း ပြဲခ်ိန္(၂)မိနစ္မွာတင္ ဦးေဆာင္ဂိုးစရခဲ႔ျပီး မက္ဆီ Messi ရဲ႕ ဖန္တီးမႈကေန ေကာ္တင္ဟို Coutinho က အေကာင္းဆံုးကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၁၂)မိနစ္မွာေတာ႔ ဘာစီလိုနာအသငး္က ဒုတိယဂိုးရရိွခဲ႔ျပီး ဒီဂိုးကိုေတာ႔ မက္ဆီက သူ႔ရဲ႕ ပံုစံအတိုင္းပဲ ကန္သြင္းခဲ႔တာပါ။ အခုလို ေျခစြမ္းျပေနတဲ႔ မက္ဆီဟာ ဆီဗီလာကြင္းလယ္လူ Vázquez နဲ႔ ထိခိုက္မိခဲ႔တာေၾကာင္႔ ညာဘက္လက္ေမာင္းမွာ ဒဏ္ရာရရိွခဲ႔ျပီး ပြဲခ်ိန္(၂၆)မိနစ္မွာ ဒမ္ဘီလီ Dembélé နဲ႔ လူစားလဲခံခဲ႔ရပါတယ္။ မက္ဆီထြက္သြားတာေၾကာင္႔ ဘာစီလိုနာအသင္းဟာ ကစားပံုအနည္းငယ္က်ဆင္းသြားတဲ႔ အတြက္ ဆီဗီလာအသင္းက ပံုမွန္ထက္ပိုျပီး တိုက္စစ္ဆင္ကစားလာႏိုင္ခဲ႔ပါတယ္။ ဒါေၾကာင္႔ အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ ပြဲဟာျမိဳင္ဆိုင္ခဲ႔ပါတယ္။ ဘာစီလိုနာဂိုးသမား စတီဂန္ Stegen ဟာအေကာင္းဆံုးလက္စြမ္းကို ျပသႏိုင္ခဲ႔ျပီး ကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ႔ပါတယ္။

Suárez

Suárez

ပြဲခ်ိန္(၆၃)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းက တတိယဂိုးရရိွခဲ႔ျပီး ဒီဂိုးကိုေတာ႔ ဆြာရက္ဇ္ Suárez က သူ႔ေၾကာင္႔ရတဲ႔ ပယ္နယ္တီကို သူကိုယ္တိုင္ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း ဘာစီလိုနာအသင္းက ထိုးေဖာက္မႈေတြလုပ္ႏိုင္ခဲ႔ေပမယ္႔ ပြဲခ်ိန္(၇၉) မိနစ္မွာ ဆီဗီလာအသင္းက ေခ်ပဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကေတာ႔ ဆာရာဘီယာ Sarabia ရဲ႕ ကန္ခ်က္ ဘာစီလိုနာေနာက္ခံလူ လန္ဂလက္ Lenglet နဲ႔ထိျပီးဂိုး၀င္ခဲ႔တာပါ။ ပြဲခ်ိန္(၈၈)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းက စတုတၳဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကို ကြင္းလယ္လူ ရာကီတစ္ Rakitić ကသြင္းယူခဲ႔တာျဖစ္ျပီး အသင္းေဟာင္းဘက္ကို ဂိုးသြင္းယူခဲ႔တာေၾကာင္႔ ေအာင္ပြဲခံခဲ႔ျခင္းမရိွခဲ႔ပါဘူး။ ဆီဗီလာအသင္းအတြက္ ဒုတိယေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၉၁)မိနစ္မွာ မူရီယဲလ္ Muriel က သြင္းယူခဲ႔တာျဖစ္ပါတယ္။

Lionel-Messi-suffered-an-arm-injury-against-Sevilla

Lionel-Messi-suffered-an-arm-injury-against-Sevilla

ဘာစီလိုနာနဲ႔ ဆီဗီလာပြဲစဥ္ဟာ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ႔ျပီး သြင္းဂိုးေတြနဲ႔ ျမိဳင္ဆိုင္ခဲ႔သလို ဘာစီလိုနာအသင္းဟာလည္း လိုအပ္ေနတဲ႔ ႏိုင္ပြဲကိုရရိွခဲ႔တယ္ဆိုေပမယ္႔ အသင္းေခါင္းေဆာင္မက္ဆီဟာ ညာဘက္လက္ေမာင္းမွာ ဒဏ္ရာရရိွခဲ႔တာေၾကာင္႔ နစ္နာခဲ႔ရျပီး ဒီဒဏ္ရာေၾကာင္႔ မက္ဆီဟာ လာမယ္႔တစ္ပတ္မွာ ကစားမယ္႔ ရီးယဲလ္အသင္းနဲ႔ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရိွေနပါတယ္။

လာလီဂါပြဲစဥ္(၉)ရလဒ္မ်ား

Celta de Vigo 0 – 1 Deportivo Alavés
Real Madrid 1 – 2 Levante
Valencia 1 – 1 Leganés
Villarreal 1 – 1 Atlético Madrid
Barcelona 4 – 2 Sevilla

Photo: Barcelona Twitter , Sky Sports , Ghanasoccernet.com
‏Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကိုပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ ဘာစီလိုနာ

လာလီဂါပွဲစဉ်(၉)မှာတော့ ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို အိမ်ကွင်းမှာ ( ၄ – ၂ )နဲ့ အနိုင်ရရှိခဲ့ပြီး လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကိုပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ လာလီဂါ (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့သလို လာလီဂါအမှတ်ပေးဇယားကိုလည်း ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ၄ – ၂ ဆီဗီလာ

Coutinho

Coutinho

နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြပြီး နိုင်ပွဲရရှိဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ဘာစီလိုနာအသင်းကတော့ ပွဲအစထဲကအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း ပွဲချိန်(၂)မိနစ်မှာတင် ဦးဆောင်ဂိုးစရခဲ့ပြီး မက်ဆီ Messi ရဲ့ ဖန်တီးမှုကနေ ကော်တင်ဟို Coutinho က အကောင်းဆုံးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၁၂)မိနစ်မှာတော့ ဘာစီလိုနာအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ မက်ဆီက သူ့ရဲ့ ပုံစံအတိုင်းပဲ ကန်သွင်းခဲ့တာပါ။ အခုလို ခြေစွမ်းပြနေတဲ့ မက်ဆီဟာ ဆီဗီလာကွင်းလယ်လူ Vázquez နဲ့ ထိခိုက်မိခဲ့တာကြောင့် ညာဘက်လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၂၆)မိနစ်မှာ ဒမ်ဘီလီ Dembélé နဲ့ လူစားလဲခံခဲ့ရပါတယ်။ မက်ဆီထွက်သွားတာကြောင့် ဘာစီလိုနာအသင်းဟာ ကစားပုံအနည်းငယ်ကျဆင်းသွားတဲ့ အတွက် ဆီဗီလာအသင်းက ပုံမှန်ထက်ပိုပြီး တိုက်စစ်ဆင်ကစားလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲဟာမြိုင်ဆိုင်ခဲ့ပါတယ်။ ဘာစီလိုနာဂိုးသမား စတီဂန် Stegen ဟာအကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့ပြီး ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

Suárez

Suárez

ပွဲချိန်(၆၃)မိနစ်မှာတော့ ဘာစီလိုနာအသင်းက တတိယဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဆွာရက်ဇ် Suárez က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို သူကိုယ်တိုင်ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဘာစီလိုနာအသင်းက ထိုးဖောက်မှုတွေလုပ်နိုင်ခဲ့ပေမယ့် ပွဲချိန်(၇၉) မိနစ်မှာ ဆီဗီလာအသင်းက ချေပဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဆာရာဘီယာ Sarabia ရဲ့ ကန်ချက် ဘာစီလိုနာနောက်ခံလူ လန်ဂလက် Lenglet နဲ့ထိပြီးဂိုးဝင်ခဲ့တာပါ။ ပွဲချိန်(၈၈)မိနစ်မှာတော့ ဘာစီလိုနာအသင်းက စတုတ္ထဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို ကွင်းလယ်လူ ရာကီတစ် Rakitić ကသွင်းယူခဲ့တာဖြစ်ပြီး အသင်းဟောင်းဘက်ကို ဂိုးသွင်းယူခဲ့တာကြောင့် အောင်ပွဲခံခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆီဗီလာအသင်းအတွက် ဒုတိယချေပဂိုးကိုတော့ ပွဲချိန်(၉၁)မိနစ်မှာ မူရီယဲလ် Muriel က သွင်းယူခဲ့တာဖြစ်ပါတယ်။

Lionel-Messi-suffered-an-arm-injury-against-Sevilla

Lionel-Messi-suffered-an-arm-injury-against-Sevilla

ဘာစီလိုနာနဲ့ ဆီဗီလာပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့သလို ဘာစီလိုနာအသင်းဟာလည်း လိုအပ်နေတဲ့ နိုင်ပွဲကိုရရှိခဲ့တယ်ဆိုပေမယ့် အသင်းခေါင်းဆောင်မက်ဆီဟာ ညာဘက်လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် နစ်နာခဲ့ရပြီး ဒီဒဏ်ရာကြောင့် မက်ဆီဟာ လာမယ့်တစ်ပတ်မှာ ကစားမယ့် ရီးယဲလ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။

လာလီဂါပွဲစဉ်(၉)ရလဒ်များ

Celta de Vigo 0 – 1 Deportivo Alavés
Real Madrid 1 – 2 Levante
Valencia 1 – 1 Leganés
Villarreal 1 – 1 Atlético Madrid
Barcelona 4 – 2 Sevilla

Photo: Barcelona Twitter , Sky Sports , Ghanasoccernet.com
‏Ko Kyue(Akhayar)
www.akhayar.com