[Zawgyi]

အၾကိတ္အနယ္ရိွႏိုင္တဲ႔ ပြဲေကာင္းေတြပါ၀င္ေနတဲ႔ လာလီဂါ ပြဲစဥ္(၉)

ဒီတစ္ပတ္ရဲ႕ လာလီဂါ ပြဲစဥ္(၉)မွာေတာ႔ အၾကိတ္အနယ္ရိွႏိုင္တဲ႔ ပြဲေကာင္းေတြပါ၀င္ေနပါတယ္။ ရလဒ္ေတြဆိုးေနတဲ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ဟာလည္း ႏိုင္ပြဲမျဖစ္မေနရွာေဖြရေတာ႔မယ္႔ အခ်ိန္ကိုေရာက္လာခဲ႔ပါျပီ။

ရီၤးယဲလ္မက္ဒရစ္ – လီဗန္ေတး ( စေနညေန ၅း၃၀ နာရီ )

Real-Madrid

Real-Madrid

နည္းျပလုိပယ္တက္ဂီ Julen Lopetegui အေနနဲ႔ သူ႔ရဲ႕ အနာဂတ္အသင္းမွာ ဆက္ရိွဖို႔အတြက္ ႏိုင္ပြဲမျဖစ္မေန ရွာေဖြေပးရေတာ႔မွာပါ။ လက္ရိွ ရီးယဲလ္ရဲ႕ အေနအထားဟာဆိုးရြားေနေပမယ္႔ လီဗန္ေတးကေတာ႔ လာလီဂါ(၂)ပြဲဆက္ အႏိုင္ရထားျပီး ပံုစံေကာင္းရေနပါတယ္။ ဒါေပမဲ႔ ႏိုင္ပြဲမျဖစ္မေန ရဖို႔လိုေနျပီး ဘာေနဗ်ဴးမွာလည္း ျဖစ္ေနတာေၾကာင္႔ အႏိုင္ရလဒ္အတြက္ ရီၤးယဲလ္အသင္းကိုပဲေရြးရမွာပါ။ ရီၤးယဲလ္အသင္းရဲ႕ ေပါက္ကြဲအားကိုျမင္ေတြ႕ရဖို႔ရိွေနျပီး ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲကို ျမင္ေတြ႕ရႏိုင္ပါတယ္။

ဗလင္စီယာ – လီဟာနက္စ္ ( စေနည ၈း၄၅ နာရီ )

ႏွစ္သင္းလံုးရဲ႕ လက္ရိွအေနအထားအရ သေရက်ဖို႔မ်ားေနျပီး ဗလင္စီယာႏိုင္ရင္လည္း ကပ္ႏိုင္႐ံုေလာက္ပါပဲ။

ဗီလာရီးယဲလ္ – အက္သလက္တီကို ( စေနည ၁၁း၀၀ နာရီ )

Villarreal-Vs-Atlético-Madrid

Villarreal-Vs-Atlético-Madrid

ဗီလာရီးယဲလ္ရဲ႕ လက္ရိွေျခစြမ္းက က်ဆင္းေနျပီး အက္သလက္တီကိုကေတာ႔ ပံုစံေကာင္းကို ျပန္ရေနပါျပီ။ ဗီလာရီးယဲလ္ကြင္းျဖစ္ေနတာေၾကာင္႔ အက္သလက္တီကိုအေနနဲ႔ အႏိုင္ရဖို႔ေတာ႔ ေတာ္ေတာ္ကိုၾကိဳးစားရမွာပါ။ အက္သလက္တီကို သေရနဲ႔ အႏိုင္ပါပဲ။

ဘာစီလိုနာ – ဆီဗီလာ ( တနဂၤေႏြမနက္ ၁း၁၅ နာရီ )

Messi

Messi

ဒီႏွစ္သင္းရဲ႕ လက္ရိွအေနအထားက ေျပာင္းျပန္ျဖစ္ေနပါတယ္။ ဘာစီလိုနာက လာလီဂါေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားျပီး ဆီဗီလာကေတာ႔ လာလီဂါေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲရရိွထားပါတယ္။ ဆီဗီလာရဲ႕ လက္ရိွေျခစြမ္းဟာ ဘာစီလိုနာကို ေကာင္းေကာင္းၾကီးဒုကၡေပးႏိုင္ပါတယ္။ ဒါေပမဲ႔ ထံုးစံအတိုင္း ဒီပြဲမွာလည္း မက္ဆီ Messi ဟာ ေမွာ္၀င္ေျခစြမ္းေတြနဲ႔ အသင္းကို ကယ္တင္ဦးမယ္လို႔ ထင္ပါတယ္။ ဘာစီလိုနာ ႏိုင္ပြဲရပါလိမ္႔မယ္။

Photo: 10z Soccer , Goal.com , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အကြိတ်အနယ်ရှိနိုင်တဲ့ ပွဲကောင်းတွေပါဝင်နေတဲ့ လာလီဂါ ပွဲစဉ်(၉)

ဒီတစ်ပတ်ရဲ့ လာလီဂါ ပွဲစဉ်(၉)မှာတော့ အကြိတ်အနယ်ရှိနိုင်တဲ့ ပွဲကောင်းတွေပါဝင်နေပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာလည်း နိုင်ပွဲမဖြစ်မနေရှာဖွေရတော့မယ့် အချိန်ကိုရောက်လာခဲ့ပါပြီ။

ရီၤးယဲလ်မက်ဒရစ် – လီဗန်တေး ( စနေညနေ ၅း၃၀ နာရီ )

Real-Madrid

Real-Madrid

နည်းပြလိုပယ်တက်ဂီ Julen Lopetegui အနေနဲ့ သူ့ရဲ့ အနာဂတ်အသင်းမှာ ဆက်ရှိဖို့အတွက် နိုင်ပွဲမဖြစ်မနေ ရှာဖွေပေးရတော့မှာပါ။ လက်ရှိ ရီးယဲလ်ရဲ့ အနေအထားဟာဆိုးရွားနေပေမယ့် လီဗန်တေးကတော့ လာလီဂါ(၂)ပွဲဆက် အနိုင်ရထားပြီး ပုံစံကောင်းရနေပါတယ်။ ဒါပေမဲ့ နိုင်ပွဲမဖြစ်မနေ ရဖို့လိုနေပြီး ဘာနေဗျူးမှာလည်း ဖြစ်နေတာကြောင့် အနိုင်ရလဒ်အတွက် ရီၤးယဲလ်အသင်းကိုပဲရွေးရမှာပါ။ ရီၤးယဲလ်အသင်းရဲ့ ပေါက်ကွဲအားကိုမြင်တွေ့ရဖို့ရှိနေပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို မြင်တွေ့ရနိုင်ပါတယ်။

ဗလင်စီယာ – လီဟာနက်စ် ( စနေည ၈း၄၅ နာရီ )

နှစ်သင်းလုံးရဲ့ လက်ရှိအနေအထားအရ သရေကျဖို့များနေပြီး ဗလင်စီယာနိုင်ရင်လည်း ကပ်နိုင်ရုံလောက်ပါပဲ။

ဗီလာရီးယဲလ် – အက်သလက်တီကို ( စနေည ၁၁း၀၀ နာရီ )

Villarreal-Vs-Atlético-Madrid

Villarreal-Vs-Atlético-Madrid

ဗီလာရီးယဲလ်ရဲ့ လက်ရှိခြေစွမ်းက ကျဆင်းနေပြီး အက်သလက်တီကိုကတော့ ပုံစံကောင်းကို ပြန်ရနေပါပြီ။ ဗီလာရီးယဲလ်ကွင်းဖြစ်နေတာကြောင့် အက်သလက်တီကိုအနေနဲ့ အနိုင်ရဖို့တော့ တော်တော်ကိုကြိုးစားရမှာပါ။ အက်သလက်တီကို သရေနဲ့ အနိုင်ပါပဲ။

ဘာစီလိုနာ – ဆီဗီလာ ( တနင်္ဂနွေမနက် ၁း၁၅ နာရီ )

Messi

Messi

ဒီနှစ်သင်းရဲ့ လက်ရှိအနေအထားက ပြောင်းပြန်ဖြစ်နေပါတယ်။ ဘာစီလိုနာက လာလီဂါနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ဆီဗီလာကတော့ လာလီဂါနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲရရှိထားပါတယ်။ ဆီဗီလာရဲ့ လက်ရှိခြေစွမ်းဟာ ဘာစီလိုနာကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ဒီပွဲမှာလည်း မက်ဆီ Messi ဟာ မှော်ဝင်ခြေစွမ်းတွေနဲ့ အသင်းကို ကယ်တင်ဦးမယ်လို့ ထင်ပါတယ်။ ဘာစီလိုနာ နိုင်ပွဲရပါလိမ့်မယ်။

Photo: 10z Soccer , Goal.com , Evening Standard
Ko Kyue(Akhayar)
www.akhayar.com