[Zawgyi]

လာလီဂါ(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔တဲ႔ ဘာစီလိုနာ

လာလီဂါမွာေတာ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ဟာ အျပိဳင္အဆိုင္ရမွတ္ေတြဆံုး႐ံႈးေနၾကပါတယ္။ ရီးယဲလ္အသင္းရဲ႕ ေျခေခ်ာ္မႈကို ဘာစီလိုနာအသင္းဟာ အခြင္႔အေရးမယူႏိုင္ခဲ႔ဘဲ ဗလင္စီယာအသင္းကို သေရသာကစားႏိုင္ခဲ႔ပါတယ္။

Valencia-1-1-Barcelona

Valencia-1-1-Barcelona

ဗလင္စီယာ ၁ – ၁ ဘာစီလိုနာ

လာလီဂါပြဲစဥ္(၈)ရဲ႕ ဗလင္စီယာနဲ႔ ဘာစီလိုနာပြဲစဥ္ကေတာ႔ တစ္ဖက္ကို(၁)ဂိုးစီနဲ႔ သေရရလဒ္ထြက္ေပၚခဲ႔ပါတယ္။ ဘာစီလိုနာအသင္းဟာလည္း ဗလင္စီယာကြင္းမွာ ႐ုန္းကန္ရတယ္ဆိုတဲ႔ အစဥ္အလာကို ဆက္ထိန္းခဲ႔တယ္လို႔ပဲ ေျပာရမွာပါ။ ႏွစ္သင္းလံုးဟာ အေတာင္႔တင္းဆံုးလူစာရင္းေတြနဲ႔ ပြဲထြက္လာခဲ႔ၾကျပီး ဗလင္စီယာတိုက္စစ္ကို ဘတ္႐ႈ၀ါရီ Batshuayi နဲ႔ ဂါမဲ႐ိုး Gameiro ၊ ဘာစီလိုနာတိုက္စစ္ကိုေတာ႔ မက္ဆီ Messi နဲ႔ ဆြာရက္ဇ္ Suárez တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။ အဖြင္႔ဂိုးကိုေတာ႔ ဗလင္စီယာအသင္းက စတင္ရရိွခဲ႔တာျဖစ္ျပီး ပြဲခ်ိန္(၂)မိနစ္မွာ ဂါေရး Garay ကေထာင္႔ကန္ေဘာကေန ရရိွခဲ႔တဲ႔ အခြင္႔အေရးကို ပိတ္သြင္းယူခဲ႔တာပါ။

Messi

Messi

ဘာစီလိုနာအသင္းအတြက္ ေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၂၃)မိနစ္မွာ မက္ဆီက ဂိုးဧရိယာအျပင္ကေန အေကာင္းဆံုးကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ဗလင္စီယာအသင္းကို ေဘာလံုးပိုင္ဆိုင္မႈအသာစီးရယူျပီး ကစားႏိုင္ခဲ႔ေပမယ္႔ လိုအပ္တဲ႔ႏိုင္ပြဲကိုေတာ႔ ရယူႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။ လက္ရိွမွာေတာ႔ ဘာစီလိုနာအသင္းကို မက္ဆီက ထမ္းပိုးထားရတယ္လို႔ ေျပာရမွာျဖစ္ျပီး သူတစ္ေယာက္ထဲနဲ႔ အရာရာအားလံုးကို လုပ္ေနသလိုျဖစ္ေနပါတယ္။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါ(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဘာစီလိုနာ

လာလီဂါမှာတော့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ အပြိုင်အဆိုင်ရမှတ်တွေဆုံးရှုံးနေကြပါတယ်။ ရီးယဲလ်အသင်းရဲ့ ခြေချော်မှုကို ဘာစီလိုနာအသင်းဟာ အခွင့်အရေးမယူနိုင်ခဲ့ဘဲ ဗလင်စီယာအသင်းကို သရေသာကစားနိုင်ခဲ့ပါတယ်။

Valencia-1-1-Barcelona

Valencia-1-1-Barcelona

ဗလင်စီယာ ၁ – ၁ ဘာစီလိုနာ

လာလီဂါပွဲစဉ်(၈)ရဲ့ ဗလင်စီယာနဲ့ ဘာစီလိုနာပွဲစဉ်ကတော့ တစ်ဖက်ကို(၁)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာလည်း ဗလင်စီယာကွင်းမှာ ရုန်းကန်ရတယ်ဆိုတဲ့ အစဉ်အလာကို ဆက်ထိန်းခဲ့တယ်လို့ပဲ ပြောရမှာပါ။ နှစ်သင်းလုံးဟာ အတောင့်တင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး ဗလင်စီယာတိုက်စစ်ကို ဘတ်ရှုဝါရီ Batshuayi နဲ့ ဂါမဲရိုး Gameiro ၊ ဘာစီလိုနာတိုက်စစ်ကိုတော့ မက်ဆီ Messi နဲ့ ဆွာရက်ဇ် Suárez တို့ကဦးဆောင်လာခဲ့ကြပါတယ်။ အဖွင့်ဂိုးကိုတော့ ဗလင်စီယာအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန်(၂)မိနစ်မှာ ဂါရေး Garay ကထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ပိတ်သွင်းယူခဲ့တာပါ။

Messi

Messi

ဘာစီလိုနာအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၂၃)မိနစ်မှာ မက်ဆီက ဂိုးဧရိယာအပြင်ကနေ အကောင်းဆုံးကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့နိုင်ပွဲကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းကို မက်ဆီက ထမ်းပိုးထားရတယ်လို့ ပြောရမှာဖြစ်ပြီး သူတစ်ယောက်ထဲနဲ့ အရာရာအားလုံးကို လုပ်နေသလိုဖြစ်နေပါတယ်။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com