[Zawgyi]

လာလီဂါပြဲစဥ္(၁၃)မွာ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ၾကတဲ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာ

လာလီဂါပြဲစဥ္(၁၃)မွာေတာ႔ အသင္းၾကီးေတြျဖစ္ၾကတဲ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ၾကပါတယ္။ ရီးယဲလ္အသင္းဟာ အေ၀းကြင္းမွာ အီဘာကို ( ၃ – ၀ )နဲ႔ ရံႈးနိမ္႔ခဲ႔တာျဖစ္ျပီး ဘာစီလိုနာအသင္းကေတာ႔ အက္သလက္တီကိုနဲ႔ တစ္ဂိုးစီသေရက်ခဲ႔ပါတယ္။

အီဘာ ၃ – ၀ ရီးယဲလ္မက္ဒရစ္

Eibar-3-0-Real-Madrid

Eibar-3-0-Real-Madrid

အိမ္ကြင္းေျခစြမ္းေကာင္းမြန္တဲ႔ အီဘာအသင္းဟာ ရီးယဲလ္အသင္းကို မာေက်ာတဲ႔ ေျခစြမ္းေတြနဲ႔ အေကာင္းဆံုးတုန္႔ျပန္ကစားခဲ႔ပါတယ္။ ဒဏ္ရာျပႆနာေတြရိွေနေပမယ္႔ ရီးယဲလ္အသင္းဟာလည္း အေကာင္းဆံုးလူစာရင္းနဲ႔ ပြဲထြက္ခဲ႔တာပါ။ ႏွစ္သင္းလံုးဟာ အခြင္႔အေရးကိုယ္စီရရိွခဲ႔ၾကျပီး အသံုးခ်ႏိုင္ခဲ႔တဲ႔အသင္းက အႏိုင္ရရိွခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၁၆)မိနစ္မွာေတာ႔ အီဘာအသင္း ဦးေဆာင္ဂိုးစရခဲ႔ျပီး ရီးယဲလ္ဂိုးေရွ႕မွာ ရႈပ္ယွက္ခက္ေနတဲ႔ အေနအထားကေန Escalante ကသြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၅၂)မိနစ္မွာေတာ႔ အီဘာအသင္းဟာ ဒုတိယဂိုးရရိွခဲ႔ျပီး Sergi Enrich က ရရိွလာတဲ႔ အခြင္႔အေရးကို အပိုင္ကန္သြင္းခဲ႔တာပါ။ ပြဲခ်ိန္(၅၇)မိနစ္မွာ အီဘာအသင္းတတိယဂိုးရရိွခဲ႔ျပီး Kike ကသြင္းယူခဲ႔ပါတယ္။ ဒီပြဲမွာ ရီးယဲလ္အသင္းရဲ႕ ခံစစ္ပိုင္းအားနည္းခ်က္ေတြျမင္ေတြ႕ခဲ႔ရျပီး အီဘာအသင္းသာ ဂိုးသြင္းေသခ်ာခဲ႔ရင္ အခုထက္ပိုျပီး ဂိုးျပတ္သြားႏိုင္ပါတယ္။

အက္သလက္တီကို ၁ – ၁ ဘာစီလိုနာ

Dembele-Score

Dembele-Score

ဒီပြဲဟာ ဘာစီလိုနာအသင္းအတြက္ ကံေကာင္းခဲ႔တဲ႔ ပြဲစဥ္ျဖစ္ခဲ႔ျပီး ဒီပြဲရလဒ္ေၾကာင္႔လည္း ဘာစီလိုနာအသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ပါတယ္။ ဘာစီလိုနာအသင္းကေတာ႔ ေဘာလံုးပိုင္ဆိုင္မႈ အသာစီးယူကစားခဲ႔ျပီး အက္သလက္တီကိုအသင္းကေတာ႔ ထံုးစံအတိုင္းၾကံခိုင္မႈ အသားေပးကစားခဲ႔သလို တိုက္စစ္ပိုင္းမွာေတာ႔ ဒီေယဂိုေကာ္စတာ Diego Costa ရဲ႕တိုးအားေတြကို အဓိကထားခဲ႔ပါတယ္။ ဒီပြဲရဲ႕ သြင္းဂိုးေတြကိုေတာ႔ ပြြဲျပီးခါနီးမွာ ျမင္ေတြ႕ခဲ႔ရတာျဖစ္ျပီး အက္သလက္တီကိုအသင္းအတြက္ ဂိုးကိုေတာ႔ ပြဲခ်ိန္(၇၇)မိနစ္မွာ ဒီေယဂိုေကာ္စတာ ကေထာင္႔ကန္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္မိနစ္(၉၀)မွာေတာ႔ ဘာစီလိုနာအသင္းေခ်ပဂိုးရရိွခဲ႔ျပီး မက္ဆီ Messi ခင္းေပးလိုက္တဲ႔ ေဘာလံုးကို ဒမ္ဘီလီ Dembélé ကအေကာင္းဆံုးကန္သြင္း အဆံုးသတ္ခဲ႔တာျဖစ္ပါတယ္။

လာလီဂါပြဲစဥ္(၁၃) ရလဒ္မ်ား

Leganés 1 – 0 Deportivo Alavés
Eibar 3 – 0 Real Madrid
Valencia 3 – 0 Rayo Vallecano
Huesca 2 – 2 Levante
Atlético Madrid 1 – 1 Barcelona

Photo: Tech2.org , The Samford Crimson 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါပွဲစဉ်(၁၃)မှာ နိုင်ပွဲပျောက်ဆုံးခဲ့ကြတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာ

လာလီဂါပွဲစဉ်(၁၃)မှာတော့ အသင်းကြီးတွေဖြစ်ကြတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ နိုင်ပွဲပျောက်ဆုံးခဲ့ကြပါတယ်။ ရီးယဲလ်အသင်းဟာ အဝေးကွင်းမှာ အီဘာကို ( ၃ – ၀ )နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ အက်သလက်တီကိုနဲ့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။

အီဘာ ၃ – ၀ ရီးယဲလ်မက်ဒရစ်

Eibar-3-0-Real-Madrid

Eibar-3-0-Real-Madrid

အိမ်ကွင်းခြေစွမ်းကောင်းမွန်တဲ့ အီဘာအသင်းဟာ ရီးယဲလ်အသင်းကို မာကျောတဲ့ ခြေစွမ်းတွေနဲ့ အကောင်းဆုံးတုန့်ပြန်ကစားခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ရီးယဲလ်အသင်းဟာလည်း အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့တာပါ။ နှစ်သင်းလုံးဟာ အခွင့်အရေးကိုယ်စီရရှိခဲ့ကြပြီး အသုံးချနိုင်ခဲ့တဲ့အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၁၆)မိနစ်မှာတော့ အီဘာအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး ရီးယဲလ်ဂိုးရှေ့မှာ ရှုပ်ယှက်ခက်နေတဲ့ အနေအထားကနေ Escalante ကသွင်းယူခဲ့တာပါ။ ပွဲချိန်(၅၂)မိနစ်မှာတော့ အီဘာအသင်းဟာ ဒုတိယဂိုးရရှိခဲ့ပြီး Sergi Enrich က ရရှိလာတဲ့ အခွင့်အရေးကို အပိုင်ကန်သွင်းခဲ့တာပါ။ ပွဲချိန်(၅၇)မိနစ်မှာ အီဘာအသင်းတတိယဂိုးရရှိခဲ့ပြီး Kike ကသွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်အသင်းရဲ့ ခံစစ်ပိုင်းအားနည်းချက်တွေမြင်တွေ့ခဲ့ရပြီး အီဘာအသင်းသာ ဂိုးသွင်းသေချာခဲ့ရင် အခုထက်ပိုပြီး ဂိုးပြတ်သွားနိုင်ပါတယ်။

အက်သလက်တီကို ၁ – ၁ ဘာစီလိုနာ

Dembele-Score

Dembele-Score

ဒီပွဲဟာ ဘာစီလိုနာအသင်းအတွက် ကံကောင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး ဒီပွဲရလဒ်ကြောင့်လည်း ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားခဲ့ပြီး အက်သလက်တီကိုအသင်းကတော့ ထုံးစံအတိုင်းကြံခိုင်မှု အသားပေးကစားခဲ့သလို တိုက်စစ်ပိုင်းမှာတော့ ဒီယေဂိုကော်စတာ Diego Costa ရဲ့တိုးအားတွေကို အဓိကထားခဲ့ပါတယ်။ ဒီပွဲရဲ့ သွင်းဂိုးတွေကိုတော့ ပွဲပြီးခါနီးမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး အက်သလက်တီကိုအသင်းအတွက် ဂိုးကိုတော့ ပွဲချိန်(၇၇)မိနစ်မှာ ဒီယေဂိုကော်စတာ ကထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပွဲချိန်မိနစ်(၉၀)မှာတော့ ဘာစီလိုနာအသင်းချေပဂိုးရရှိခဲ့ပြီး မက်ဆီ Messi ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒမ်ဘီလီ Dembélé ကအကောင်းဆုံးကန်သွင်း အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

လာလီဂါပွဲစဉ်(၁၃) ရလဒ်များ

Leganés 1 – 0 Deportivo Alavés
Eibar 3 – 0 Real Madrid
Valencia 3 – 0 Rayo Vallecano
Huesca 2 – 2 Levante
Atlético Madrid 1 – 1 Barcelona

Photo: Tech2.org , The Samford Crimson 
Ko Kyue(Akhayar)
www.akhayar.com