[Zawgyi]

အက္သလက္တီကို နဲ႔ ဘာစီလိုနာပြဲစဥ္မွာ ဘယ္အသင္းအသာရသြားမလဲ

ဒီတစ္ပတ္ရဲ႕ လာလီဂါပြဲစဥ္(၁၃) မွာေတာ႔ ပြဲၾကီးပြဲေကာင္းအျဖစ္ အက္သလက္တီကို – ဘာစီလိုနာ ပြဲစဥ္ရိွေနသလို လက္ရိွမွာရလဒ္ေကာင္းေတြ ဆက္တိုက္ပိုင္ဆိုင္ထားတဲ႔ ရီးယဲလ္မက္ဒရစ္အသင္းဟာလည္း အေ၀းကြင္းမွာ အီဘာအသင္းနဲ႔ ကစားရမွာျဖစ္တာေၾကာင္႔ ဘယ္လို ရလဒ္ေတြထြက္ေပၚလာမလဲ ဆိုတာစိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

အီဘာ – ရီးယဲလ္မက္ဒရစ္ ( စေနညေန ၆း၃၀ နာရီ )

Real-Madrid

Real-Madrid

ရီးယဲလ္နည္းျပ ဆိုလာရီ Solari အေနနဲ႔ ေျခစြမ္းမာေက်ာတဲ႔ အီဘာအသင္းကို ဘယ္လို ေက်ာ္ျဖတ္ျပမလဲဆိုတာ စိတ္၀င္စားစရာပါ။ လက္ရိွမွာ ရီးယဲလ္အသင္းဟာ ေျခစြမ္းတက္လာျပီး ရလဒ္ေတြေကာင္းေနေပမယ္႔ အခုထက္ပိုျပီး တည္ျငိမ္ဖို႔ ေတာ႔ လိုအပ္ေနပါတယ္။ အီဘာအသင္းဟာ အိမ္ကြင္းေျခစြမ္းေကာင္းတဲ႔ အသင္းျဖစ္ျပီး အိမ္ကြင္းမွာ ရမွတ္ရယူႏိုင္စြမ္းျမင္႔တာေၾကာင္႔ ရီးယဲလ္အသင္းကို ဒုကၡေပးႏိုင္စြမ္းရိွပါတယ္။ ရီးယဲလ္အသင္းဟာ ဒီပြဲျပီးရင္ ခ်န္ပီယံလိဂ္ကစားဖို႔ရိွေနတာေၾကာင္႔ လူခ်န္ကစားလာႏိုင္တာေၾကာင္႔ မထင္မွတ္ဘဲ သေရက်သြားႏိုင္ျပီး ရီးယဲလ္ႏိုင္ရင္ေတာင္ ဂိုးမျပတ္ႏိုင္ပါဘူး။

အက္သလက္တီကို – ဘာစီလိုနာ ( တနဂၤေႏြ မနက္ ၂း၁၅ နာရီ )

Atlético-Madrid-Vs-Barcelona

Atlético-Madrid-Vs-Barcelona

အဆင္႔(၁)နဲ႔ အဆင္႔(၃)အသင္းေတြရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈျဖစ္ျပီး ႏွစ္သင္းၾကားရမွတ္ကြာဟမႈဟာ တစ္မွတ္သာရိွတာေၾကာင္႔ ဒီပြဲဟာ ျပိဳင္ဆိုင္မႈျပင္းထန္မွာကေတာ႔ ေသခ်ာပါတယ္။ ႏွစ္သင္းလံုးရဲ႕ အဓိကကစားသမားအမ်ားစုဟာလည္း ဒဏ္ရာနဲ႔ပြဲပယ္ ျပႆနာေတြရိွေနတာေၾကာင္႔ ဘယ္လိုလူစာရင္း အခင္းအက်င္းေတြနဲ႔ ပြဲထြက္လာမလဲဆိုတာ စိတ္၀င္စားစရာပါ။ အက္သလက္တီကို ရဲ႕လက္ရိွေျခစြမ္းဟာ ပံုစံေကာင္းမွာရိွေနေပမယ္႔ ဘာစီလိုနာအသင္းကေတာ႔ ျပိဳင္ပြဲစံုေနာက္ဆံုး(၂)ပြဲဆက္ ရံႈးနိမ္႕ထားတာေၾကာင္႔ အက္သလက္တီကိုကြင္းမွာ ရလဒ္ေကာင္းဖို႔ဆိုတာ သိပ္ေတာ႔မလြယ္ပါဘူး။ ဒီပြဲဟာ အရင္ပြဲေတြတုန္းကလိုမ်ိဳး ဘာစီလိုနာက ပြဲကိုစီးထားျပီး အက္သလက္တီကို ကတန္ျပန္တိုက္စစ္ကို အဓိကထားျပီး ကစားတဲ႔ပြဲမ်ိဳးပဲျဖစ္လာမွာပါ။ လက္ရိွအေနအထားေတြအရ အက္သလက္တီကို ကို ဘာစီလိုနာ ႏိုင္ဖို႔ သိပ္မလြယ္တာေၾကာင္႔ သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တတဲ႔ ရလဒ္တစ္ခုပါပဲ။

Photo: FC Barcelona , Futaa 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အက်သလက်တီကို နဲ့ ဘာစီလိုနာပွဲစဉ်မှာ ဘယ်အသင်းအသာရသွားမလဲ

ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၁၃) မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အက်သလက်တီကို – ဘာစီလိုနာ ပွဲစဉ်ရှိနေသလို လက်ရှိမှာရလဒ်ကောင်းတွေ ဆက်တိုက်ပိုင်ဆိုင်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း အဝေးကွင်းမှာ အီဘာအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် ဘယ်လို ရလဒ်တွေထွက်ပေါ်လာမလဲ ဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အီဘာ – ရီးယဲလ်မက်ဒရစ် ( စနေညနေ ၆း၃၀ နာရီ )

Real-Madrid

Real-Madrid

ရီးယဲလ်နည်းပြ ဆိုလာရီ Solari အနေနဲ့ ခြေစွမ်းမာကျောတဲ့ အီဘာအသင်းကို ဘယ်လို ကျော်ဖြတ်ပြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိမှာ ရီးယဲလ်အသင်းဟာ ခြေစွမ်းတက်လာပြီး ရလဒ်တွေကောင်းနေပေမယ့် အခုထက်ပိုပြီး တည်ငြိမ်ဖို့ တော့ လိုအပ်နေပါတယ်။ အီဘာအသင်းဟာ အိမ်ကွင်းခြေစွမ်းကောင်းတဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းမှာ ရမှတ်ရယူနိုင်စွမ်းမြင့်တာကြောင့် ရီးယဲလ်အသင်းကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ရီးယဲလ်အသင်းဟာ ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် လူချန်ကစားလာနိုင်တာကြောင့် မထင်မှတ်ဘဲ သရေကျသွားနိုင်ပြီး ရီးယဲလ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

အက်သလက်တီကို – ဘာစီလိုနာ ( တနင်္ဂနွေ မနက် ၂း၁၅ နာရီ )

Atlético-Madrid-Vs-Barcelona

Atlético-Madrid-Vs-Barcelona

အဆင့်(၁)နဲ့ အဆင့်(၃)အသင်းတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းကြားရမှတ်ကွာဟမှုဟာ တစ်မှတ်သာရှိတာကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်မှာကတော့ သေချာပါတယ်။ နှစ်သင်းလုံးရဲ့ အဓိကကစားသမားအများစုဟာလည်း ဒဏ်ရာနဲ့ပွဲပယ် ပြဿနာတွေရှိနေတာကြောင့် ဘယ်လိုလူစာရင်း အခင်းအကျင်းတွေနဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အက်သလက်တီကို ရဲ့လက်ရှိခြေစွမ်းဟာ ပုံစံကောင်းမှာရှိနေပေမယ့် ဘာစီလိုနာအသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၂)ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် အက်သလက်တီကိုကွင်းမှာ ရလဒ်ကောင်းဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒီပွဲဟာ အရင်ပွဲတွေတုန်းကလိုမျိုး ဘာစီလိုနာက ပွဲကိုစီးထားပြီး အက်သလက်တီကို ကတန်ပြန်တိုက်စစ်ကို အဓိကထားပြီး ကစားတဲ့ပွဲမျိုးပဲဖြစ်လာမှာပါ။ လက်ရှိအနေအထားတွေအရ အက်သလက်တီကို ကို ဘာစီလိုနာ နိုင်ဖို့ သိပ်မလွယ်တာကြောင့် သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတတဲ့ ရလဒ်တစ်ခုပါပဲ။

Photo: FC Barcelona , Futaa 
Ko Kyue(Akhayar)
www.akhayar.com