[Zawgyi]

လာလီဂါပြဲစဥ္(၁၂)မွာ အသင္းၾကီးေတြ ရလဒ္ေကာင္းရယူႏိုင္မလား

ဒီတစ္ပတ္ရဲ႕ လာလီဂါပြဲစဥ္(၁၂)မွာ အသင္းၾကီးေတြ ရလဒ္ေကာင္းရယူႏိုင္မလား ဆိုတာစိတ္၀င္စားစရာပါ။ ဘာစီလိုနာအသင္းဟာ ဘက္တစ္အသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္သလို ရီးယဲလ္အသင္းကေတာ႔ အေ၀းကြင္းမွာ ဆယ္လ္တာဗီဂိုအသင္းနဲ႔ ယွဥ္ျပိဳင္ကစားသြားမွာပဲျဖစ္ပါတယ္။

ဘာစီလိုနာ – ဘက္တစ္ ( တနဂၤေႏြ ည ၉း၄၅ နာရီ )

Barcelona

Barcelona

ဒီပြဲကို ဘာစီလိုနာအသင္းမွာ ေကာ္တင္ဟို Coutinho လြဲေခ်ာ္မွာျဖစ္ေပမယ္႔ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး မက္ဆီ Messi ကေတာ႔ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။ လက္ရိွဒီႏွစ္သင္းရဲ႕ အေျခအေနအရ ဘက္တစ္အေနနဲ႔ ဘာစီလိုနာကို ယွဥ္ကစားဖို႔ဆိုတာမျဖစ္ႏိုင္ဘဲ ဂိုးမ်ားမ်ားမေပးရေအာင္သာ အဓိကထားကစားရမွာပါ။ လာလီဂါေနာက္ဆံုုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားတဲ႔ ဘက္တစ္ ရလဒ္ထပ္ဆိုးဦးမယ္႔ ပြဲပါပဲ။ ႏူးကမ္႔မွာ ဘာစီလိုနာအသင္းရဲ႕ ဂိုးေတြကို ေရတြက္ရမွာျဖစ္ျပီး ဘာစီလိုနာ အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

ဆယ္လ္တာဗီဂို – ရီးယဲလ္မက္ဒရစ္ ( တနလၤာမနက္ ၂း၁၅ နာရီ )

Real-Madrid

Real-Madrid

ရီးယဲလ္ယာယီနည္းျပ ဆိုလာရီ Solari ဘာလုပ္ျပမလဲဆိုတာ ထပ္ျပီးေစာင္႔ၾကည္႔ရမယ္႔ ပြဲပါပဲ။ ဆယ္လ္တာဗီဂိုအသင္းက မာေက်ာမႈရိွတဲ႔ အသင္းဆိုေပမယ္႔ ေနာက္ပိုင္းပြဲေတြမွာ ခံစစ္ပိုင္းအားနည္းမႈေတြရိွေနပါတယ္။ ရီးယဲလ္အသင္းဟာလည္း အခုေနာက္ပိုင္းမွာ ႏိုင္သင္႔ႏိုင္ထိုက္တဲ႔ ပြဲေတြကို အႏိုင္ကစားထားေပမယ္႔ ေျခစြမ္းကေတာ႔ ထင္သေလာက္ အားရစရာမရိွေသးပါဘူး။ ဆယ္လ္တာဗီဂိုကြင္းမွာေတာ႔ ရီးယဲလ္အႏိုင္ရဖို႔ ခက္ခဲႏိုင္ျပီး ဂိုးမ်ားမ်ားနဲ႔ သေရက်သြားႏိုင္ပါတယ္။

Photo: AS English – Diario AS , Chicago Tribune , TSJ101 Sports!
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါပွဲစဉ်(၁၂)မှာ အသင်းကြီးတွေ ရလဒ်ကောင်းရယူနိုင်မလား

ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၁၂)မှာ အသင်းကြီးတွေ ရလဒ်ကောင်းရယူနိုင်မလား ဆိုတာစိတ်ဝင်စားစရာပါ။ ဘာစီလိုနာအသင်းဟာ ဘက်တစ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်သလို ရီးယဲလ်အသင်းကတော့ အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။

ဘာစီလိုနာ – ဘက်တစ် ( တနင်္ဂနွေ ည ၉း၄၅ နာရီ )

Barcelona

Barcelona

ဒီပွဲကို ဘာစီလိုနာအသင်းမှာ ကော်တင်ဟို Coutinho လွဲချော်မှာဖြစ်ပေမယ့် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ကတော့ပြန်လည်ပါဝင်လာနိုင်ပါတယ်။ လက်ရှိဒီနှစ်သင်းရဲ့ အခြေအနေအရ ဘက်တစ်အနေနဲ့ ဘာစီလိုနာကို ယှဉ်ကစားဖို့ဆိုတာမဖြစ်နိုင်ဘဲ ဂိုးများများမပေးရအောင်သာ အဓိကထားကစားရမှာပါ။ လာလီဂါနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ဘက်တစ် ရလဒ်ထပ်ဆိုးဦးမယ့် ပွဲပါပဲ။ နူးကမ့်မှာ ဘာစီလိုနာအသင်းရဲ့ ဂိုးတွေကို ရေတွက်ရမှာဖြစ်ပြီး ဘာစီလိုနာ အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

ဆယ်လ်တာဗီဂို – ရီးယဲလ်မက်ဒရစ် ( တနင်္လာမနက် ၂း၁၅ နာရီ )

Real-Madrid

Real-Madrid

ရီးယဲလ်ယာယီနည်းပြ ဆိုလာရီ Solari ဘာလုပ်ပြမလဲဆိုတာ ထပ်ပြီးစောင့်ကြည့်ရမယ့် ပွဲပါပဲ။ ဆယ်လ်တာဗီဂိုအသင်းက မာကျောမှုရှိတဲ့ အသင်းဆိုပေမယ့် နောက်ပိုင်းပွဲတွေမှာ ခံစစ်ပိုင်းအားနည်းမှုတွေရှိနေပါတယ်။ ရီးယဲလ်အသင်းဟာလည်း အခုနောက်ပိုင်းမှာ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင်ကစားထားပေမယ့် ခြေစွမ်းကတော့ ထင်သလောက် အားရစရာမရှိသေးပါဘူး။ ဆယ်လ်တာဗီဂိုကွင်းမှာတော့ ရီးယဲလ်အနိုင်ရဖို့ ခက်ခဲနိုင်ပြီး ဂိုးများများနဲ့ သရေကျသွားနိုင်ပါတယ်။

Photo: AS English – Diario AS , Chicago Tribune , TSJ101 Sports!
Ko Kyue(Akhayar)
www.akhayar.com