[Zawgyi]

ရီးယဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ ႏိုင္ပြဲကိုယ္စီရရိွခဲ႔ၾကတဲ႔ လာလီဂါ ပြဲစဥ္(၁၁)

လာလီဂါ ပြဲစဥ္(၁၁)မွာေတာ႔ ရီးယဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ ႏိုင္ပြဲကိုယ္စီရရိွခဲ႔ၾကပါတယ္။ ဒါေပမယ္႔ ႏွစ္သင္းလံုးဟာ ႏိုင္ပြဲရရိွဖို႔အတြက္ေတာ႔ ခက္ခက္ခဲခဲ ကစားခဲ႔ရပါတယ္။

ရီးယဲလ္မက္ဒရစ္ ၂ – ၀ ဗယ္လာဒ္ိုလစ္

Vinícius

Vinícius

ႏိုင္ပြဲလိုအပ္ေနတဲ႔ အခ်ိန္မွာ ႏိုင္ပြဲျပန္ရခဲ႔တာက စိတ္ေက်နပ္စရာျဖစ္ခဲ႔ေပမယ္႔ ရီးယဲလ္အသင္းရဲ႕ ေျခစြမ္းကေတာ႔ ထင္သေလာက္အားရစရာမေကာင္းခဲ႔ပါဘူး။ ရီးယဲလ္အသင္းဟာ ဗယ္လာဒ္ိုလစ္အသင္းကို အသာစီးနဲ႔ ကစားႏိုင္ခဲ႔ေပမယ္႔ ဗယ္လာဒ္ိုလစ္ရဲ႕ ကန္သြင္းခ်က္ေတြဟာ ဘားတန္းေတြထိထြက္ခဲ႔တာေၾကာင္႔သာ ရီးယဲလ္အသင္းသက္သာရာရရခဲ႔တာပါ။ ရီးယဲလ္အသင္း အတြက္ ကံေကာင္းျခင္းေတြကေတာ႔ ပြဲခ်ိန္မိနစ္(၈၀)ေက်ာ္မွ စတင္ခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၈၃)မိနစ္မွာေတာ႔ ရီးယဲလ္အသင္းဦးေဆာင္ဂိုးရရိွခဲ႔ျပီး လူစား၀င္တိုက္စစ္မွဴး ဗီနီစီယက္ Vinícius ရဲ႕ ကန္ခ်က္ ဗယ္လာဒ္ိုလစ္ ကစားသမားနဲ႔ထိခဲ႔တာေၾကာင္႔ ေဘာလံုးက လမ္းေၾကာင္းေျပာင္းသြားခဲ႔ျပီး ဂိုး၀င္ခဲ႔တာပါ။ ရီးယဲလ္အသင္းတိုက္စစ္မွဴး ဘန္ဇီမာ Benzema ကို ဗယ္လာဒ္ိုလစ္ အသင္းက တားဆီးပံုၾကမ္းတမ္းခဲ႔လို႔ ရီးယဲလ္အသင္း ပယ္နယ္တီရရိွခဲ႔ပါတယ္။ ဒီပယ္နယ္တီကိုေတာ႔ ပြဲခ်ိန္(၈၈)မိနစ္မွာ အသင္းေခါင္းေဆာင္ ရာမို႔စ္ Ramos က အမွားအယြင္းမရိွ လွလွပပ ကန္သြင္းယူခဲ႔ပါတယ္။

ဗယ္လီကာႏို ၂ – ၃ ဘာစီလိုနာ

Barcelona

Barcelona

ဘာစီလိုနာအသင္းဟာ ႏိုင္ပြဲရရိွခဲ႔ေပမယ္႔ ဗယ္လီကာႏိုအသင္းရဲ႕ အေကာင္းဆံုးတုန္႔ျပန္အားေၾကာင္႔ ခက္ခက္ခဲခဲကစားခဲ႔ရပါတယ္။ ပြဲဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ျမိဳင္ဆိုင္ခဲ႔ျပီး ၾကည္႔ေကာင္းခဲ႔ပါတယ္။ ဒီပြဲမွာႏွစ္သင္းလံုးဟာ ခံစစ္ပိုင္းအားနည္းခ်က္ေတြရိွခဲ႔တာေၾကာင္႔လည္း အခုလိုသြင္းဂိုးေတြမ်ားခဲ႔တာပါ။ ဒီပြဲမွာလည္း ဆြာရက္ဇ္ Suárez ဟာ ဘာစီလိုနာအသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ႔ျပီး (၂)ဂိုးသြင္းယူေပးခဲ႔သလို အသင္းအတြက္ အဖိုးတန္ အႏိုင္ဂိုးကိုလည္း ပြဲျပီးခါနီးမွာ သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။ ဗယ္လီကာႏိုအသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၃၅)မိနစ္ နဲ႔ (၅၇)မိနစ္ေတြမွာ Pozo နဲ႔ García တို႔ကသြင္းယူေပးခဲ႔ၾကပါတယ္။ ဘာစီလိုနာအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၁၁)မိနစ္နဲ႔ (၉၀)မိနစ္ေတြမွာ ဆြာရက္ဇ္ ၊ ပြဲခ်ိန္(၈၇)မိနစ္မွာ ဒမ္ဘီလီ Dembélé တို႔ကသြင္းယူေပးခဲ႔ၾကပါတယ္။

လာလီဂါ ပြဲစဥ္(၁၁)ရလဒ္မ်ား

Leganés 1 – 1 Atlético Madrid
Real Madrid 2 – 0 Real Valladolid
Valencia 0 – 1 Girona
Rayo Vallecano 2 – 3 Barcelona

Photo: Managing Madrid , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြတဲ့ လာလီဂါ ပွဲစဉ်(၁၁)

လာလီဂါ ပွဲစဉ်(၁၁)မှာတော့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးဟာ နိုင်ပွဲရရှိဖို့အတွက်တော့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

ရီးယဲလ်မက်ဒရစ် ၂ – ၀ ဗယ်လာဒိုလစ်

Vinícius

Vinícius

နိုင်ပွဲလိုအပ်နေတဲ့ အချိန်မှာ နိုင်ပွဲပြန်ရခဲ့တာက စိတ်ကျေနပ်စရာဖြစ်ခဲ့ပေမယ့် ရီးယဲလ်အသင်းရဲ့ ခြေစွမ်းကတော့ ထင်သလောက်အားရစရာမကောင်းခဲ့ပါဘူး။ ရီးယဲလ်အသင်းဟာ ဗယ်လာဒိုလစ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဗယ်လာဒိုလစ်ရဲ့ ကန်သွင်းချက်တွေဟာ ဘားတန်းတွေထိထွက်ခဲ့တာကြောင့်သာ ရီးယဲလ်အသင်းသက်သာရာရရခဲ့တာပါ။ ရီးယဲလ်အသင်း အတွက် ကံကောင်းခြင်းတွေကတော့ ပွဲချိန်မိနစ်(၈၀)ကျော်မှ စတင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၈၃)မိနစ်မှာတော့ ရီးယဲလ်အသင်းဦးဆောင်ဂိုးရရှိခဲ့ပြီး လူစားဝင်တိုက်စစ်မှူး ဗီနီစီယက် Vinícius ရဲ့ ကန်ချက် ဗယ်လာဒိုလစ် ကစားသမားနဲ့ထိခဲ့တာကြောင့် ဘောလုံးက လမ်းကြောင်းပြောင်းသွားခဲ့ပြီး ဂိုးဝင်ခဲ့တာပါ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ Benzema ကို ဗယ်လာဒိုလစ် အသင်းက တားဆီးပုံကြမ်းတမ်းခဲ့လို့ ရီးယဲလ်အသင်း ပယ်နယ်တီရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကိုတော့ ပွဲချိန်(၈၈)မိနစ်မှာ အသင်းခေါင်းဆောင် ရာမို့စ် Ramos က အမှားအယွင်းမရှိ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

ဗယ်လီကာနို ၂ – ၃ ဘာစီလိုနာ

Barcelona

Barcelona

ဘာစီလိုနာအသင်းဟာ နိုင်ပွဲရရှိခဲ့ပေမယ့် ဗယ်လီကာနိုအသင်းရဲ့ အကောင်းဆုံးတုန့်ပြန်အားကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ပွဲဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဒီပွဲမှာနှစ်သင်းလုံးဟာ ခံစစ်ပိုင်းအားနည်းချက်တွေရှိခဲ့တာကြောင့်လည်း အခုလိုသွင်းဂိုးတွေများခဲ့တာပါ။ ဒီပွဲမှာလည်း ဆွာရက်ဇ် Suárez ဟာ ဘာစီလိုနာအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး (၂)ဂိုးသွင်းယူပေးခဲ့သလို အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကိုလည်း ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဗယ်လီကာနိုအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၅)မိနစ် နဲ့ (၅၇)မိနစ်တွေမှာ Pozo နဲ့ García တို့ကသွင်းယူပေးခဲ့ကြပါတယ်။ ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၁၁)မိနစ်နဲ့ (၉၀)မိနစ်တွေမှာ ဆွာရက်ဇ် ၊ ပွဲချိန်(၈၇)မိနစ်မှာ ဒမ်ဘီလီ Dembélé တို့ကသွင်းယူပေးခဲ့ကြပါတယ်။

လာလီဂါ ပွဲစဉ်(၁၁)ရလဒ်များ

Leganés 1 – 1 Atlético Madrid
Real Madrid 2 – 0 Real Valladolid
Valencia 0 – 1 Girona
Rayo Vallecano 2 – 3 Barcelona

Photo: Managing Madrid , Evening Standard
Ko Kyue(Akhayar)
www.akhayar.com