[Zawgyi]

လာလီဂါ ႏိုင္ပြဲမျဖစ္မေန ရွာေဖြဖို႔ လိုအပ္ေနတဲ႔ ရီးယဲလ္မက္ဒရစ္

လာလီဂါ ေနာက္ဆံုး(၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားတဲ႔ ရီးယဲလ္မက္ဒရစ္အသင္း ဟာ ႏိုင္ပြဲမျဖစ္မေန ျပန္ရွာေဖြရေတာ႔မယ္႔ အခ်ိန္ကိုေရာက္လာခဲ႔ပါျပီ။ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ယာယီနည္းျပ ဆိုလာရီ Solari အတြက္လည္း စတင္စမ္းသပ္ခံရမယ္႔ အခ်ိန္လို႔ပဲ ဆိုရမွာပါ။

Solari-And-Ramos

Solari-And-Ramos

ရီးယဲလ္မက္ဒရစ္ – ဗယ္လာဒိုလစ္ ( စေနည ၉း၄၅ နာရီ )

Bale

Bale

ရီးယဲလ္အသင္းအတြက္ ႏိုင္ပြဲမျဖစ္မေန လိုအပ္ေနပါျပီ။ ဒီပြဲမွာ ရီးယဲလ္အသင္း အေနနဲ႔ ဘယ္လိုရလဒ္မ်ိဳးနဲ႔ပဲ ႏိုင္ႏိုင္ ၊ အႏိုင္ရဖို႔က အဓိကလိုေနတာပါ။ ရီးယဲလ္အသင္း ဟာ နည္းျပအေျပာင္းအလဲ လုပ္ရင္ ရလဒ္ေကာင္းတတ္တဲ႔ အစဥ္အလာလည္းရိွတာေၾကာင္႔ ဒီအစဥ္အလာေကာင္းကို ဆက္ထိန္းထားႏိုင္မလားဆိုတာကလည္း စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ ဗယ္လာဒိုလစ္အသင္းရဲ႕ လက္ရိွေျခစြမ္းဟာ အေကာင္းဆံုးမွာရိွေနသလို လာလီဂါေနာက္ဆံုး(၆)ပြဲဆက္ ရံႈးပြဲမရိွကစားထားျပီး ခံစစ္ပိုင္းမာေက်ာမႈအျပည္႔ရိွပါတယ္။ လက္ရိွမွာ ဗယ္လာဒိုလစ္ဟာ ပံုစံေကာင္းမွာရိွေနေပမယ္႔ ရီးယဲလ္အသင္း က ႏိုင္ပြဲရဖို႔ဖိအားပိုမ်ားတဲ႔ အသင္းျဖစ္ျပီး ဘာေနဗ်ဴးလည္းျဖစ္ေနတာေၾကာင္႔ အႏိုင္ရလဒ္အတြက္ ရီးယဲလ္အသင္းကိုပဲ ေရြးခ်ယ္ရမွာပါ။ ရီးယဲလ္ (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပါလိမ္႔မယ္။

ဗယ္လီကာႏို – ဘာစီလိုနာ ( တနဂၤေႏြမနက္ ၂း၁၅ နာရီ )

Barcelona

Barcelona

အမွတ္ေပးဇယားထိပ္ဆံုးေနရာမွာ ဆက္လက္ရပ္တည္ေနဖို႔အတြက္ ဘာစီလိုနာ အႏိုင္ကစားရမယ္႔ပြဲပါပဲ။ ဗယ္လီကာႏိုရဲ႕ လက္ရိွအေနအထားဟာလည္း ဘာစီလိုနာ ကို ယွဥ္ႏိုင္စရာဘာမွမရိွပါဘူး။ ဘာစီလိုနာ အႏိုင္ေသခ်ာေပမယ္႔ ဂိုးျပတ္ႏိုင္ဖို႔ကေတာ႔ ခဲယဥ္းပါလိမ္႔မယ္။

စေနည လာလီဂါပြဲစဥ္(၁၁)ပြဲမ်ား

Leganés Vs Atlético Madrid
Real Madrid Vs Real Valladolid
Valencia Vs Girona
Rayo Vallecano Vs Barcelona

Photo: Radio Prague , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါ နိုင်ပွဲမဖြစ်မနေ ရှာဖွေဖို့ လိုအပ်နေတဲ့ ရီးယဲလ်မက်ဒရစ်

လာလီဂါ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်း ဟာ နိုင်ပွဲမဖြစ်မနေ ပြန်ရှာဖွေရတော့မယ့် အချိန်ကိုရောက်လာခဲ့ပါပြီ။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြ ဆိုလာရီ Solari အတွက်လည်း စတင်စမ်းသပ်ခံရမယ့် အချိန်လို့ပဲ ဆိုရမှာပါ။

Solari-And-Ramos

Solari-And-Ramos

ရီးယဲလ်မက်ဒရစ် – ဗယ်လာဒိုလစ် ( စနေည ၉း၄၅ နာရီ )

Bale

Bale

ရီးယဲလ်အသင်းအတွက် နိုင်ပွဲမဖြစ်မနေ လိုအပ်နေပါပြီ။ ဒီပွဲမှာ ရီးယဲလ်အသင်း အနေနဲ့ ဘယ်လိုရလဒ်မျိုးနဲ့ပဲ နိုင်နိုင် ၊ အနိုင်ရဖို့က အဓိကလိုနေတာပါ။ ရီးယဲလ်အသင်း ဟာ နည်းပြအပြောင်းအလဲ လုပ်ရင် ရလဒ်ကောင်းတတ်တဲ့ အစဉ်အလာလည်းရှိတာကြောင့် ဒီအစဉ်အလာကောင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဗယ်လာဒိုလစ်အသင်းရဲ့ လက်ရှိခြေစွမ်းဟာ အကောင်းဆုံးမှာရှိနေသလို လာလီဂါနောက်ဆုံး(၆)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး ခံစစ်ပိုင်းမာကျောမှုအပြည့်ရှိပါတယ်။ လက်ရှိမှာ ဗယ်လာဒိုလစ်ဟာ ပုံစံကောင်းမှာရှိနေပေမယ့် ရီးယဲလ်အသင်း က နိုင်ပွဲရဖို့ဖိအားပိုများတဲ့ အသင်းဖြစ်ပြီး ဘာနေဗျူးလည်းဖြစ်နေတာကြောင့် အနိုင်ရလဒ်အတွက် ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ရမှာပါ။ ရီးယဲလ် (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပါလိမ့်မယ်။

ဗယ်လီကာနို – ဘာစီလိုနာ ( တနင်္ဂနွေမနက် ၂း၁၅ နာရီ )

Barcelona

Barcelona

အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေဖို့အတွက် ဘာစီလိုနာ အနိုင်ကစားရမယ့်ပွဲပါပဲ။ ဗယ်လီကာနိုရဲ့ လက်ရှိအနေအထားဟာလည်း ဘာစီလိုနာ ကို ယှဉ်နိုင်စရာဘာမှမရှိပါဘူး။ ဘာစီလိုနာ အနိုင်သေချာပေမယ့် ဂိုးပြတ်နိုင်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။

စနေည လာလီဂါပွဲစဉ်(၁၁)ပွဲများ

Leganés Vs Atlético Madrid
Real Madrid Vs Real Valladolid
Valencia Vs Girona
Rayo Vallecano Vs Barcelona

Photo: Radio Prague , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com