[Zawgyi]

ႏူးကမ္႔မွာ ရီးယဲလ္မက္ဒရစ္ကို ဂိုးျပတ္အႏိုင္ယူခဲ႔တဲ႔ ဘာစီလိုနာ

လာလီဂါပြဲစဥ္(၁၀)ရဲ႕ အေကာင္းဆံုးပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ဘာစီလိုနာ – ရီးယဲလ္မက္ဒရစ္ပြဲစဥ္ဟာ သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ႔ျပီး ပရိသတ္အၾကိဳက္ပြဲစဥ္တစ္ပြဲျဖစ္ခဲ႔ပါတယ္။

Barcelona

Barcelona

ဘာစီလိုနာ ၅ – ၁ ရီးယဲလ္မက္ဒရစ္

ဒီပြဲမွာေတာ႔ ႏွစ္သင္းလံုးဟာ အေတာင္႔တင္းဆံုး လူစာရင္းေတြနဲ႔ ပြဲထြက္လာခဲ႔ဲၾကပါတယ္။ ဘာစီလိုနာအသင္းဟာေတာ႔ ထံုးစံအတိုင္း ေဘာလံုးပိုင္ဆိုင္မႈ အသာစီးယူျပီးကစားခဲ႔သလို ရီးယဲလ္အသင္းကေတာ႔ ေဘးလ္ Bale ရဲ႕ တိုးအား ၊ ႐ုန္းအားေတြကို အဓိကထားခဲ႔ျပီး တန္ျပန္တိုက္စစ္ကို အားျပဳကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၁၁)မိနစ္မွာပဲ ဘာစီလိုနာအသင္းဟာ ဦးေဆာင္ဂိုးရရိွခဲ႔ျပီး ေကာင္းမြန္တဲ႔ ေဘာလံုးေပးပို႔မႈကေန တစ္ဆင္႔ အယ္လ္ဘာ Alba နားလည္မႈရိွရိွ ခ်ိဳးေပးခဲ႔တဲ႔ ေဘာလံုးကို ေကာ္တင္ဟို Coutinho ကပိတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္ Suárez ကိုရီးယဲလ္ေနာက္ခံလူ ဗာရာနီ Varane တားဆီးပံုၾကမ္းတမ္းခဲ႔တာေၾကာင္႔ ဘာစီလိုနာအသင္းက ပယ္နယ္တီရရိွခဲ႔ပါတယ္။ ဒီပယ္နယ္တီကို ကြင္းလယ္ဒိုင္က VAR ကိုၾကည္႔ျပီး ေပးခဲ႔တာျဖစ္ျပီး ပြဲခ်ိန္မိနစ္(၃၀)မွာ ဆြာရက္ဇ္ ကကန္သြင္းယူခဲ႔ပါတယ္။

Barcelona-5-1-Real-Madrid

Barcelona-5-1-Real-Madrid

ဦးေဆာင္ဂိုး(၂)ဂိုးရရိွထားတာေၾကာင္႔ ဘာစီလိုနာအသင္းဟာ ဒုတိယပိုင္းမွာပြဲကို ထိန္းကစားဖို႔ ၾကိဳးစားခဲ႔ပါတယ္။ ရီးယဲလ္အသင္းအတြက္ ဒီအခ်က္ဟာ အခြင္႔အေရးတစ္ခုျဖစ္ခဲ႔ျပီး ပြဲကိုျပန္စီးျပီး ကစားႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၅၀)မွာေတာ႔ ရီးယဲလ္အသင္းဟာေခ်ပဂိုးတစ္ဂိုးရရိွခဲ႔ျပီး မာဆယ္လို Marcelo ကသြင္းယူေပးခဲ႔တာျဖစ္ပါတယ္။ ရီးယဲလ္အသင္းေခ်ပဂိုးရျပီး ေနာက္ပိုင္းမွာေတာ႔ ပြဲဟာ အရင္ကထက္အျပန္အလွန္ပိုရိွလာခဲ႔ပါတယ္။ ဒါေပမယ္႔ ပြဲခ်ိန္(၇၅)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းက တတိယဂိုးရရိွခဲ႔ျပီး ဆာဂ်ီေရာ္ဘတ္တို Sergi Roberto ရဲ႕ေပးပို႔မႈကို ဆြာရက္ဇ္က ေခါင္းတိုက္အဆံုးသတ္ခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၈၃)မိနစ္မွာေတာ႔ ရာမို႔စ္ Ramos ရဲ႕အမွားကေန ဆာဂ်ီေရာ္ဘတ္တို ခင္းေပးလိုက္တဲ႔ ေဘာလံုးကို ဆြာရက္ဇ္ ကဂိုးအျဖစ္ ထပ္မံေျပာင္းလဲခဲ႔ပါတယ္။ ဒီဂိုးဟာ ဒီပြဲမွာ ဆြာရက္ဇ္ရဲ႕ ဟက္ထရစ္သြင္းဂိုးျဖစ္ခဲ႔သလို အသင္းအတြက္ စတုတၳေျမာက္သြင္းဂိုးလည္းျဖစ္ခဲ႔ပါတယ္။ ဂိုးေတြဆက္တိုက္ေပးလိုက္ရတာေၾကာင္႔ ရီးယဲလ္အသင္းဟာ စိတ္ဓာတ္ပိုင္းထိခိုက္ခဲ႔ျပီး ပြဲခ်ိန္(၈၇)မိနစ္မွာေတာ႔ ဒမ္ဘီလီ Dembélé ရဲ႕ျဖတ္တင္ေဘာကို လူစား၀င္ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကေခါင္းတိုက္ျပီး အသင္းအတြက္ ပြဲသိမ္းဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။

Suárez-And-Coutinho

Suárez-And-Coutinho

ဒီပြဲမွာ ရီးယဲလ္အသင္းဟာ အခြင္႔အေရးေတြဖန္တီးႏိုင္ခဲ႔ေပမယ္႔ အဆံုးသတ္ပိုင္းဟာ အားနည္းလြန္းအားၾကီးခဲ႔တာကို ျမင္ေတြ႕ခဲ႔ရပါတယ္။ တိုက္စစ္မွဴး ဘန္ဇီမာ Benzema ဟာလည္း အခြင္႔အေရးေတြကို ျဖဳန္းတီးခဲ႔သလို ဒီဂိုးျပတ္ အရံႈးရလဒ္ေၾကာင္႔ နည္းျပ လိုပယ္တက္ဂီ Lopetegui ရဲ႕အနာဂတ္ဟာလည္း စိုးရိမ္စရာေတာ္ေတာ္ေကာင္းသြားခဲ႔ပါျပီ။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နူးကမ့်မှာ ရီးယဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ

လာလီဂါပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ်ပွဲစဉ်ဟာ သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။

Barcelona

Barcelona

ဘာစီလိုနာ ၅ – ၁ ရီးယဲလ်မက်ဒရစ်

ဒီပွဲမှာတော့ နှစ်သင်းလုံးဟာ အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ဲကြပါတယ်။ ဘာစီလိုနာအသင်းဟာတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီးကစားခဲ့သလို ရီးယဲလ်အသင်းကတော့ ဘေးလ် Bale ရဲ့ တိုးအား ၊ ရုန်းအားတွေကို အဓိကထားခဲ့ပြီး တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ပါတယ်။ ပွဲချိန်(၁၁)မိနစ်မှာပဲ ဘာစီလိုနာအသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပြီး ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုကနေ တစ်ဆင့် အယ်လ်ဘာ Alba နားလည်မှုရှိရှိ ချိုးပေးခဲ့တဲ့ ဘောလုံးကို ကော်တင်ဟို Coutinho ကပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် Suárez ကိုရီးယဲလ်နောက်ခံလူ ဗာရာနီ Varane တားဆီးပုံကြမ်းတမ်းခဲ့တာကြောင့် ဘာစီလိုနာအသင်းက ပယ်နယ်တီရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို ကွင်းလယ်ဒိုင်က VAR ကိုကြည့်ပြီး ပေးခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ်(၃၀)မှာ ဆွာရက်ဇ် ကကန်သွင်းယူခဲ့ပါတယ်။

Barcelona-5-1-Real-Madrid

Barcelona-5-1-Real-Madrid

ဦးဆောင်ဂိုး(၂)ဂိုးရရှိထားတာကြောင့် ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းမှာပွဲကို ထိန်းကစားဖို့ ကြိုးစားခဲ့ပါတယ်။ ရီးယဲလ်အသင်းအတွက် ဒီအချက်ဟာ အခွင့်အရေးတစ်ခုဖြစ်ခဲ့ပြီး ပွဲကိုပြန်စီးပြီး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၅၀)မှာတော့ ရီးယဲလ်အသင်းဟာချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး မာဆယ်လို Marcelo ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်အသင်းချေပဂိုးရပြီး နောက်ပိုင်းမှာတော့ ပွဲဟာ အရင်ကထက်အပြန်အလှန်ပိုရှိလာခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်(၇၅)မိနစ်မှာတော့ ဘာစီလိုနာအသင်းက တတိယဂိုးရရှိခဲ့ပြီး ဆာဂျီရော်ဘတ်တို Sergi Roberto ရဲ့ပေးပို့မှုကို ဆွာရက်ဇ်က ခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၈၃)မိနစ်မှာတော့ ရာမို့စ် Ramos ရဲ့အမှားကနေ ဆာဂျီရော်ဘတ်တို ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်ဇ် ကဂိုးအဖြစ် ထပ်မံပြောင်းလဲခဲ့ပါတယ်။ ဒီဂိုးဟာ ဒီပွဲမှာ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်သွင်းဂိုးဖြစ်ခဲ့သလို အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဂိုးတွေဆက်တိုက်ပေးလိုက်ရတာကြောင့် ရီးယဲလ်အသင်းဟာ စိတ်ဓာတ်ပိုင်းထိခိုက်ခဲ့ပြီး ပွဲချိန်(၈၇)မိနစ်မှာတော့ ဒမ်ဘီလီ Dembélé ရဲ့ဖြတ်တင်ဘောကို လူစားဝင်ကွင်းလယ်လူ ဗီဒယ်လ် Vidal ကခေါင်းတိုက်ပြီး အသင်းအတွက် ပွဲသိမ်းဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

Suárez-And-Coutinho

Suárez-And-Coutinho

ဒီပွဲမှာ ရီးယဲလ်အသင်းဟာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းဟာ အားနည်းလွန်းအားကြီးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်စစ်မှူး ဘန်ဇီမာ Benzema ဟာလည်း အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သလို ဒီဂိုးပြတ် အရှုံးရလဒ်ကြောင့် နည်းပြ လိုပယ်တက်ဂီ Lopetegui ရဲ့အနာဂတ်ဟာလည်း စိုးရိမ်စရာတော်တော်ကောင်းသွားခဲ့ပါပြီ။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com