[Zawgyi]

El Clásico ပြဲမွာ ဘယ္အသင္းအသာရသြားမလဲ

ဒီေန႔(တနဂၤေႏြ)ညမွာေတာ႔ လာလီဂါပြဲစဥ္(၁၀)ရဲ႕ ပြဲေကာင္းတစ္ပြဲျဖစ္တဲ႔ ဘာစီလိုနာနဲ႔ ရီးယဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ El Clásico ပြဲစဥ္ရိွပါတယ္။ ဒီပြဲကို ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီ Messi ဟာ ဒဏ္ရာျပႆနာေၾကာင္႔ လြဲေခ်ာ္မွာျဖစ္သလို ရီးယဲလ္မက္ဒရစ္အသင္းဟာလည္း လက္ရိွမွာရလဒ္ေတြဆိုးေနတာေၾကာင္႔ ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

Barcelona-Vs-Real-Madrid

Barcelona-Vs-Real-Madrid

ဘာစီလိုနာ – ရီးယဲလ္မက္ဒရစ္ (တနဂၤေႏြည ၉း၄၅ နာရီ )

မက္ဆီ မပါ၀င္တဲ႔ ဘာစီလိုနာအသင္းဟာ ဒီလိုပြဲၾကီးမ်ိဳးမွာ ဘယ္လိုစြမ္းေဆာင္ျပမလဲဆိုတာ စိတ္၀င္စားစရာပါ။ ဒါေပမယ္႔ ဘာစီလိုနာအသင္းမွာ ေနရာစံုကေန ဂိုးသြင္းႏိုင္တဲ႔ ကစားသမားေတြရိွေနတာေၾကာင္႔ အနည္းငယ္ခံသာသြားတယ္လို႔ ေျပာရပါလိမ္႔မယ္။ ရီးယဲလ္မက္ဒရစ္အသင္းကေတာ႔ လက္ရိွမွာ အေျခအေနေတာ္ေတာ္ဆိုးေနျပီး လာလီဂါေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားသလို အဲဒီ(၄)ပြဲမွာလည္း (၁)ဂိုးသာသြင္းယူထားႏိုင္ပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းဟာ ကြင္းလယ္ခံစစ္နဲ႔ ေနာက္တန္းၾကားမွာ ေနရာလြတ္ေတြ မၾကာခဏျဖစ္ေပၚေလ႔ရိွျပီး ဒီေန႔ပြဲမွာေတာ႔ ဒီအရာကိုအဓိကထား ျပင္ဆင္လာဖို႔လိုပါတယ္။ မဟုတ္ရင္ေတာ႔ ဒီအခ်က္ဟာ ျမန္ႏႈန္းျမင္႔ျပီး ေနရာလြတ္တစ္ေနရာေလာက္ရတာနဲ႔ အေျပာင္းအလဲလုပ္ႏိုင္စြမ္းရိွတဲ႔ ဘာစီလိုနာအသင္းအတြက္ ၾကီးမားတဲ႔အခြင္႔အေရးတစ္ခုျဖစ္သြားပါလိမ္႔မယ္။ လက္ရိွ ဒီနွစ္သင္းမွာ ဘာစီလိုနာဟာ ပိုေကာင္းတဲ႔ အသင္းျဖစ္ျပီး အိမ္ကြင္းလည္း ျဖစ္ေနေပမယ္႔ ဒီပြဲမွာသာ ရလဒ္ဆိုးခဲ႔ရင္ ရီးယဲလ္မက္ဒရစ္အသင္းနည္းျပ လိုပယ္တက္ဂီ Lopetegui ရဲ႕ အနာဂတ္ဟာ အေျပာင္းအလဲျဖစ္ဖို႔ရိွေနသလို လာလီဂါမွာလည္း ဆက္တိုက္ရလဒ္ေတြဆိုးေနတာေၾကာင္႔ ဒီပြဲမွာ အားကုန္႐ုန္းျပီး ေဖာင္ဖ်က္ကစားလာဖို႔ရိွေနပါတယ္။ အသင္းၾကီးအခ်င္းခ်င္းေတြ႕ရင္ အသင္းၾကီးဆိုတဲ႔ မာန္ေတြဟာ ေပၚလာတတ္တာေၾကာင္႔ ရီးယဲလ္မက္ဒရစ္အေနနဲ႔လည္း ဒီပြဲမွာရလဒ္ေကာင္းတစ္ခုေမွ်ာ္လင္႔ခြင္႔ရိွေနပါတယ္။ ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ကေတာ႔ ေသခ်ာေနျပီး သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တပါတယ္။

El-Clásico

El-Clásico

ဘာစီလိုနာ – ရီးယဲလ္မက္ဒရစ္ ျပိဳင္ပြဲစံု ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္

Barcelona 2 – 2 Real Madrid
Real Madrid 0 – 3 Barcelona
Real Madrid 2 – 0 Barcelona
Barcelona 1 – 3 Real Madrid
Real Madrid 2 – 3 Barcelona

Photo: Business Insider UK , transferticker.de , ThePapare.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

El Clásico ပွဲမှာ ဘယ်အသင်းအသာရသွားမလဲ

ဒီနေ့(တနင်္ဂနွေ)ညမှာတော့ လာလီဂါပွဲစဉ်(၁၀)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ El Clásico ပွဲစဉ်ရှိပါတယ်။ ဒီပွဲကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Messi ဟာ ဒဏ်ရာပြဿနာကြောင့် လွဲချော်မှာဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း လက်ရှိမှာရလဒ်တွေဆိုးနေတာကြောင့် ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Barcelona-Vs-Real-Madrid

Barcelona-Vs-Real-Madrid

ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၉း၄၅ နာရီ )

မက်ဆီ မပါဝင်တဲ့ ဘာစီလိုနာအသင်းဟာ ဒီလိုပွဲကြီးမျိုးမှာ ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာစိတ်ဝင်စားစရာပါ။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေရှိနေတာကြောင့် အနည်းငယ်ခံသာသွားတယ်လို့ ပြောရပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်အသင်းကတော့ လက်ရှိမှာ အခြေအနေတော်တော်ဆိုးနေပြီး လာလီဂါနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို အဲဒီ(၄)ပွဲမှာလည်း (၁)ဂိုးသာသွင်းယူထားနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ခံစစ်နဲ့ နောက်တန်းကြားမှာ နေရာလွတ်တွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဒီနေ့ပွဲမှာတော့ ဒီအရာကိုအဓိကထား ပြင်ဆင်လာဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဒီအချက်ဟာ မြန်နှုန်းမြင့်ပြီး နေရာလွတ်တစ်နေရာလောက်ရတာနဲ့ အပြောင်းအလဲလုပ်နိုင်စွမ်းရှိတဲ့ ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်သွားပါလိမ့်မယ်။ လက်ရှိ ဒီနှစ်သင်းမှာ ဘာစီလိုနာဟာ ပိုကောင်းတဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းလည်း ဖြစ်နေပေမယ့် ဒီပွဲမှာသာ ရလဒ်ဆိုးခဲ့ရင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တက်ဂီ Lopetegui ရဲ့ အနာဂတ်ဟာ အပြောင်းအလဲဖြစ်ဖို့ရှိနေသလို လာလီဂါမှာလည်း ဆက်တိုက်ရလဒ်တွေဆိုးနေတာကြောင့် ဒီပွဲမှာ အားကုန်ရုန်းပြီး ဖောင်ဖျက်ကစားလာဖို့ရှိနေပါတယ်။ အသင်းကြီးအချင်းချင်းတွေ့ရင် အသင်းကြီးဆိုတဲ့ မာန်တွေဟာ ပေါ်လာတတ်တာကြောင့် ရီးယဲလ်မက်ဒရစ်အနေနဲ့လည်း ဒီပွဲမှာရလဒ်ကောင်းတစ်ခုမျှော်လင့်ခွင့်ရှိနေပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ကတော့ သေချာနေပြီး သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတပါတယ်။

El-Clásico

El-Clásico

ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ် ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Barcelona 2 – 2 Real Madrid
Real Madrid 0 – 3 Barcelona
Real Madrid 2 – 0 Barcelona
Barcelona 1 – 3 Real Madrid
Real Madrid 2 – 3 Barcelona

Photo: Business Insider UK , transferticker.de , ThePapare.com
Ko Kyue(Akhayar)
www.akhayar.com