[Zawgyi]

အလာဗတ္စ္ကို ႐ံႈးနိမ္႔ျပီးဖိအားေတြ ထပ္တိုးသြားတဲ႔ ရီးယဲလ္မက္ဒရစ္

ဖိအားေတြမ်ားေနတဲ႔ ရီးယဲလ္အသင္းဟာ လာလီဂါပြဲစဥ္(၈)မွာ အလာဗတ္စ္အသင္းကို ( ၁ – ၀ ) ႐ံႈးနိမ္ခဲ႔တာေၾကာင္႔ ဖိအားေတြ ထပ္ျပီးတိုးသြားခဲ႔ပါတယ္။အသင္းရဲ႕ ရလဒ္ဆိုးေတြေၾကာင္႔ နည္းျပလိုပယ္တက္ဂီ Lopetegui ရဲ႕ အနာဂတ္ဟာလည္း စိတ္၀င္စားဖို႔ေကာင္းလာခဲ႔ပါတယ္။

Real-Madrid

Real-Madrid

ႏိုင္ပြဲရဖို႔ မျဖစ္မေနလိုအပ္ေနတဲ႔ ရီးယဲလ္အသင္းဟာ အေကာင္းဆံုးလူစာရင္းနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ရီးယဲလ္အသင္းဟာ ျပိဳင္ဘက္ကို အသာစီးကစားႏိုင္ခဲ႔ေပမယ္႔ ျပိဳင္ဘက္အသင္းရဲ႕ ဂိုးသမားနဲ႔ ေနာက္ခံလူေတြ အစြမ္းျပေနလို႔ သြင္းဂိုးေတြနဲ႔ ေ၀းခဲ႔ရတာပါ။ ဒါေပမဲ႔ အလာဗတ္စ္အသင္းဟာလည္း ရံဖန္ရံခါ ထိုးေဖာက္ကန္သြင္းခ်က္ေတြနဲ႔ ရီးယဲလ္အသင္းကို ဖိအားေပးႏိုင္ခဲ႔ပါတယ္။

Lopetegui

Lopetegui

ရီးယဲလ္အသင္းဟာ ဂိုးရဖို႔အတြက္ မာရီယာႏို Mariano၊ အဆန္စီယို Marco Asensio နဲ႔ ဗီနီစီယက္စ္ ဂ်ဴနီယာ Vinícius Júnior တို႔ကိုထည္႔သြင္းျပီး အေျပာင္းအလဲေတြလုပ္ခဲ႔ေပမယ္႔ ထူးျခားလာခဲ႔ျခင္းေတာ႔မရိွခဲ႔ပါဘူး။ ပြဲခ်ိန္(၉၅)မိနစ္မွာေတာ႔ အလာဗတ္စ္အသင္းက အဖိုးတန္အႏိုင္ဂိုးကိုရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ မန္ႏူဂါစီယာ Manu García က ေထာင္႔ကန္ေဘာကေန ရရိွလာတဲ႔အခြင္႔ အေရးကို ေခါင္းတိုက္သြင္းယူခဲ႔တာပါ။

Alavés

Alavés

လက္ရိွမွာေတာ႔ နည္းျပလိုပယ္တက္ဂီ ရဲ႕ ရီးယဲလ္အသင္းဟာ အေျခအေနဆိုးထဲကို က်ေရာက္ေနခဲ႔ပါျပီ။ ရီးယဲလ္အသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔တာျဖစ္သလို အဲ႔ဒီ(၄)ပြဲမွာ (၁)ပြဲသေရ ၊ (၃)ပြဲ႐ံႈး ရလဒ္ရရိွခဲ႔ျပီး သြင္းဂိုးတစ္ဂိုးမွ သြင္းယူႏိုင္ခဲ႔ျခင္းလည္း မရိွခဲ႔ပါဘူး။

Photo: ELTIEMPO.COM , Flipboard , Houston Chronicle , Yahoo Deportes
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အလာဗတ်စ်ကို ရှုံးနိမ့်ပြီးဖိအားတွေ ထပ်တိုးသွားတဲ့ ရီးယဲလ်မက်ဒရစ်

ဖိအားတွေများနေတဲ့ ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၈)မှာ အလာဗတ်စ်အသင်းကို ( ၁ – ၀ ) ရှုံးနိမ်ခဲ့တာကြောင့် ဖိအားတွေ ထပ်ပြီးတိုးသွားခဲ့ပါတယ်။အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြလိုပယ်တက်ဂီ Lopetegui ရဲ့ အနာဂတ်ဟာလည်း စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

Real-Madrid

Real-Madrid

နိုင်ပွဲရဖို့ မဖြစ်မနေလိုအပ်နေတဲ့ ရီးယဲလ်အသင်းဟာ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ပြိုင်ဘက်ကို အသာစီးကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းရဲ့ ဂိုးသမားနဲ့ နောက်ခံလူတွေ အစွမ်းပြနေလို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရတာပါ။ ဒါပေမဲ့ အလာဗတ်စ်အသင်းဟာလည်း ရံဖန်ရံခါ ထိုးဖောက်ကန်သွင်းချက်တွေနဲ့ ရီးယဲလ်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။

Lopetegui

Lopetegui

ရီးယဲလ်အသင်းဟာ ဂိုးရဖို့အတွက် မာရီယာနို Mariano၊ အဆန်စီယို Marco Asensio နဲ့ ဗီနီစီယက်စ် ဂျူနီယာ Vinícius Júnior တို့ကိုထည့်သွင်းပြီး အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ထူးခြားလာခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ပွဲချိန်(၉၅)မိနစ်မှာတော့ အလာဗတ်စ်အသင်းက အဖိုးတန်အနိုင်ဂိုးကိုရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မန်နူဂါစီယာ Manu García က ထောင့်ကန်ဘောကနေ ရရှိလာတဲ့အခွင့် အရေးကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။

Alavés

Alavés

လက်ရှိမှာတော့ နည်းပြလိုပယ်တက်ဂီ ရဲ့ ရီးယဲလ်အသင်းဟာ အခြေအနေဆိုးထဲကို ကျရောက်နေခဲ့ပါပြီ။ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်သလို အဲ့ဒီ(၄)ပွဲမှာ (၁)ပွဲသရေ ၊ (၃)ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး သွင်းဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။

Photo: ELTIEMPO.COM , Flipboard , Houston Chronicle , Yahoo Deportes
Ko Kyue(Akhayar)
www.akhayar.com