ဒီနေ့ညမှာတော့ ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၂)အဖြစ် အိမ်ကွင်းမှာ ဗယ်လာဒိုလစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ဗယ်လာဒိုလစ် (စနေည ၁၁း၃၀ နာရီ)

လာလီဂါပွဲစဉ်(၁)မှာတော့ ရီးယဲလ်အသင်းဟာ ပုံစံကောင်းကို ပြနိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲရလဒ်တွေအရ ရီးယဲလ်အသင်းကို သိပ်အထင်မကြီးမိခဲ့ပေမယ့် လာလီဂါပြန်အစမှာတော့ ရီးယဲလ်က ရီးယဲလ်ပြန်ဖြစ်ခဲ့တယ်လို့ ပဲပြောရပါလိမ့်မယ်။ ဆယ်လ်တာဗီဂိုကို ( ၁ – ၃ )နဲ့ အနိုင်ရတဲ့ ပွဲမှာတော့ ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ မာကျောမှုကိုပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိုဒရစ် Modric အထုတ်ခံရလို့ (၁၀)ယောက်တည်းဖြစ်သွားတဲ့ အချိန်မှာလည်း ရီးယဲလ်အသင်းက ကစားပုံမပျက်သွားဘဲ ရရှိလာတဲ့ အခွင့်အရေးတိုင်းကိုလည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် တိုးတက်မှုတွေရှိလာခဲ့ပါတယ်။

ဒီပွဲကိုလည်း ဟာဇက် Hazard ကဆက်ပြီး လွဲချော်ဖို့ရှိနေပေမယ့် ရီးယဲလ်အသင်းတိုက်စစ်မှာ ဘန်ဇီမာ Benzema နဲ့ ဘေးလ် Bale တို့အစွမ်းပြနေတာကြောင့် သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဗယ်လာဒိုလစ်အသင်းကတော့ လာလီဂါပွဲစဉ်(၁)မှာ ဘက်တစ်အသင်းကို ( ၁ – ၂ )နဲ့ အနိုင်ယူထားပြီး အဖွင့်လှခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းက ပုံမှန်အနေအထားလောက်မှာသာရှိနေပါတယ်။ လက်ရှိ ဒီ (၂)သင်းကို ယှဉ်ကြည့်ရင် ကွာခြားချက်က ကြီးမားသလို ရီးယဲလ်အသင်းကလည်း အရှိန်ရနေတဲ့ ပုံစံဖြစ်တာကြောင့် အနိုင်ရလဒ်အတွက်တော့ မဖြစ်မနေ ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ရမှာပါ။ ဂိုးရလဒ်အဖြစ်တော့ ရီးယဲလ် ( ၃ – ၁ ) ဗယ်လာဒိုလစ် ရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ရီးယဲလ်မက်ဒရစ် – ဗယ်လာဒိုလစ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Real Valladolid 1 – 4 Real Madrid
Real Madrid 2 – 0 Real Valladolid
Real Valladolid 1 – 1 Real Madrid
Real Madrid 4 – 0 Real Valladolid
Real Madrid 4 – 3 Real Valladolid

Photo: Real Madrid Twitter , Bale Twitter , DB Sports Online
Ko Kyue(Akhayar)
www.akhayar.com