ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၃၁)မှာတော့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ အိမ်ကွင်းမှာ အီဘာ ၊ အက်သလက်တီကိုအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – အီဘာ ( စနေည ၈း၄၅ နာရီ )

ရီးယဲလ်အသင်းကတော့ ဇီဒန်း Zidane လက်ထက် ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါပြီ။ လက်ရှိ ရီးယဲလ်အသင်းရဲ့ အနေအထားက ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေဆို အနိုင်ကစားနိုင်ပြီး အသင်းကြီးအချင်းချင်းပွဲတွေမှာဆိုရင် ရုန်းကန်နေရတာပါ။ အီဘာအသင်းကတော့ ခြေစွမ်းပိုင်းမာကျောတဲ့ အသင်းဖြစ်ပြီး ပုံမှန်ခြေစွမ်းလည်းရှိနေတာကြောင့် ရီးယဲလ်အနိုင်ရဖို့ တော်တော်လေးကြိုးစားရပါလိမ့်မယ်။ အနိုင်ရလဒ်အတွက်တော့ မဖြစ်မနေ နိုင်ပွဲပြန်ရှာရမယ့် ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ချင်ပြီး နှစ်သင်းပေါင်းသွင်းဂိုးများပါလိမ့်မယ်။

ဘာစီလိုနာ – အက်သလက်တီကို ( တနင်္ဂနွေမနက် ၁း၁၅ နာရီ )

အဆင့်(၁)နဲ့ အဆင့်(၂)တို့ရဲ့ တွေ့ဆုံမှုဖြစ်ပြီး လာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲပါ။ နှစ်သင်းကြားရမှတ်ကွာဟချက်က (၈)မှတ်ရှိတာကြောင့် ဘာစီလိုနာအနိုင်ရခဲ့ရင် ဒီရာသီလာလီဂါပြိုင်ပွဲဟာ ပြီးဆုံးသလောက်ဖြစ်သွားမှာဖြစ်ပြီး အက်သလက်တီကို အနိုင်ရရှိခဲ့ရင်တော့ ပြိုင်ပွဲကပိုပြီး အသက်ဝင်လာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်သင်းလုံးဟာ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားကြပြီး ဒီပွဲပြီးရင် ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ ကစားဖို့ရှိတာကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။ ဒီလိုအနေအထားတွေရှိနေသလို ဘာစီလိုနာအိမ်ကွင်းဖြစ်နေတာကြောင့် အက်သလက်တီကိုနိုင်ဖို့ဆိုတာမဖြစ်နိုင်ပဲ ဒီပွဲဟာ နှစ်သင်းပေါင်းသွင်းဂိုး နည်းနည်းနဲ့ သရေကျသွားနိုင်ပါတယ်။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com