ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၂၈)မှာတော့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ဆယ်လ်တာဗီဂို ( စနေည ၉း၄၅ နာရီ )

တစ်ကျော့ပြန် နည်းပြ ဇီဒန်း Zidane ရဲ့ လက်ထဲမှာ ရီးယဲလ်အသင်းဘာတွေ ပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ သေချာတာကတော့ ဆိုလာရီ Solari လက်ထက်မှာ နေရာပျောက်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ မာဆယ်လို Marcelo ၊ အစ္စကို Isco နဲ့ အဆန်စီယို Asensio တို့ ကစားခွင့်ပြန်ရလာမှာဖြစ်ပြီး ဒီကစားသမားတွေက ဇီဒန်းနဲ့ လက်တွဲညီခဲ့ကြသူတွေဖြစ်တာကြောင့် ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးပေးဆပ်လာမှာကတော့ သေချာနေပါတယ်။ ရီးယဲလ်အသင်းမှာ ဇီဒန်း ပထမဆုံးလုပ်ရမှာကတော့ ကျဆင်းနေတဲ့ အသင်းရဲ့အရှိန်အ၀ါဖြစ်ပြီး ဒီအနေအထားကနေ အသင်းကို ပြန်ပြီးဆွဲတင်ပေးသွားရမှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိခြေစွမ်းကတော့ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင်ကစားထားပြီး လာလီဂါနောက်ဆုံးပွဲမှာလည်း ဗယ်လာဒိုလစ်အသင်းကို ဂိုးပြတ်အနိုင်ယူထားပါတယ်။ ဆယ်လ်တာဗီဂိုအသင်းကတော့ လက်ရှိမှာခြေစွမ်းပိုင်းကျဆင်းနေပြီး လာလီဂါ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားသလို (၁)ပွဲသရေ ၊ (၄)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဒီအနေအထားနဲ့တော့ ဇီဒန်းလက်ထက်မှာ ပုံစံကောင်းနဲ့ ပြန်လာဖို့ စိုင်းပြင်းနေတဲ့ ရီးယဲလ်အသင်းကို ယှဉ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အနိုင်ရလဒ်အတွက်တော့ ရီးယဲလ်အသင်းကို မဖြစ်မနေရွေးချယ်ရမှာဖြစ်ပြီး နှစ်သင်းပေါင်းသွင်းဂိုးများပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် – ဆယ်လ်တာဗီဂို ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Celta de Vigo 2 – 4 Real Madrid
Real Madrid 6 – 0 Celta de Vigo
Celta de Vigo 2 – 2 Real Madrid
Celta de Vigo 1 – 4 Real Madrid
Celta de Vigo 2 – 2 Real Madrid

Photo: Real Madrid Twitter , Evening Standard
Ko Kyue(Akhayar)
www.akhayar.com