ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၂၈)မှာတော့ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

ဘက်တစ် – ဘာစီလိုနာ ( တနင်္လာမနက် ၂း၁၅ နာရီ )

ဘက်တစ်အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်ကတော့ အတိုင်းအတာတစ်ခုထိကောင်းမွန်နေပြီး လာလီဂါအမှတ်ပေးဇယားမှာလည်း အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း ပုံမှန်ခြေစွမ်းမှာရှိနေပြီး လာလီဂါနောက်ဆုံး(၅)ပွဲမှာ (၂)ပွဲနိုင် ၊ (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဘာစီလိုနာ အသင်းကတော့ အကောင်းဆုံး ပုံစံမှာရှိနေပြီး ပြိုင်ပွဲစုံအခြေအနေကောင်းနေသလို လာလီဂါနောက်ဆုံး(၁၅)ပွဲဆက်လည်း ရှုံးပွဲမရှိကစားထားပါတယ်။ အဲဒီ(၁၅)ပွဲမှာတော့ ဘာစီလိုနာအသင်းဟာ (၁၂)ပွဲနိုင် ၊ (၃)ပွဲသရေ ရလဒ်ရရှိထားပြီး မက်ဆီ Messi ဦးဆောင်တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း သွင်းဂိုးတွေမြူးနေပါတယ်။ ဒီလိုအနေအထားမျိုးတွေရှိနေပြီး ဘက်တစ်အသင်းကလည်း သူ့ဟာနဲ့သူ အဆိပ်ရှိတဲ့ အသင်းဖြစ်တာကြောင့် နှစ်သင်းပေါင်းသွင်းဂိုးများတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ ပြိုင်ဘက်အသင်းတွေကို ရမှတ်တွေဖြတ်ထားတယ်ဆိုပေမယ့် လာလီဂါချန်ပီယံဆုနဲ့ စောစောစီးစီးနီးစပ်နိုင်ဖို့အတွက် ဘာစီလိုနာအသင်း အကောင်းဆုံး ကြိုးစားလာမှာဖြစ်တာကြောင့် အနိုင်ရလဒ်အတွက်တော့ ဘာစီလိုနာအသင်းကိုပဲ ပြတ်ပြတ်သားသားရွေးချယ်ချင်ပါတယ်။

ဘက်တစ် – ဘာစီလိုနာ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Barcelona 3 – 4 Real Betis
Real Betis 0 – 5 Barcelona
Barcelona 2 – 0 Real Betis
Real Betis 1 – 1 Barcelona
Barcelona 6 – 2 Real Betis

Photo: Evening Standard , Samford Crimson 
Ko Kyue(Akhayar)
www.akhayar.com