မနက်ဖြန်မနက် အစောပိုင်းမှာတော့ လာလီဂါပွဲစဉ်(၃)အဖြစ် ဗီလာရီးယဲလ် – ရီးယဲလ်မက်ဒရစ်ပွဲရှိနေတာကြောင့် ဘယ်အသင်းက ရလဒ်ကောင်းရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဗီလာရီးယဲလ် – ရီးယဲလ်မက်ဒရစ် (တနင်္လာမနက် ၁း၃၀ နာရီ )

ဒီ(၂)သင်းရဲ့ လက်ရှိအနေအထားတွေမှာ ရီးယဲလ်အသင်းက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။ အိမ်ရှင် ဗီလာရီးယဲလ်အသင်းကတော့ တိုက်စစ်ပိုင်းကောင်းပေမယ့် ခံစစ်ပိုင်းကဆိုးရွားနေပြီး လာလီဂါပွဲစဉ်(၂)အပြီးမှာ (၆)ဂိုးတောင်ပေးထားရပါတယ်။ ဒါကြောင့် ခြေစွမ်းပိုင်းအရ ရီးယဲလ်အသင်းကို ယှဉ်နိုင်ပေမယ့် ခံစစ်ပိုင်း အားနည်းချက်က ဗီလာရီးယဲလ်အသင်းအတွက် အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်အသင်းကတော့ ကစားထားတဲ့ လာလီဂါ(၂)ပွဲလုံးမှာ ပုံစံကောင်းကိုပြထားပြီး ဗယ်လာဒိုလစ်ကို သရေကျခဲ့တဲ့ ပွဲကလည်း ဂိုးကံခေလွန်းလို့သာဖြစ်ခဲ့ရတာပါ။ လက်ရှိ ရီးယဲလ်အသင်းရဲ့ အနေအထားဟာ ပြီးခဲ့တဲ့ ရာသီကထက်ပိုတိုးတက်လာပြီး တည်ငြိမ်မှုလည်း ပိုရှိလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းမှာ ကွင်းလယ်နဲ့ တိုက်စစ် ကစားသမားတွေ ဒဏ်ရာရနေကြတာကြောင့် ပွဲထွက်လူစာရင်းလောက်သာ လောက်လောက်လားလားရှိနေပြီး အရန်အင်အားနည်းနေပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေတာကြောင့် ပွဲရဲ့အနေအထားပေါ်မူတည်ပြီး နည်းဗျူဟာနဲ့ ကစားသမား အပြောင်းအလဲလုပ်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဗီလာရီးယဲလ်အသင်းကလည်း အသင်းငယ်တွေကိုသာ ရှုံးတတ်ပေမယ့် အသင်းကြီးတွေနဲ့ ကစားသမားရင် အကောင်းဆုံးတုံပြန်ကစားပြီး အခုပွဲက အိမ်ကွင်းပွဲဖြစ်နေတာကြောင့် ရီးယဲလ်ကို ဒုက္ခပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာမှာပါ။ ဒီပွဲမှာတော့ သရေရလဒ်ကို ပိုအကြိုက်တွေ့မိနေပြီး (၂)သင်းပေါင်း သွင်းဂိုးလည်း များနိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ ဗီလာရီးယဲလ် (၂ – ၂)ရီးယဲလ်မက်ဒရစ် ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

ဗီလာရီးယဲလ် – ရီးယဲလ်မက်ဒရစ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Real Madrid 3 – 2 Villarreal
Villarreal 2 – 2 Real Madrid
Villarreal 2 – 2 Real Madrid
Real Madrid 0 – 1 Villarreal
Villarreal 2 – 3 Real Madrid

Photo: The Telegraph , Real Madrid Twitter , Bale Twitter
Ko Kyue(Akhayar)
www.akhayar.com