ဒီနေ့ညမှာတော့ ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၁)အဖြစ် အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

ဆယ်လ်တာဗီဂို – ရီးယဲလ်မက်ဒရစ် ( စနေည ၉း၃၀ နာရီ )

(၂)သင်းလုံးရဲ့ လတ်တလော ရာသီကြိုခြေစမ်းပွဲရလဒ်တွေကို ကြည့်မယ်ဆိုရင်တော့ အားစရာသိပ်မကောင်းဘဲ ပုံမှန်အနေအထားလောက်မှာသာရှိနေကြပါတယ်။ ဒီပွဲစဉ်ဟာ ရီးယဲလ်အသင်းရဲ့ ခြေစွမ်းအစစ်အမှန်ကို အဖြေပေးသွားမယ့် ပွဲစဉ်ဖြစ်ပြီး လက်ရှိဖိအားတွေအောက်ကနေ ရုန်းထွက်ချင်ရင်တော့ ဒီပွဲကိုမဖြစ်မနေအနိုင်ကစားသွားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဆယ်လ်တာဗီဂိုအသင်းကလည်း အိမ်ကွင်းခြေစွမ်းမာကျောတဲ့ အသင်းဖြစ်တာကြောင့် ရီးယဲလ်အသင်းဆီကနေ ရမှတ်ခွဲယူနိုင်တဲ့ အနေအထားမှာတော့ ရှိနေပါတယ်။ ဒီ(၂)သင်းရဲ့ အခုနောက်ပိုင်းတွေ့ဆုံထားတဲ့ ရလဒ်တွေကိုကြည့်ရင်တော့ ရီးယဲလ်အသင်းက ဆယ်လ်တာဗီဂိုအသင်းကို အိမ်ကွင်း ၊ အဝေးကွင်းမရွေး အသာရထားတာကြောင့် ဒီအချက်ကေ ရီးယဲလ်အသင်းအတွက် ကျေနပ်စရာ အခြေအနေဖြစ်ပါတယ်။

ဒီပွဲမှာတော့ နည်းပြဇီဒန်း Zidane ဘယ်လို လူအခင်းအကျင်း ၊ ဘယ်လိုကစားကွက်နဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပြီး ဟာဇက် Hazard ကလည်း ဒဏ်ရာကြောင့် ဒီပွဲကိုလွဲချော်ဖို့ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။လက်ရှိ (၂)သင်းလုံးရဲ့ခြေစွမ်းတွေဟာ မှန်းဆရခက်ခဲနေပြီး အဓိကကတော့ တည်ငြိမ်မှုမရှိကြဘူး ဖြစ်နေကြတာပါ။ ဆယ်လ်တာဗီဂိုအသင်းကလည်း ရီးယဲလ်ကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရလဒ်အတွက်တော့ ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ ဒါပေမယ့် အနိုင်ရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားသွားရဖို့ ရှိပြီး ဆယ်လ်တာဗီဂို ( ၁ – ၂ )ရီးယဲလ် ရလဒ်မျိုးနဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ဆယ်လ်တာဗီဂို – ရီးယဲလ်မက်ဒရစ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Real Madrid 2 – 0 Celta de Vigo
Celta de Vigo 2 – 4 Real Madrid
Real Madrid 6 – 0 Celta de Vigo
Celta de Vigo 2 – 2 Real Madrid
Celta de Vigo 1 – 4 Real Madrid

Photo: Bóng đá , Laliga Twitter
Ko Kyue(Akhayar)
www.akhayar.com