မနက်ဖြန်မနက် အစောပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်(၂)အဖြစ် အိမ်ကွင်းမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ဘာစီလိုနာ – ဘက်တစ် ( တနင်္လာမနက် ၁း၃၀ နာရီ )

ဘာစီလိုနာအသင်း လာလီဂါမှာ မဖြစ်မနေနိုင်ပွဲရှာဖွေရမယ့် အချိန်ရောက်နေပါပြီ။ ပွဲစဉ်(၁)မှာ ဘာစီလိုနာအသင်း ဟာ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ လုံးဝအမှားခံလို့ မရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ ဘက်တစ်အသင်းကလည်း ပွဲစဉ်(၁)မှာ ဗယ်လာဒိုလစ်ကို ရှုံးနိမ့်ထားတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ ဒီပွဲမှာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပုံမှန်ခြေစွမ်းကို ပြနိုင်ရင်ပဲ ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ Messi က ကြံခိုင်မှုပိုင်းကြောင့် ဆက်ပြီးလွဲချော်မှာဖြစ်သလို ဘီလ်ဘာအိုနဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ် Suárez နဲ့ ဒမ်ဘီလီ Dembélé တို့ကလည်း လွဲချော်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဘာစီလိုနာတိုက်စစ်ကို ဂရစ်ဇ်မန်း Griezmann ဦးဆောင်လာမှာဖြစ်ပြီး အသင်းနဲ့ အံမ၀င်သေးတဲ့ အနေအထားကို အဆုံးသတ်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဂရစ်ဇ်မန်း ဟာ လာလီဂါအတွေ့အကြုံကောင်းပြီး ခြေစွမ်းလည်းပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် အခု ဘာစီလိုနာအသင်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အသင်းကို ဆွဲတင်ပေးသွားဖို့ လိုအပ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းထက် ကွင်းလယ်ကို အဓိကထားကစားပြီး အားကိုးသွားဖို့ ရှိနေသလို ဘက်တစ်အသင်းကတော့ လက်ရှိခြေစွမ်းအရ သရေရလဒ်ရယူနိုင်ရင်ပဲ ကျေနပ်ရမှာပါ။ အနိုင်ရလဒ်အတွက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်ချင်ပြီး ဘာစီလိုနာ (၂ – ၁ ) ဘက်တစ် ရလဒ်မျိုးဖြစ်လာနိုင်ပါတယ်။

ဘာစီလိုနာ – ဘက်တစ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Real Betis 1 – 4 Barcelona
Barcelona 3 – 4 Real Betis
Real Betis 0 – 5 Barcelona
Barcelona 2 – 0 Real Betis
Real Betis 1 – 1 Barcelona

Photo: Barcelona Twitter , FC Barcelona Noticias
Ko Kyue (Akhayar)
www.akhayar.com