[Zawgyi]

မက္စ္တဲလားမွာ ဘာစီလိုနာကို ဧည္႔ခံမယ္႔ ဗလင္စီယာ

ဒီတစ္ပတ္ရဲ႕ လာလီဂါပြဲစဥ္(၈)မွာေတာ႔ ပြဲေကာင္းတစ္ပြဲအျဖစ္ ဗလင္စီယာ – ဘာစီလိုနာပြဲပါ၀င္ေနပါတယ္။ ဘာစီလိုနာအသင္းဟာ ဗလင္စီယာကြင္းမွာ အနည္းငယ္႐ုန္းကန္ရေလ႔ရိွတာေၾကာင္႔ ဒီပြဲဟာစိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

ဗလင္စီယာ ႏွင္႔ ဘာစီလိုနာ ( တနလၤာမနက္ ၁း၁၅ နာရီ )

Valencia-Vs-Barcelona

Valencia-Vs-Barcelona

ႏွစ္သင္းလံုးရဲ႕ လက္ရိွအေနအထားဟာ သိပ္ျပီးကြာျခားခ်က္ေတာ႔မရိွပါဘူး။ ဗလင္စီယာအသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၄)ပြဲဆက္ ရံႈးပြဲမရိွကစားထားေပမယ္႔ ေျခစြမ္းကေတာ႔ အားရစရာမေကာင္းသလို တိုက္စစ္ပိုင္းလည္း အားနည္းေနပါတယ္။ ဘာစီလိုနာအသင္းကေတာ႔ လာလီဂါ(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားသလို ရီးယဲလ္အသင္းရဲ႕ ေျခေခ်ာ္မႈကိုလည္း အခြင္႔အေရးယူဖို႔ လိုအပ္ေနတာေၾကာင္႔ ဒီပြဲမွာရလဒ္ေကာင္းရဖို႔ ၾကိဳးစားလာမွာက ေသခ်ာေနပါတယ္။ ဗလင္စီယာအေနနဲ႔ သေရရလဒ္ ေမွ်ာ္လင္႔ခြင္႔ရိွေပမယ္႔ ႏိုင္ပြဲျပန္ရွာေဖြမယ္႔ ဘာစီလိုနာအသင္းကိုပဲ အႏိုင္ရလဒ္အတြက္ ေရြးခ်ယ္ရမွာပါ။ ႏွစ္သင္းေပါင္း သြင္းဂိုးနည္းႏိုင္ျပီး ဘာစီလိုနာကပ္ႏိုင္ပါလိမ္႔မယ္။

ဗလင္စီယာ ႏွင္႔ ဘာစီလိုနာ ျပိဳင္ပြဲစံု ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္

Barcelona 2 – 1 Valencia
Valencia 0 – 2 Barcelona
Barcelona 1 – 0 Valencia
Valencia 1 – 1 Barcelona
Barcelona 4 – 2 Valencia

Photo: República.gt , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မက်စ်တဲလားမှာ ဘာစီလိုနာကို ဧည့်ခံမယ့် ဗလင်စီယာ

ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၈)မှာတော့ ပွဲကောင်းတစ်ပွဲအဖြစ် ဗလင်စီယာ – ဘာစီလိုနာပွဲပါဝင်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ဗလင်စီယာကွင်းမှာ အနည်းငယ်ရုန်းကန်ရလေ့ရှိတာကြောင့် ဒီပွဲဟာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဗလင်စီယာ နှင့် ဘာစီလိုနာ ( တနင်္လာမနက် ၁း၁၅ နာရီ )

Valencia-Vs-Barcelona

Valencia-Vs-Barcelona

နှစ်သင်းလုံးရဲ့ လက်ရှိအနေအထားဟာ သိပ်ပြီးကွာခြားချက်တော့မရှိပါဘူး။ ဗလင်စီယာအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိကစားထားပေမယ့် ခြေစွမ်းကတော့ အားရစရာမကောင်းသလို တိုက်စစ်ပိုင်းလည်း အားနည်းနေပါတယ်။ ဘာစီလိုနာအသင်းကတော့ လာလီဂါ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို ရီးယဲလ်အသင်းရဲ့ ခြေချော်မှုကိုလည်း အခွင့်အရေးယူဖို့ လိုအပ်နေတာကြောင့် ဒီပွဲမှာရလဒ်ကောင်းရဖို့ ကြိုးစားလာမှာက သေချာနေပါတယ်။ ဗလင်စီယာအနေနဲ့ သရေရလဒ် မျှော်လင့်ခွင့်ရှိပေမယ့် နိုင်ပွဲပြန်ရှာဖွေမယ့် ဘာစီလိုနာအသင်းကိုပဲ အနိုင်ရလဒ်အတွက် ရွေးချယ်ရမှာပါ။ နှစ်သင်းပေါင်း သွင်းဂိုးနည်းနိုင်ပြီး ဘာစီလိုနာကပ်နိုင်ပါလိမ့်မယ်။

ဗလင်စီယာ နှင့် ဘာစီလိုနာ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Barcelona 2 – 1 Valencia
Valencia 0 – 2 Barcelona
Barcelona 1 – 0 Valencia
Valencia 1 – 1 Barcelona
Barcelona 4 – 2 Valencia

Photo: República.gt , Goal.com
Ko Kyue(Akhayar)
www.akhayar.com