[Zawgyi]



(၃) ကော်တင်ဟို Coutinho

Coutinho

Coutinho



Griezmann

Griezmann


(၁) မက်ဆီ Messi

Messi

Messi


Ref: Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါပြိုင်ပွဲရဲ့ တန်ကြေးအမြင့်ဆုံးကစားသမားများ

လာလီဂါပြိုင်ပွဲဆိုတာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲတွေထဲက တစ်ခုပါ။ အရင်ကဆို ရီးယဲလ် ၊ ဘာစီလိုနာအသင်းတွေကပဲ လွှမ်းမိုးထားတဲ့ လာလီဂါဟာ ဒီနှစ်မှာတော့ အရင်ကထက်ပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ ဒါဟာကောင်းတဲ့ အရာဆိုပေမယ့် ရီးယဲလ် ၊ ဘာစီလိုနာအသင်းတွေကျဆင်းလာတယ်ဆိုတာကိုလည်း လက်ခံရမှာပါ။ လက်ရှိမှာတော့ နာမည်ကျော် အားကစားဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Sportskeeda က လာလီဂါပြိုင်ပွဲရဲ့ တန်ကြေးအမြင့်ဆုံးကစားသမားတွကို ဖော်ပြပေးခဲ့တာကြောင့် Akhayar Sports ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၃) ကော်တင်ဟို Coutinho

Coutinho

Coutinho

ဘာစီလိုနာ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို Coutinho ဟာ သူ့ရဲ့ခြေစွမ်းကောင်းတွေကို လီဗာပူးလ်အသင်းနဲ့ သက်သေပြပြီးခဲ့သလို လက်ရှိ ဘာစီလိုနာအသင်းမှာလည်း အကောင်းဆုံးစွမ်းဆောင်ပြနေသူပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော်တင်ဟို ရဲ့ လက်ရှိတန်ကြေးဟာ ယူရိုသန်း (၁၅၀)ဖြစ်ပါတယ်။

(၂) ဂရစ်ဇ်မန်း Griezmann

Griezmann

Griezmann

လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ကိုခေါ်ယူချင်တဲ့ အသင်းတွေအများအပြားရှိတယ်ဆိုတာ အားလုံးအသိပါပဲ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အက်သလက်တီကိုအသင်းရဲ့ အောင်မြင်မှုတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ အောင်မြင်မှုတွေမှာ ဂရစ်ဇ်မန်း ရဲ့ခြေစွမ်းဟာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့တာပါ။ လက်ရှိမှာလည်း အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ဂရစ်ဇ်မန်း ရဲ့ လက်ရှိတန်ကြေးဟာ ယူရိုသန်း (၁၅၀)ပဲဖြစ်ပါတယ်။

(၁) မက်ဆီ Messi

Messi

Messi

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီ Messi ကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ခြွင်းချက်မရှိရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ကျဆင်းမှုတွေရှိလာပေမယ့် လက်ရှိအချိန်ထိ ပုံစံသိပ်မပျက်သွားတာက မက်ဆီရဲ့ ခြေစွမ်းတွေကြောင့် ဆိုရင် ငြင်းဆန်ကြမယ်လို့ မထင်မိပါဘူး။ စံချိန်မှတ်တမ်းကောင်းတွေကို တစ်ခုပြီးတစ်ခုချိုးဖျက်နေတဲ့ မက်ဆီ ရဲ့ လက်ရှိတန်ကြေးဟာ ယူရိုသန်း (၁၈၀)ဖြစ်ပါတယ်။

Ref: Sportskeeda
Photo: FOX Sports Asia , Futaa , World Report
Ko Kyue(Akhayar)
www.akhayar.com