[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Tattoo အသစ် ကို အဓိပ္ပါယ်ရှိရှိပုံဖော်လိုက်တဲ့ လိမ္မော်သီး

အဆိုတော် လိမ္မော်သီးက သူမထိုးထားတဲ့ Tattoo ပုံအသစ်ကို သူမရဲ့ Instagram မှာ တင်ထားတာတွေ့ရပါတယ်။ ထိုးထားတဲ့ Tattoo အသစ်မှာ အဓိပ္ပါယ်တွေ များစွာပါဝင်နေတယ်လို့ ခံစားမိစေပါတယ်။ လိမ္မော်သီးတစ်လုံး ၊ ပန်းတစ်ပွင့် နဲ့ သူ့အကြောင်းကို သေချာမသိဘဲ သူ့ကို မဝေဖန်မိစေနဲ့ ဆိုတဲ့ စာလေးကတော်တော်ကို ထိမိလှပါတယ် ရေးထားတာ အပြည့်အစုံကတော့ “Everyone has a story …
Don’t judge me before you know my story ….” ပဲဖြစ်ပါတယ်။

သီချင်းဆိုရင် အင်အားအပြည့်ထည့်ပြီး သီဆိုတတ်တဲ့ သူမရဲ့သီချင်းဆိုတဲ့ စတိုင်ကြောင့် သတိထားမိသလို မြန်မာဆန်ဆန်အဝတ်အစားလေးတွေကို ဝတ်ပြီး ဆံပင်အရှည်နဲ့ ကြည့်ကောင်းတဲ့အတွက် မီဒီယာတွေမှာလည်း သူမရဲ့ပုံတွေကမကြာခဏဆိုသလို ဖော်ပြခြင်းခံရပါတယ်။

မွန်မလေးဖြစ်လို့ မွန်ထမီလေးတွေ ကို ဝတ်ဆင်တတ်သလို Rock သီချင်းတွေ ကြိုက်နှစ်သက်တဲ့ လိမ္မော်သီးကို ပရိသတ်ကြီးက ချစ်တယ်ဆိုရင် လည်း တစ်ခုခုပြောခဲ့ဦးနော်။

Photo Credit:lmtjunon Instagram

ကြည်သာ (Akhayar)

www.akhayar.com