[Zawgyi]





ကြည်သာ (Akhayar)

Photo Credit:ELLE

www.akhayar.com
[Unicode]

Lady Gaga နဲ့သူမ ဝတ်ဆင်ခဲ့တဲ့ အလန်းစားဖက်ရှင်ဒီဇိုင်းများ

Lady Gaga ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတချို့ ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သီချင်းဆိုတဲ့နေရာမှာအောင်မြင်သလို သူမရဲ့ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေနဲ့ပတ်သက်ပြီးတော့လည်း အမေရိကန်နိုင်ငံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Council of Fashion Designers of America(CFDA) ရဲ့The Fashion Icon Lifetime ဆုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Lady Gaga ကို ၁၉၈၆ ခုနှစ်မတ်လ ၂၈ ရက်နေ့မှာမွေးဖွားခဲ့တဲ့အတွက်အခုဆိုရင် အသက် ၃၂ နှစ်ရှိပြီဖြစ်ပါတယ်။ ဖက်ရှင်အလန်းတွေဝတ်ဆင်တတ်သလို သူမရဲ့ကိုယ်ပိုင်ဟန်ပန်နဲ့ သီဆိုတတ်တဲ့ သီချင်းတွေကြောင့် ပရိသတ်ရဲ့ အသိအမှတ်ပြုခြင်းကိုခံထားရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Lady Gaga ဟာ Grammy ဆုကို ၆ ကြိမ်ရရှိထားပြီး Golden Globe ဆုနဲ့ MTV Video Music Awards ကိုလည်း ၁၃ ကြိမ်တိုင်တိုင် ရရှိထားသူဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:ELLE

www.akhayar.com