[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com[Unicode]

“Lady Boy” ရုပ်ရှင်ဇာတ်ကားအတွက် နေပြည်တော်ကို ရောက်ရှိနေတဲ့ Kaew Korravee

နေပြည်တော်ကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ရောက်ရှိနေတဲ့ Kaew Korravee ရဲ့ပုံရိပ်တချို့ကို မျှဝေလိုက်ပါတယ်။ Korravee ဟာ “Lady Boy” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ အတွက် နေပြည်တော်ကို ရောက်ရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

“Lady Boy” ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေအနေနဲ့ အိချောပို ၊ Kawe Korravee ၊ ပြေတီဦး ၊ ကျော်ကျော်ဗိုလ် ၊ ထူးအောင် တို့ ပါဝင်ကြတယ်လို့သိရပါတယ်။

Korravee ဟာ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ရင်ထဲ ကိုရောက်ရှိလာခဲ့တဲ့ ထိုင်းမင်းသမီးဖြစ်ပါတယ်။ အခုဆိုရင်လည်း မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေပြီး ကြော်ငြာရိုက်ကူးခြင်း တွေကိုပါအခါအားလျော်စွာ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit:Kawe Korravee Facebook

ကြည်သာ (Akhayar)

www.akhayar.com