[Zawgyi]

အိပ္ေရးပ်က္ေလေလ အဝလြန္ေလဆိုတာ သိၿပီးၿပီးလား

အိပ္္စက္ခ်ိန္မ်ားရင္ ဝလာလိမ့္မယ္လို႔ လူေတြေျပာတာကို ၾကားဖူးတဲ႔အတြက္ အရမ္းအိပ္ခ်င္ရင္ေတာင္ ဝလာၿပီး မလွမွာစိုးလို႔ အိပ္ခ်င္တာကို အတင္းႀကိတ္မွိတ္ၿပီး ထိန္းခ်ဳပ္ထားတဲ႔သူေတြ ရွိပါတယ္။ ခႏၶာကိုယ္ဖဲြ႔စည္းပံုက တစ္ဦးနဲ႔တစ္ဦး မတူညီတဲ႔အတြက္ တခ်ဳိ႕က ဘယ္ေလာက္အိပ္အိပ္ ဘယ္ေလာက္စားစား မဝလာေပမယ့္ တခ်ဳိ႕ကေတာ့ နည္းနည္းေလးအိပ္လိုက္တာနဲ႔ ဝလာတာမ်ဳိး ျဖစ္္တတ္ၾကပါတယ္။

ေလ့လာေတြ႕ရွိမႈအသစ္တစ္ခုဟာ အိပ္စက္ျခင္းကို ခံုမင္သူအတြက္ေတာ့ သတင္းေကာင္းလို႔ ေျပာလို႔ရပါတယ္။ အဲ့ဒီေလ့လာေတြ႕ရွိမႈအသစ္က ညဘက္သေရစာစားျခင္းဟာ အဝလြန္ျခင္းရဲ႕ အဓိကတရားခံမဟုတ္ဘဲ အိပ္ေရးပ်က္္ျခင္းကသာ အဝလြန္ျခင္းနဲ႔ ဆက္စပ္မႈရွိလာတာကို ေတြ႔ရွိရျခင္းပဲ ျဖစ္ပါတယ္။ ေနာက္ဆံုးရွာေဖြ႔ေတြ႔ရွိထားတဲ႔ သက္ေသအေထာက္ထားေတြအရ အိပ္စက္ျခင္း အေႏွာင္႔အယွက္ျဖစ္လာတဲ႔အခါ ခႏၶာကိုယ္ရွိ ဇီဝတြင္းျဖစ္ပ်က္မႈေတြ ေျပာင္းလဲလာၿပီး အဆီေတြကို သိမ္းဆည္းႏိုင္ဖို႔အတြက္ ခႏၶာကိုယ္တြင္းစြမ္းရည္ေတြဟာ ပိုမိုျမင့္တက္လာပါတယ္။

သိပၸံနည္းက် ရွာေဖြေတြ႔ရွိထားတဲ႔ သက္ေသအေထာက္အထားေတြအရ အိပ္စက္ျခင္းကို ထိခိုက္လာတဲ႔အခါမွာ ခႏၶာကိုယ္တြင္း ဇီဝနာရီျဖစ္ပ်က္မႈေတြဟာ ကေျပာင္းကျပန္ျဖစ္လာၿပီး ႏွလံုးေရာဂါနဲ႔ ဆီးခ်ဳိေရာဂါကဲ႔သုိ႔ေသာ က်န္းမာေရးျပသာနာေတြ က်ယ္ျပန္႔စြာ ျဖစ္ပြားလာတာကို ေတြ႔ရွိရပါတယ္။

ဆီြဒင္ႏိုင္ငံရွိ Uppsala University က သုေတသနျပဳလုပ္သူ Dr Jonathan Cedernaes ရဲ႕ ရွာေဖြေတြ႔ရွိခ်က္္အရ ေျပာၾကားထားတာကေတာ့ အိပ္ေပ်ာ္ျခင္းလုပ္ငန္းစဥ္ဟာ အစားထုိးမရတဲ႔ လုပ္ငန္းစဥ္တစ္ခု ျဖစ္တယ္ဆိုတာကို ေထာက္ျပေျပာဆိုထားျခင္း ျဖစ္ပါတယ္။ “အိပ္စက္ျခင္းဟာ ခႏၶာကိုယ္တြင္း စြမ္းအင္ေတြကို ထိန္းသိမ္းေပးရုံသာမက တျခားေသာ လုပ္ငန္းေဆာင္တာေျမာက္ျမားစြာကို လုပ္ေဆာင္ေပးပါတယ္” လို႔လည္း သူက ဆိုထားပါေသးတယ္။

အဝလြန္မႈႏႈန္း တိုးလာျခင္းနဲ႔ ဆီးခ်ဳိေရာဂါ ျဖစ္ပြားမႈႏႈန္းတုိးျမင္႔လာျခင္းဟာ အိပ္ေရးပ်က္ျခင္နဲ႔လည္း ပတ္သက္ဆက္ႏြယ္ေနပါတယ္ဆိုတဲ႔အခ်က္ကို နားလည္ေအာင္ ရွင္းျပဖို႔အတြက္ ခက္ခဲသလို ေနာက္ကြယ္က အေၾကာင္းအရာေတြကလည္း ရႈပ္ေထြးလွပါတယ္။ လံုေလာက္တဲ႔အိပ္စက္မႈကို မရရွိတဲ႔အခါ အစားစာခ်င္စိတ္ ပိုမိုျဖစ္ေပၚလာေစႏိုင္ၿပီး ဗုိက္ျပည္႔ေစတဲ႔ ခံစားမႈျဖစ္ေပၚေစတဲ႔ ေဟာ္မုန္းေတြကို ထိခိုက္လာေစပါတယ္။ အဲဒီလိုျဖစ္လာတဲ႔အခါမွာ အိပ္ေရးမဝေလ ပိုစားခ်င္ေလျဖစ္လာၿပီး ေလ့က်င္ခန္းလုပ္တဲ့အခါမွာလည္း သာမန္ထက္ ပိုမိုပင္ပန္းလာၿပီး ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္မႈ စြမ္းရည္ေတြလည္း ေလ်ာ့က်လာပါတယ္။ အလြန္အက်ဴးစားလာတဲ႔အခါမ်ဳိးမွာလည္း သာမန္အစားအစာေတြထက္ ကယ္လိုရီမ်ားတဲ႔ အစားအစာေတြကို ေရြးခ်ယ္စားသံုးတတ္လာတာကို ေတြ႔ရပါတယ္လို႔ Dr Cedernaes နဲ႔ သူရဲ႕လုပ္ေဖာ္ကိုင္ဘက္ေတြက ေလ့လာေတြ႔ရွိမႈအရ တင္ျပထားတာကို ေတြ႔ရပါတယ္။

ဒါ့အျပင္ အဝလြန္ျခင္းဟာ Sleep Apnoea ျဖစ္ပြားမႈႏႈန္းကို ပိုမိုတိုးျမင့္လာေစပါတယ္။ Sleep Apnoea ဆိုတာ အိပ္စက္ေနစဥ္အတြင္းမွာ အသက္ရႈရခက္ခဲျခင္း ျဖစ္ပါတယ္။ အသက္ရႈရခက္ခဲေလ အိပ္စက္လို႔မရျဖစ္ေလ အိပ္စက္လို႔မရေလ အဝလြန္မႈႏႈန္းတိုးလာေလနဲ႔ တစ္ပတ္လည္လို႔ေနပါတယ္။

ဒါ့အျပင္ အိပ္ေရးမဝျခင္းဟာ အေျခခံဇီဝတြင္းျဖစ္ပ်က္မႈ၊ အဆီနဲ႔ ၾကြက္သားထုေတြအၾကား ဟန္ခ်က္ညီေအာင္ ထိန္္းသိမ္းႏိုင္မႈေတြအေပၚ တိုက္ရုိက္သက္ေရာက္မႈ ရွိေနပါေသးတယ္။ အဲဒီလိုသက္ေရာက္မႈရွိတာကို Journal Science Advances က က်န္းမာတဲ႔ Volunteers ၁၅ ဦးကို ေခၚယူၿပီး Session ႏွစ္ခုျပဳလုပ္ကာ ေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ Volunteers ၁၅ ဦးကို အဖဲြ႕ႏွစ္ခုခဲြၿပီး တစ္ဖဲြ႕ကို အိပ္ေရးဝဝအိပ္ေစၿပီး ေနာက္တစ္ဖဲြ႕ကို ေနာက္က်မွ အိပ္ေစကာ အဆိုပါႏွစ္ဖဲြ႔ရဲ႕ အဆီ၊ၾကြက္သားတစ္ရႈးနဲ႔ ေသြးနမူနာေတြယူကာ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ႔႔ပါတယ္။

အိပ္ေရးမဝတဲ႔အဖဲြ႔မွာ သိပၸံပညာရွင္ေတြ ေတြ႔ရွိတဲ႔အခ်က္တစ္ခုကေတာ့ ၾကြက္သားထုကို ထိန္းသိမ္းရန္နဲ႔ တည္ေဆာက္ရန္အတြက္ လုိအပ္တဲ႔ ပရုိတိန္းဓာတ္ေတြဟာ သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာ ေလ်ာ့နည္းေနတာကုိ ေတြ႔ရပါတယ္။ ညဘက္အဆိုင္းနဲ႔ အလုပ္လုပ္ရတဲ့သူေတြနဲ႔ အိပ္ေရးမဝတဲ႔သူေတြဟာ ၾကြက္သားထုေတြ ေလ်ာ့က်ေနရတာလည္း ဒီအခ်က္ေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ လြန္ခဲ႔တဲ႔ႏွစ္ ေလ့လာမႈ ၂၈ ခုအရ ရွာေဖြ႔ေတြ႔ရွိခဲ့တာကေတာ့ ညဆိုင္းလုပ္ရတဲ႔ အလုပ္သမားေတြရဲ႕ ၂၉ ရာခိုင္ႏႈန္းဟာ အဝလြန္မႈႏႈန္းပိုမိုတိုးျမင္႔လာၿပီး ညဆိုင္း၊ ေန႔ဆိုင္း အလွည္႔က် လုပ္ရတဲ့ အလုပ္သမားေတြကေတာ့ အဝလြန္ေနတာကို ေတြ႔႔ရပါတယ္။

အိပ္ေရးမဝတဲ႔အခါမွာ ခႏၶာကိုယ္အလွအပလည္းပ်က္ေစၿပီး အဝလြန္တာ၊ က်န္းမာေရး ျပသာနာေတြ အမ်ားအျပား ျဖစ္ပြားေစႏုိင္တဲ႔အတြက္ အိပ္ခ်္ိန္ကို ပံုေသေလးထားရွိေပးၿပီး အိပ္ေရးဝဝေလးအိပ္စက္ေပးျခင္းျဖင္႔ က်န္းမာေရးနဲ႔ အလွအပကို ဂရုစိုက္လိုက္ပါ။

H.H(Akhayar)

www.akhayar.com

[Unicode]

အိပ်ရေးပျက်လေလေ အဝလွန်လေဆိုတာ သိပြီးပြီးလား

အိပ်စက်ချိန်များရင် ဝလာလိမ့်မယ်လို့ လူတွေပြောတာကို ကြားဖူးတဲ့အတွက် အရမ်းအိပ်ချင်ရင်တောင် ဝလာပြီး မလှမှာစိုးလို့ အိပ်ချင်တာကို အတင်းကြိတ်မှိတ်ပြီး ထိန်းချုပ်ထားတဲ့သူတွေ ရှိပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တစ်ဦးနဲ့တစ်ဦး မတူညီတဲ့အတွက် တချို့က ဘယ်လောက်အိပ်အိပ် ဘယ်လောက်စားစား မဝလာပေမယ့် တချို့ကတော့ နည်းနည်းလေးအိပ်လိုက်တာနဲ့ ဝလာတာမျိုး ဖြစ်တတ်ကြပါတယ်။

လေ့လာတွေ့ရှိမှုအသစ်တစ်ခုဟာ အိပ်စက်ခြင်းကို ခုံမင်သူအတွက်တော့ သတင်းကောင်းလို့ ပြောလို့ရပါတယ်။ အဲ့ဒီလေ့လာတွေ့ရှိမှုအသစ်က ညဘက်သရေစာစားခြင်းဟာ အဝလွန်ခြင်းရဲ့ အဓိကတရားခံမဟုတ်ဘဲ အိပ်ရေးပျက်ခြင်းကသာ အဝလွန်ခြင်းနဲ့ ဆက်စပ်မှုရှိလာတာကို တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးရှာဖွေ့တွေ့ရှိထားတဲ့ သက်သေအထောက်ထားတွေအရ အိပ်စက်ခြင်း အနှောင့်အယှက်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်ရှိ ဇီဝတွင်းဖြစ်ပျက်မှုတွေ ပြောင်းလဲလာပြီး အဆီတွေကို သိမ်းဆည်းနိုင်ဖို့အတွက် ခန္ဓာကိုယ်တွင်းစွမ်းရည်တွေဟာ ပိုမိုမြင့်တက်လာပါတယ်။

သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားတဲ့ သက်သေအထောက်အထားတွေအရ အိပ်စက်ခြင်းကို ထိခိုက်လာတဲ့အခါမှာ ခန္ဓာကိုယ်တွင်း ဇီဝနာရီဖြစ်ပျက်မှုတွေဟာ ကပြောင်းကပြန်ဖြစ်လာပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးပြသာနာတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလာတာကို တွေ့ရှိရပါတယ်။

ဆွီဒင်နိုင်ငံရှိ Uppsala University က သုတေသနပြုလုပ်သူ Dr Jonathan Cedernaes ရဲ့ ရှာဖွေတွေ့ရှိချက်အရ ပြောကြားထားတာကတော့ အိပ်ပျော်ခြင်းလုပ်ငန်းစဉ်ဟာ အစားထိုးမရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုတာကို ထောက်ပြပြောဆိုထားခြင်း ဖြစ်ပါတယ်။ “အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို ထိန်းသိမ်းပေးရုံသာမက တခြားသော လုပ်ငန်းဆောင်တာမြောက်မြားစွာကို လုပ်ဆောင်ပေးပါတယ်” လို့လည်း သူက ဆိုထားပါသေးတယ်။

အဝလွန်မှုနှုန်း တိုးလာခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းတိုးမြင့်လာခြင်းဟာ အိပ်ရေးပျက်ခြင်နဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်ဆိုတဲ့အချက်ကို နားလည်အောင် ရှင်းပြဖို့အတွက် ခက်ခဲသလို နောက်ကွယ်က အကြောင်းအရာတွေကလည်း ရှုပ်ထွေးလှပါတယ်။ လုံလောက်တဲ့အိပ်စက်မှုကို မရရှိတဲ့အခါ အစားစာချင်စိတ် ပိုမိုဖြစ်ပေါ်လာစေနိုင်ပြီး ဗိုက်ပြည့်စေတဲ့ ခံစားမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ထိခိုက်လာစေပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ အိပ်ရေးမဝလေ ပိုစားချင်လေဖြစ်လာပြီး လေ့ကျင်ခန်းလုပ်တဲ့အခါမှာလည်း သာမန်ထက် ပိုမိုပင်ပန်းလာပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု စွမ်းရည်တွေလည်း လျော့ကျလာပါတယ်။ အလွန်အကျူးစားလာတဲ့အခါမျိုးမှာလည်း သာမန်အစားအစာတွေထက် ကယ်လိုရီများတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတတ်လာတာကို တွေ့ရပါတယ်လို့ Dr Cedernaes နဲ့ သူရဲ့လုပ်ဖော်ကိုင်ဘက်တွေက လေ့လာတွေ့ရှိမှုအရ တင်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အဝလွန်ခြင်းဟာ Sleep Apnoea ဖြစ်ပွားမှုနှုန်းကို ပိုမိုတိုးမြင့်လာစေပါတယ်။ Sleep Apnoea ဆိုတာ အိပ်စက်နေစဉ်အတွင်းမှာ အသက်ရှုရခက်ခဲခြင်း ဖြစ်ပါတယ်။ အသက်ရှုရခက်ခဲလေ အိပ်စက်လို့မရဖြစ်လေ အိပ်စက်လို့မရလေ အဝလွန်မှုနှုန်းတိုးလာလေနဲ့ တစ်ပတ်လည်လို့နေပါတယ်။

ဒါ့အပြင် အိပ်ရေးမဝခြင်းဟာ အခြေခံဇီဝတွင်းဖြစ်ပျက်မှု၊ အဆီနဲ့ ကြွက်သားထုတွေအကြား ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုတွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါသေးတယ်။ အဲဒီလိုသက်ရောက်မှုရှိတာကို Journal Science Advances က ကျန်းမာတဲ့ Volunteers ၁၅ ဦးကို ခေါ်ယူပြီး Session နှစ်ခုပြုလုပ်ကာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Volunteers ၁၅ ဦးကို အဖွဲ့နှစ်ခုခွဲပြီး တစ်ဖွဲ့ကို အိပ်ရေးဝဝအိပ်စေပြီး နောက်တစ်ဖွဲ့ကို နောက်ကျမှ အိပ်စေကာ အဆိုပါနှစ်ဖွဲ့ရဲ့ အဆီ၊ကြွက်သားတစ်ရှုးနဲ့ သွေးနမူနာတွေယူကာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိပ်ရေးမဝတဲ့အဖွဲ့မှာ သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့အချက်တစ်ခုကတော့ ကြွက်သားထုကို ထိန်းသိမ်းရန်နဲ့ တည်ဆောက်ရန်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ လျော့နည်းနေတာကို တွေ့ရပါတယ်။ ညဘက်အဆိုင်းနဲ့ အလုပ်လုပ်ရတဲ့သူတွေနဲ့ အိပ်ရေးမဝတဲ့သူတွေဟာ ကြွက်သားထုတွေ လျော့ကျနေရတာလည်း ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့နှစ် လေ့လာမှု ၂၈ ခုအရ ရှာဖွေ့တွေ့ရှိခဲ့တာကတော့ ညဆိုင်းလုပ်ရတဲ့ အလုပ်သမားတွေရဲ့ ၂၉ ရာခိုင်နှုန်းဟာ အဝလွန်မှုနှုန်းပိုမိုတိုးမြင့်လာပြီး ညဆိုင်း၊ နေ့ဆိုင်း အလှည့်ကျ လုပ်ရတဲ့ အလုပ်သမားတွေကတော့ အဝလွန်နေတာကို တွေ့ရပါတယ်။

အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်အလှအပလည်းပျက်စေပြီး အဝလွန်တာ၊ ကျန်းမာရေး ပြသာနာတွေ အများအပြား ဖြစ်ပွားစေနိုင်တဲ့အတွက် အိပ်ချိန်ကို ပုံသေလေးထားရှိပေးပြီး အိပ်ရေးဝဝလေးအိပ်စက်ပေးခြင်းဖြင့် ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်လိုက်ပါ။

H.H(Akhayar)

www.akhayar.com