[Zawgyi]

အာဆင္နယ္ကုိ ပရီးမီးယားလိဂ္ (၇)ပဲြဆက္ မ႐ႈံးခဲ့တ့ဲ လီဗာပူးလ္

ပရီးမီးယားလိဂ္ပဲြစဥ္ (၁၁)ရဲ႕ အေကာင္းဆုံးပဲြစဥ္ျဖစ္တဲ့ အာဆင္နယ္နဲ႔ လီဗာပူးလ္ပဲြမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ အႀကိတ္အနယ္ကစားရင္း (၁)ဂုိးစီ သေရက်ခဲ့တယ္။ ႏွစ္သင္းစလုံးဟာ ကြင္းလယ္ကုိ အသာရဖုိ႔ထက္ တိုက္စစ္ခ်င္းၿပိဳင္ဖုိ႔ ကစားခဲ့တာေၾကာင့္ ပဲြက စိတ္လႈပ္ရွားစရာေကာင္းခဲ့ပါတယ္။ ႏွစ္သင္းစလုံး ဒီထက္ ဂုိးပုိရသင့္ၿပီး အခြင့္အေရးေတြ လဲြေခ်ာ္ခဲ့လုိ႔သာ (၁-၁)ဂုိးရလဒ္ ထြက္ေပၚခဲ့တာပါ။ အာဆင္နယ္အသင္းရဲ႕ Attacking Play ကုိ လီဗာပူးလ္ကလည္း Attacking နဲ႔ ျပန္တုံ႔ျပန္ခဲ့တယ္။ ဒါေပမဲ့ ကြင္းလယ္ခ်င္း ယွဥ္ရင္ေတာ့ အာဆင္နယ္က ပုိအသာရခဲ့တယ္လုိ႔ ဆုိရမယ္။

van-Dijk-Tried-To-Score

van-Dijk-Tried-To-Score

ပထမပုိင္း နာရီ၀က္ေလာက္မွာကတည္းက ႏွစ္သင္းစလုံး အပုိင္ဂုိးသြင္းခြင့္ (၃)ႀကိမ္ေလာက္ ရခဲ့ၿပီး ဂုိးသမားေတြ ေကာင္းေနတာရယ္၊ ကံဆုိးေနတာရယ္ေၾကာင့္ ဂုိးေစာေစာမရခဲ့ဘူး။ လီဗာပူးလ္အသင္းက ဆာလာ Mohamed Salah ကုိ ကုိလာရွီနက္ Kolašinac အပုိင္ထိန္းခ်ဳပ္ထားခဲ့လုိ႔ လီဗာပူးလ္ တိုက္စစ္အား က်သလုိျဖစ္ခဲ့ၿပီး ကြင္းလယ္မွာလည္း မီလ္နာ Milner ၊ ၀ုိင္နယ္လ္ဒန္း Wijnaldum ၊ ဖာဘင္ဟုိ Fabinho တို႔ တိုက္စစ္ထက္ ခံစစ္ကုိ ပုိအာ႐ုံစုိက္ေနခဲ့တာေၾကာင့္ အခြင့္အေရး ဖန္တီးႏုိင္မႈ အားနည္းခဲ့တယ္။ ေနာက္တစ္ခုကလည္း အာဆင္နယ္ကြင္းလယ္က ေတာ္ရဲရား Torreira၊ ခ်ာကာ Xhaka တို႔ လုိက္အား၊ ျဖတ္အား ေကာင္းေနတာေၾကာင့္လည္းပါတယ္။ အာဆင္နယ္အသင္း ဖိကစားခဲ့ေပမယ့္ တကယ္ဂုိးရသြားခဲ့တာက လီဗာပူးလ္ပါပဲ။

Milner-Score

Milner-Score

(၆၁)မိနစ္မွာ မာေနး Mane ရဲ႕ ျဖတ္တင္ေဘာကုိ အာဆင္နယ္ဂုိးသမား ေလႏုိ Leno ပုတ္ထုတ္ႏုိင္ခဲ့ေပမယ့္ မီလ္နာဆီ ေရာက္သြားတာေၾကာင့္ မီလ္နာက အပုိင္ကန္သြင္းယူခဲ့တယ္။ ဒါဟာ မီလ္နာရဲ႕ ပရီးမီးယားလိဂ္ ဂုိး(၅၀)ေျမာက္ျဖစ္ပါတယ္။

Lacazette

Lacazette

အာဆင္နယ္အသင္းအတြက္ ေခ်ပဂုိးကုိေတာ့ (၈၃)မိနစ္မွာ အီ၀ုိဘီ Iwobi ရဲ႕ ေပးပုိ႔မႈကုိ လာကာဇက္ Lacazette က လွလွပပကန္သြင္းယူခဲ့တာပါ။ ဒီပဲြမွာ သေရက်ခဲ့လုိ႔ လီဗာပူးလ္အသင္း ႐ႈံးပဲြမရွိ မွတ္တမ္းကုိ ဆက္ထိန္းထားႏုိင္ဆဲျဖစ္သလုိ အာဆင္နယ္နဲ႔ ဆုံေတြ႕တဲ့ ပရီးမီးယားလိဂ္(၇)ပဲြဆက္ မ႐ႈံးတဲ့မွတ္တမ္းေကာင္းကုိလည္း ဆက္ထိန္းႏုိင္ခဲ့တယ္။

AFC Bournemouth 1 – 2 Manchester United
Cardiff City 0 – 1 Leicester City
Everton 3 – 1 Brighton & Hove Albion
Newcastle United 1 – 0 Watford
West Ham United 4 – 2 Burnley
Arsenal 1 – 1 Liverpool

Photo:ArsenalCore,Liverpool Twitter,Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

အာဆင်နယ်ကို ပရီးမီးယားလိဂ် (၇)ပွဲဆက် မရှုံးခဲ့တဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်ပွဲမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ကစားရင်း (၁)ဂိုးစီ သရေကျခဲ့တယ်။ နှစ်သင်းစလုံးဟာ ကွင်းလယ်ကို အသာရဖို့ထက် တိုက်စစ်ချင်းပြိုင်ဖို့ ကစားခဲ့တာကြောင့် ပွဲက စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ နှစ်သင်းစလုံး ဒီထက် ဂိုးပိုရသင့်ပြီး အခွင့်အရေးတွေ လွဲချော်ခဲ့လို့သာ (၁-၁)ဂိုးရလဒ် ထွက်ပေါ်ခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ Attacking Play ကို လီဗာပူးလ်ကလည်း Attacking နဲ့ ပြန်တုံ့ပြန်ခဲ့တယ်။ ဒါပေမဲ့ ကွင်းလယ်ချင်း ယှဉ်ရင်တော့ အာဆင်နယ်က ပိုအသာရခဲ့တယ်လို့ ဆိုရမယ်။

van-Dijk-Tried-To-Score

van-Dijk-Tried-To-Score

ပထမပိုင်း နာရီဝက်လောက်မှာကတည်းက နှစ်သင်းစလုံး အပိုင်ဂိုးသွင်းခွင့် (၃)ကြိမ်လောက် ရခဲ့ပြီး ဂိုးသမားတွေ ကောင်းနေတာရယ်၊ ကံဆိုးနေတာရယ်ကြောင့် ဂိုးစောစောမရခဲ့ဘူး။ လီဗာပူးလ်အသင်းက ဆာလာ Mohamed Salah ကို ကိုလာရှီနက် Kolašinac အပိုင်ထိန်းချုပ်ထားခဲ့လို့ လီဗာပူးလ် တိုက်စစ်အား ကျသလိုဖြစ်ခဲ့ပြီး ကွင်းလယ်မှာလည်း မီလ်နာ Milner ၊ ဝိုင်နယ်လ်ဒန်း Wijnaldum ၊ ဖာဘင်ဟို Fabinho တို့ တိုက်စစ်ထက် ခံစစ်ကို ပိုအာရုံစိုက်နေခဲ့တာကြောင့် အခွင့်အရေး ဖန်တီးနိုင်မှု အားနည်းခဲ့တယ်။ နောက်တစ်ခုကလည်း အာဆင်နယ်ကွင်းလယ်က တော်ရဲရား Torreira၊ ချာကာ Xhaka တို့ လိုက်အား၊ ဖြတ်အား ကောင်းနေတာကြောင့်လည်းပါတယ်။ အာဆင်နယ်အသင်း ဖိကစားခဲ့ပေမယ့် တကယ်ဂိုးရသွားခဲ့တာက လီဗာပူးလ်ပါပဲ။

Milner-Score

Milner-Score

(၆၁)မိနစ်မှာ မာနေး Mane ရဲ့ ဖြတ်တင်ဘောကို အာဆင်နယ်ဂိုးသမား လေနို Leno ပုတ်ထုတ်နိုင်ခဲ့ပေမယ့် မီလ်နာဆီ ရောက်သွားတာကြောင့် မီလ်နာက အပိုင်ကန်သွင်းယူခဲ့တယ်။ ဒါဟာ မီလ်နာရဲ့ ပရီးမီးယားလိဂ် ဂိုး(၅၀)မြောက်ဖြစ်ပါတယ်။

Lacazette

Lacazette

အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ (၈၃)မိနစ်မှာ အီဝိုဘီ Iwobi ရဲ့ ပေးပို့မှုကို လာကာဇက် Lacazette က လှလှပပကန်သွင်းယူခဲ့တာပါ။ ဒီပွဲမှာ သရေကျခဲ့လို့ လီဗာပူးလ်အသင်း ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်သလို အာဆင်နယ်နဲ့ ဆုံတွေ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲဆက် မရှုံးတဲ့မှတ်တမ်းကောင်းကိုလည်း ဆက်ထိန်းနိုင်ခဲ့တယ်။

AFC Bournemouth 1 – 2 Manchester United
Cardiff City 0 – 1 Leicester City
Everton 3 – 1 Brighton & Hove Albion
Newcastle United 1 – 0 Watford
West Ham United 4 – 2 Burnley
Arsenal 1 – 1 Liverpool

Photo:ArsenalCore,Liverpool Twitter,Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com