[Zawgyi]

“ဝီစကီ” ေတးစီးရီးကို နားလည္မႈအျပည့္နဲ ့နားေထာင္ေပးပါလို႔ဆိုလာတဲ႔ လမင္းကဗ်ာ

အႏုပညာလမ္းေၾကာင္းမွာ ဇာတ္ပို႔ဇာတ္ရံအျဖစ္လုပ္လာခဲ့တာ ၁၀ႏွစ္ေက်ာ္ရိွလာခဲ့ၿပီးမွ ပရိသတ္အတြက္ ကိုယ္ပိုင္သီခ်င္းသစ္ေတြကိုနားေထာင္ေစခ်င္တယ္လို႔ဆိုၿပီး ဂီတဘက္ကို ကူးေျပာင္းလိုက္ျခင္းပဲျဖစ္တယ္လို႔ ဆိုလာသူကေတာ့ လမင္းကဗ်ာပဲျဖစ္ပါတယ္။ ဂီတနဲ႔ပတ္သက္ၿပီး သူမရဲ႕ခံယူခ်က္၊ သေဘာထားေလးေတြနဲ႔ပတ္သက္ၿပီး အခုလိုေမးျဖစ္ခဲ့ပါတယ္။

“ဒီအေခြေလးကိုလုပ္ျဖစ္ခဲ့တာကေတာ့ တစ္ႏွစ္ေလာက္ရိွၿပီေပါ့။ ပရိသတ္ကိုလည္း ၁၂ လပိုင္းမွာ အေခြထြက္ဖို႔ရိွတယ္ဆိုုၿပီး စကားကၽြံ႕ထားမိေတာ့ မထြက္ေသးဘူးလားေမးေမးေနက်လို ့ အျမန္စီစဥ္လိုက္ရတာပါ။ အဲဒီ့အတြက္ အသံပိုင္းဆိုင္ရာမွာအားနည္းသြားတယ္။ သိပ္အားမရဘူး။ ေနာက္အေခြကိုေတာ့ ေသခ်ာေလး အေကာင္းဆုံးျဖစ္ေအာင္လုပ္သြားမယ္။ ဒီအေခြနဲ႔ပတ္သက္ၿပီး အခက္အခဲေတြလည္းၾကဳံခဲ့ရပါတယ္။ ဒီအေခြေလးထဲမွာ သီခ်င္း ၁၁ ပုဒ္ပါပါတယ္။ ေတးေရးဆရာေတြကေတာ့ ေနလုံး၊ စိုးလင္း၊ ၿပဳံးႀကီး၊ ၿငိမ္းေ၀၊မ်ိဳးဦးတို႔က ေရးစပ္ေပးထားပါတယ္။ သီခ်င္းေအးေအးခ်ိဳခ်ိုေလးေတြပါပဲ။ အျမဴးတစ္ပုဒ္ပါမယ္။ ပရိသတ္ႀကိဳက္ႏွစ္သက္မယ့္ သီခ်င္းေလးေတြပဲ ထည့္ေပးထားပါတယ္။ သီခ်င္းဆိုတာကို နဂိုကတည္းက ၀ါသနာပါၿပီးသားပါ။ သီခ်င္းေတြနဲ႔ပတ္သက္ရင္ ျမဴးဇစ္ပိုင္းအားလုံးကိုသေဘာက်တယ္” လို႔ ဆိုပါတယ္။

“၀ီစကီ’’ဆိုၿပီးေပးျဖစ္ခဲ့ပုံကိုေတာ့ အခုလုိေျပာျပပါေသးတယ္။ “အေခြTittle ေလးကို “၀ီစကီ’’ လို ့ေပးျဖစ္ခဲ့တာကေတာ့ နာမည္ေတြစဥ္းစားရတာအရမ္းမ်ားၿပီး တစ္ခုမွမႀကိဳက္ဘူး။ အေခြထြက္ေတာ့မယ့္ထိ နာမည္စဥ္းစားလို႔မရေသးဘူး။ အရမ္းခ်စ္ရတဲ့ သူငယ္ခ်င္းက ‘၀ီစကီ’ လို ့ေပးပါလားဆိုေတာ့ အရမ္းမိုက္တယ္ဆိုၿပီး ေပးျဖစ္သြားတာပါ။ လမင္းအရင္က သီခ်င္းဆိုတာကို လြယ္တယ္လို႔ထင္ထားခဲ့တာ တကယ္တမ္းလုပ္ၾကည့္ေတာ့မွပဲ သီခ်င္းတစ္ပုဒ္ျဖစ္ဖို႔ဆိုတာ မလြယ္ပဲ အရမ္းခက္ခဲမွန္းသိလိုက္ရတယ္။ အရမ္းႀကိဳးစားရဦးမယ္လို႔ ထင္ပါတယ္။ တကယ္လုပ္ၾကည့္ေတာ့မွ မလြယ္မွန္းသိလိုက္ရတာ။ “၀ီစကီ’’ထဲမွာ “နာက်င္ရတယ္’’ကိုေတာ့ အႀကိဳက္ဆုံးပါပဲတဲ့။ ကိုယ္ကအရမ္းႀကိဳက္ၿပီးဆိုရတာ Perfect မျဖစ္ေတာ့ စိတ္တိုင္းမက်ဘူး။ အားမလိုအားမရလည္းျဖစ္မိပါတယ္။ ကိုယ့္ရဲ ့စိတ္ခံစားခ်က္နဲ ့ တိုက္ဆိုင္မႈေၾကာင့္မဟုတ္ပဲ သီခ်င္းေလးကိုႀကိဳက္လို႔ပါ “ဆိုၿပီး ေျဖၾကားခဲ့ပါေသးတယ္။

“သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္လို႔ လက္ရိွမွာ ကားရိုက္နားထားတယ္။ တစ္ဘက္မွာ စီးပြားေရးလုပ္ငန္းရိွေနတဲ့အတြက္ အခ်ိန္မေပးႏိုင္တာလည္းပါေတာ့ ရုပ္ရွင္ကားႀကီးရိုက္ဖို႔ ကမ္းလွမ္းထားတာေတာင္ ျငင္းလိုက္ရတယ္။ ႏွေျမာေတာ့ႏွေျမာတယ္။ ပရိုမိုးရွင္းကေတာ့ ေဖေဖာ္၀ါရီ ၁၈ ရက္ေန ့ လွည္းတန္းစင္တာမွာ အႏုပညာရွင္မ်ားနဲ ့ ျပဳလုပ္သြားမွာပါ” လို႔ ဆိုပါတယ္။

ပရိသတ္အတြက္ စကားလက္ေဆာင္အေနနဲ႔ကေတာ့ “အႏုပညာဘ၀မွာ စၿပီးျဖတ္ေလ်ွာက္လုပ္ကတည္းက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ တစ္ခုခုေတာ့ ေျပာင္းလဲခ်င္တယ္ဆိုတဲ့ ရည္ရြယ္ခ်က္ရိွခဲ့ဘူးတယ္။ ဒါေပမယ့္ အရမ္းၾကာသြားၿပီး ၁၀ ႏွစ္ေလာက္ရိွၿပီ။ ကိုယ့္ရဲ ့မွတ္တိုင္ေလးတစ္ခု က်န္ခဲ့ခ်င္လို႔ရယ္ ေနာက္ၿပီး နယ္ကကိုယ့္ရဲ႕ပရိသတ္ေတြကို ေပးဆပ္ခ်င္လို ့ဒီအေခြေလးလုပ္ျဖစ္တာ။ ေက်းဇူးတင္ပါတယ္။ ရင္ထဲကေန လိႈက္လိႈက္လွဲလွဲ တကယ္ကိုေက်းဇူးတင္တယ္။ ဇာတ္ကားရိုက္ဖို ့အခ်ိန္မေပးႏိုင္တာေၾကာင့္ ပရိသတ္ႀကီးကို သီခ်င္းဘက္မွာပဲ မ်က္ေျခမျပတ္ေအာင္လို ့ ခ်ျပသြားမယ္။ သရုပ္ေဆာင္ဘက္ကိုလည္း လုံး၀လက္မလြတ္ခ်င္ေသးဘူး။ ပရိသတ္ေတြ လမင္းရဲ႕သီခ်င္းေခြေလးကို နားလည္မႈအျပည့္နဲ ့နားေထာင္ေပးပါလို ့၊ လမင္းမွာ အားနည္းခ်က္ေတြ အမ်ားႀကီးရိွေနပါတယ္” လို႔ ေျပာျပသြားခဲ့ပါတယ္။ လမင္းကဗ်ာရဲ႕ “ဝီစကီ” ေတးစီးရီးမိတ္ဆက္ပြဲကို ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က Orchid Hotel မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“ဝီစကီ” တေးစီးရီးကို နားလည်မှုအပြည့်နဲ့နားထောင်ပေးပါလို့ဆိုလာတဲ့ လမင်းကဗျာ

အနုပညာလမ်းကြောင်းမှာ ဇာတ်ပို့ဇာတ်ရံအဖြစ်လုပ်လာခဲ့တာ ၁၀နှစ်ကျော်ရှိလာခဲ့ပြီးမှ ပရိသတ်အတွက် ကိုယ်ပိုင်သီချင်းသစ်တွေကိုနားထောင်စေချင်တယ်လို့ဆိုပြီး ဂီတဘက်ကို ကူးပြောင်းလိုက်ခြင်းပဲဖြစ်တယ်လို့ ဆိုလာသူကတော့ လမင်းကဗျာပဲဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်၊ သဘောထားလေးတွေနဲ့ပတ်သက်ပြီး အခုလိုမေးဖြစ်ခဲ့ပါတယ်။

“ဒီအခွေလေးကိုလုပ်ဖြစ်ခဲ့တာကတော့ တစ်နှစ်လောက်ရှိပြီပေါ့။ ပရိသတ်ကိုလည်း ၁၂ လပိုင်းမှာ အခွေထွက်ဖို့ရှိတယ်ဆိုုပြီး စကားကျွံ့ထားမိတော့ မထွက်သေးဘူးလားမေးမေးနေကျလို့ အမြန်စီစဉ်လိုက်ရတာပါ။ အဲဒီ့အတွက် အသံပိုင်းဆိုင်ရာမှာအားနည်းသွားတယ်။ သိပ်အားမရဘူး။ နောက်အခွေကိုတော့ သေချာလေး အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်။ ဒီအခွေနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်းကြုံခဲ့ရပါတယ်။ ဒီအခွေလေးထဲမှာ သီချင်း ၁၁ ပုဒ်ပါပါတယ်။ တေးရေးဆရာတွေကတော့ နေလုံး၊ စိုးလင်း၊ ပြုံးကြီး၊ ငြိမ်းဝေ၊မျိုးဦးတို့က ရေးစပ်ပေးထားပါတယ်။ သီချင်းအေးအေးချိုချိုလေးတွေပါပဲ။ အမြူးတစ်ပုဒ်ပါမယ်။ ပရိသတ်ကြိုက်နှစ်သက်မယ့် သီချင်းလေးတွေပဲ ထည့်ပေးထားပါတယ်။ သီချင်းဆိုတာကို နဂိုကတည်းက ဝါသနာပါပြီးသားပါ။ သီချင်းတွေနဲ့ပတ်သက်ရင် မြူးဇစ်ပိုင်းအားလုံးကိုသဘောကျတယ်” လို့ ဆိုပါတယ်။

“ဝီစကီ’’ဆိုပြီးပေးဖြစ်ခဲ့ပုံကိုတော့ အခုလိုပြောပြပါသေးတယ်။ “အခွေTittle လေးကို “ဝီစကီ’’ လို့ပေးဖြစ်ခဲ့တာကတော့ နာမည်တွေစဉ်းစားရတာအရမ်းများပြီး တစ်ခုမှမကြိုက်ဘူး။ အခွေထွက်တော့မယ့်ထိ နာမည်စဉ်းစားလို့မရသေးဘူး။ အရမ်းချစ်ရတဲ့ သူငယ်ချင်းက ‘ဝီစကီ’ လို့ပေးပါလားဆိုတော့ အရမ်းမိုက်တယ်ဆိုပြီး ပေးဖြစ်သွားတာပါ။ လမင်းအရင်က သီချင်းဆိုတာကို လွယ်တယ်လို့ထင်ထားခဲ့တာ တကယ်တမ်းလုပ်ကြည့်တော့မှပဲ သီချင်းတစ်ပုဒ်ဖြစ်ဖို့ဆိုတာ မလွယ်ပဲ အရမ်းခက်ခဲမှန်းသိလိုက်ရတယ်။ အရမ်းကြိုးစားရဦးမယ်လို့ ထင်ပါတယ်။ တကယ်လုပ်ကြည့်တော့မှ မလွယ်မှန်းသိလိုက်ရတာ။ “ဝီစကီ’’ထဲမှာ “နာကျင်ရတယ်’’ကိုတော့ အကြိုက်ဆုံးပါပဲတဲ့။ ကိုယ်ကအရမ်းကြိုက်ပြီးဆိုရတာ Perfect မဖြစ်တော့ စိတ်တိုင်းမကျဘူး။ အားမလိုအားမရလည်းဖြစ်မိပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ တိုက်ဆိုင်မှုကြောင့်မဟုတ်ပဲ သီချင်းလေးကိုကြိုက်လို့ပါ “ဆိုပြီး ဖြေကြားခဲ့ပါသေးတယ်။

“သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ လက်ရှိမှာ ကားရိုက်နားထားတယ်။ တစ်ဘက်မှာ စီးပွားရေးလုပ်ငန်းရှိနေတဲ့အတွက် အချိန်မပေးနိုင်တာလည်းပါတော့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်းထားတာတောင် ငြင်းလိုက်ရတယ်။နှမြောတော့နှမြောတယ်။ ပရိုမိုးရှင်းကတော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ လှည်းတန်းစင်တာမှာ အနုပညာရှင်များနဲ့ ပြုလုပ်သွားမှာပါ” လို့ ဆိုပါတယ်။

ပရိသတ်အတွက် စကားလက်ဆောင်အနေနဲ့ကတော့ “အနုပညာဘဝမှာ စပြီးဖြတ်လျှောက်လုပ်ကတည်းက တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ခုခုတော့ ပြောင်းလဲချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ဘူးတယ်။ ဒါပေမယ့် အရမ်းကြာသွားပြီး ၁၀ နှစ်လောက်ရှိပြီ။ ကိုယ့်ရဲ့မှတ်တိုင်လေးတစ်ခု ကျန်ခဲ့ချင်လို့ရယ် နောက်ပြီး နယ်ကကိုယ့်ရဲ့ပရိသတ်တွေကို ပေးဆပ်ချင်လို့ဒီအခွေလေးလုပ်ဖြစ်တာ။ ကျေးဇူးတင်ပါတယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ တကယ်ကိုကျေးဇူးတင်တယ်။ ဇာတ်ကားရိုက်ဖို့အချိန်မပေးနိုင်တာကြောင့် ပရိသတ်ကြီးကို သီချင်းဘက်မှာပဲ မျက်ခြေမပြတ်အောင်လို့ ချပြသွားမယ်။ သရုပ်ဆောင်ဘက်ကိုလည်း လုံးဝလက်မလွတ်ချင်သေးဘူး။ ပရိသတ်တွေ လမင်းရဲ့သီချင်းခွေလေးကို နားလည်မှုအပြည့်နဲ့နားထောင်ပေးပါလို့၊ လမင်းမှာ အားနည်းချက်တွေ အများကြီးရှိနေပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။ လမင်းကဗျာရဲ့ “ဝီစကီ” တေးစီးရီးမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။