[Zawgyi]

အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြနဲ႔ ဘာစီလိုနာရဲ႕ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တဲ့ စပိန္ လာလီဂါၿပိဳင္ပြဲ

(၈၇)ႀကိမ္ေျမာက္အျဖစ္ က်င္းပခဲ့တဲ့ ၂၀၁၇-၁၈ ေဘာလံုးရာသီ လာလီဂါၿပိဳင္ပြဲ ၿပီးဆံုးခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းက စံခ်ိန္ေပါင္းမ်ားစြာကို ခ်ိဳးဖ်က္ၿပီး ခ်န္ပီယံဆုကို (၂၅)ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပိဳင္ပြဲၿပီးဆံုးဖို႔ (၃)ပြဲအလိုမွာတင္ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဗန္ေတး၊ ဟီရိုနာနဲ႔ ဂီတာေဖးအသင္းေတြ တန္းတက္ခြင့္ရရွိခဲ့ၿပီး ဟီရုိနာအသင္းကေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ လာလီဂါၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာ ျဖစ္ပါတယ္။ ရာသီအစမွာကတည္းက ေနမာ Neymar လို ကစားသမားမ်ိဳး အသင္းေျပာင္းသြားခဲ့သလို ဗယ္လ္ဗာဒီ Valverde နည္းျပသစ္အျဖစ္ ေရာက္ရွိလာခဲ့တဲ့ ဘာစီလိုနာအသင္း ခက္ခဲမယ္လို႔ အမ်ားစုက သတ္မွတ္ထားခဲ့ေပမယ့္ စံခ်ိန္ေကာင္းမ်ားစြာကို ခ်ိဳးဖ်က္ၿပီး ျပည္တြင္းဖလား (၂)လံုးကို သိမ္းပိုက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လာလီဂါ ၿပိဳင္ပြဲမွာ ဆယ္စုႏွစ္တစ္ခုၾကာ ကစားခဲ့တဲ့ မာလာဂါအသင္းကေတာ့ အခုႏွစ္ေဘာလံုးရာသီမွာ အေစာဆံုးတန္းဆင္းခဲ့ရၿပီး သူ႔ရဲ႕ေနာက္မွာေတာ့ လက္စ္ပါးမားစ္၊ ဒီပို႔တီဗို႔အသင္းေတြ တန္းဆင္းခဲ့ရပါတယ္။ နည္းျပ ဆက္သီယန္ Setien ရဲ႕ လက္ေအာက္မွာ ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ဘက္တစ္အသင္းကေတာ့ ယူရိုပါလိဂ္တိုက္ရိုက္ဝင္ခြင့္ကိုပါ ရယူႏိုင္ခဲ့ပါတယ္။

La-Liga-Santander-FC-Barcelona-vs-Las-Palmas1

La-Liga-Santander-FC-Barcelona-vs-Las-Palmas1

စံခ်ိန္ေပါင္းမ်ားစြာကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းကေတာ့ တစ္ရာသီလံုး ရံႈးပြဲမရွိမွတ္တမး္နဲ႔ လာလီဂါဖလားကို ရယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ပြဲစဥ္ (၃၇)အေရာက္ လီဗန္ေတးအသင္းကို အေဝးကြင္းမွာ (၅-၄)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့လို႔ မွတ္တမ္းေကာင္းတစ္ခုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ ဂိုးသြင္းအမ်ားဆံုး ကစားသမားဆုကို ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကစားသမား မက္ဆီ Messi က သြင္းဂိုး (၃၄)ဂိုးနဲ႔ ရယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈအမ်ားဆံုး ကစားသမားေတြအျဖစ္ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ Messi၊ ဆြာရက္ဇ္ Suarez တို႔နဲ႔အတူ ဗီလာရီးယဲလ္ ကြင္းလယ္တိုက္စစ္ကစားသမား ေဖာ္နယ္စ္ Fornals က (၁၂)ႀကိမ္စီ ဖန္တီးမႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ လာလီဂါၿပိဳင္ပြဲရဲ႕ အဖြင့္ဂိုးကိုေတာ့ လီဟာနက္စ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဂါဘရီယဲလ္ Gabriel ကသြင္းယူခဲ့ၿပီး အပိတ္ဂိုးကိုေတာ့ လီဗာပူးလ္အသင္းကေန ဘာစီလိုနာအသင္းကို ယူရိုသန္း (၁၆၀)နဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ ေကာ္တင္ဟို Coutinho က သြင္းယူေပးခဲ့ပါတယ္။ Marca သတင္းစာကေန ေပးဂိုးအနည္းဆံုး ဂိုးသမားေတြကို ႏွစ္စဥ္ခ်ီးျမွင့္ေပးေနၾကျဖစ္တဲ့ ဇာမိုရာဆုကိုေတာ့ အက္သလက္တီကိုအသင္းမွာ လက္စြမ္းျပခဲ့တဲ့ အိုဘလက္ခ္ Oblak ကရရွိခဲ့ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ လက္စ္ပါးမားစ္အသင္းတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ ကတ္တလန္ခြဲထြက္ေရး ပဋိပကၡေၾကာင့္ ပရိသတ္မပါဘဲ ကြင္းပိတ္ကစားခဲ့ရပါတယ္။

၂၀၁၇-၁၈ ေဘာလံုးရာသီ လာလီဂါၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

ခ်န္ပီယံ – ဘာစီလိုနာ (၂၅ ႀကိမ္)

တန္းဆင္းခဲ့ရေသာ အသင္းမ်ား – ဒီပို႔တီဗို၊ လက္စ္ပါးမားစ္၊ မာလာဂါ

ခ်န္ပီယံလိဂ္ ဝင္ခြင့္ရအသင္းမ်ား – ဘာစီလိုနာ၊ အက္သလက္တီကို၊ ရီးယဲလ္၊ ဗလင္စီယာ

ယူရိုပါလိဂ္ ဝင္ခြင့္ရအသင္းမ်ား – ဗီလာရီးယဲလ္၊ ဘက္တစ္၊ ဆီဗီလာ

ဂိုးသြင္းအမ်ားဆံုး ကစားသမား – မက္ဆီ (၃၄ ဂိုး)

အိမ္ကြင္းအႀကီးမားဆံုးႏိုင္ပြဲ – ဟီရိုနာ ၆-၀ လက္စ္ပါးမားစ္ (၁၃.၁.၂၀၁၈)
ရီးယဲလ္ ၇-၁ ဒီပို႔တီဗို (၂၁.၁.၂၀၁၈)
ရီးယဲလ္ ၆-၀ ဆယ္လ္တာဗီဂို (၁၂.၃.၂၀၁၈)

အေဝးကြင္းအႀကီးမားဆံုးႏိုင္ပြဲ – လီဗန္ေတး ၀-၅ အက္သလက္တီကို (၂၅.၁၁.၂၀၁၇)
ဘက္တစ္ ၀-၅ ဘာစီလိုနာ (၂၁.၁.၂၀၁၈)

ႏွစ္သင္းေပါင္းသြင္းဂိုး အမ်ားဆံုးပြဲ – ဘက္တစ္ ၃-၆ ဗလင္စီယာ (၁၅.၁၀.၂၀၁၇)
ရီးယဲလ္ ၆-၃ ဟီရုိနာ (၁၈.၃.၂၀၁၈)
လီဗန္ေတး ၅-၄ ဘာစီလိုနာ (၁၃.၅.၂၀၁၈)

ပြဲဆက္အမ်ားဆံုး ႏုိင္ပြဲရရွိသည့္အသင္း – ဗလင္စီယာ (၈ ပြဲ)

ပြဲဆက္အမ်ားဆံုး ရႈံးပြဲမရွိသည့္အသင္း – ဘာစီလိုနာ (၃၆)ပြဲ

ပြဲဆက္အမ်ားဆံုး ႏိုင္ပြဲမရသည့္အသင္း – လီဗန္ေတး၊ ဒီပို႔တီဗို (၁၅ ပြဲ)

ပြဲဆက္အမ်ားဆံုး ရံႈးနိမ့္ခဲ့သည့္အသင္း – လက္စ္ပါးမားစ္ (၈ ပြဲ)

ပရိသတ္အမ်ားဆံုး ၾကည့္ရႈခဲ့သည့္ပြဲ – ဘာစီလိုနာ ၂-၂ ရီးယဲလ္မက္ဒရစ္ (၉၇၉၃၉)ဦး

ပရိသတ္အနည္းဆံုး ၾကည့္ရႈခဲ့သည့္ပြဲ – အီဘာ ၁-၀ ဗီလာရီးယဲလ္ (၄၀၅၆)ဦး

စုစုေပါင္း ပရိသတ္ၾကည့္ရႈမႈ – (၉၉၃၀၈၃၀)ဦး

တစ္ပြဲပွ်မ္းမွ် ပရိသတ္ၾကည့္ရႈမႈ – (၂၆၉၁၂)ဦး

REF:Wikipedia
Photo:Reuters UK, Marca, CDN.VOX
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ဘာစီလိုနာရဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တဲ့ စပိန် လာလီဂါပြိုင်ပွဲ

(၈၇)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းက စံချိန်ပေါင်းများစွာကို ချိုးဖျက်ပြီး ချန်ပီယံဆုကို (၂၅)ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ (၃)ပွဲအလိုမှာတင် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗန်တေး၊ ဟီရိုနာနဲ့ ဂီတာဖေးအသင်းတွေ တန်းတက်ခွင့်ရရှိခဲ့ပြီး ဟီရိုနာအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် လာလီဂါပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရာသီအစမှာကတည်းက နေမာ Neymar လို ကစားသမားမျိုး အသင်းပြောင်းသွားခဲ့သလို ဗယ်လ်ဗာဒီ Valverde နည်းပြသစ်အဖြစ် ရောက်ရှိလာခဲ့တဲ့ ဘာစီလိုနာအသင်း ခက်ခဲမယ်လို့ အများစုက သတ်မှတ်ထားခဲ့ပေမယ့် စံချိန်ကောင်းများစွာကို ချိုးဖျက်ပြီး ပြည်တွင်းဖလား (၂)လုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ပြိုင်ပွဲမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ မာလာဂါအသင်းကတော့ အခုနှစ်ဘောလုံးရာသီမှာ အစောဆုံးတန်းဆင်းခဲ့ရပြီး သူ့ရဲ့နောက်မှာတော့ လက်စ်ပါးမားစ်၊ ဒီပို့တီဗို့အသင်းတွေ တန်းဆင်းခဲ့ရပါတယ်။ နည်းပြ ဆက်သီယန် Setien ရဲ့ လက်အောက်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဘက်တစ်အသင်းကတော့ ယူရိုပါလိဂ်တိုက်ရိုက်ဝင်ခွင့်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

Oblak

Oblak

စံချိန်ပေါင်းများစွာကို ချိုးဖျက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းကတော့ တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်းနဲ့ လာလီဂါဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပွဲစဉ် (၃၇)အရောက် လီဗန်တေးအသင်းကို အဝေးကွင်းမှာ (၅-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်ခဲ့ရပါတယ်။ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား မက်ဆီ Messi က သွင်းဂိုး (၃၄)ဂိုးနဲ့ ရယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအများဆုံး ကစားသမားတွေအဖြစ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ Messi၊ ဆွာရက်ဇ် Suarez တို့နဲ့အတူ ဗီလာရီးယဲလ် ကွင်းလယ်တိုက်စစ်ကစားသမား ဖော်နယ်စ် Fornals က (၁၂)ကြိမ်စီ ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲရဲ့ အဖွင့်ဂိုးကိုတော့ လီဟာနက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂါဘရီယဲလ် Gabriel ကသွင်းယူခဲ့ပြီး အပိတ်ဂိုးကိုတော့ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရိုသန်း (၁၆၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟို Coutinho က သွင်းယူပေးခဲ့ပါတယ်။ Marca သတင်းစာကနေ ပေးဂိုးအနည်းဆုံး ဂိုးသမားတွေကို နှစ်စဉ်ချီးမြှင့်ပေးနေကြဖြစ်တဲ့ ဇာမိုရာဆုကိုတော့ အက်သလက်တီကိုအသင်းမှာ လက်စွမ်းပြခဲ့တဲ့ အိုဘလက်ခ် Oblak ကရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ လက်စ်ပါးမားစ်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ကတ်တလန်ခွဲထွက်ရေး ပဋိပက္ခကြောင့် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲ အကျဉ်းချုပ်

ချန်ပီယံ – ဘာစီလိုနာ (၂၅ ကြိမ်)

တန်းဆင်းခဲ့ရသော အသင်းများ – ဒီပို့တီဗို၊ လက်စ်ပါးမားစ်၊ မာလာဂါ

ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်းများ – ဘာစီလိုနာ၊ အက်သလက်တီကို၊ ရီးယဲလ်၊ ဗလင်စီယာ

ယူရိုပါလိဂ် ဝင်ခွင့်ရအသင်းများ – ဗီလာရီးယဲလ်၊ ဘက်တစ်၊ ဆီဗီလာ

ဂိုးသွင်းအများဆုံး ကစားသမား – မက်ဆီ (၃၄ ဂိုး)

အိမ်ကွင်းအကြီးမားဆုံးနိုင်ပွဲ – ဟီရိုနာ ၆-၀ လက်စ်ပါးမားစ် (၁၃.၁.၂၀၁၈)
ရီးယဲလ် ၇-၁ ဒီပို့တီဗို (၂၁.၁.၂၀၁၈)
ရီးယဲလ် ၆-၀ ဆယ်လ်တာဗီဂို (၁၂.၃.၂၀၁၈)

အဝေးကွင်းအကြီးမားဆုံးနိုင်ပွဲ – လီဗန်တေး ဝ-၅ အက်သလက်တီကို (၂၅.၁၁.၂၀၁၇)
ဘက်တစ် ဝ-၅ ဘာစီလိုနာ (၂၁.၁.၂၀၁၈)

နှစ်သင်းပေါင်းသွင်းဂိုး အများဆုံးပွဲ – ဘက်တစ် ၃-၆ ဗလင်စီယာ (၁၅.၁၀.၂၀၁၇)
ရီးယဲလ် ၆-၃ ဟီရိုနာ (၁၈.၃.၂၀၁၈)
လီဗန်တေး ၅-၄ ဘာစီလိုနာ (၁၃.၅.၂၀၁၈)

ပွဲဆက်အများဆုံး နိုင်ပွဲရရှိသည့်အသင်း – ဗလင်စီယာ (၈ ပွဲ)

ပွဲဆက်အများဆုံး ရှုံးပွဲမရှိသည့်အသင်း – ဘာစီလိုနာ (၃၆)ပွဲ

ပွဲဆက်အများဆုံး နိုင်ပွဲမရသည့်အသင်း – လီဗန်တေး၊ ဒီပို့တီဗို (၁၅ ပွဲ)

ပွဲဆက်အများဆုံး ရှုံးနိမ့်ခဲ့သည့်အသင်း – လက်စ်ပါးမားစ် (၈ ပွဲ)

ပရိသတ်အများဆုံး ကြည့်ရှုခဲ့သည့်ပွဲ – ဘာစီလိုနာ ၂-၂ ရီးယဲလ်မက်ဒရစ် (၉၇၉၃၉)ဦး

ပရိသတ်အနည်းဆုံး ကြည့်ရှုခဲ့သည့်ပွဲ – အီဘာ ၁-၀ ဗီလာရီးယဲလ် (၄၀၅၆)ဦး

စုစုပေါင်း ပရိသတ်ကြည့်ရှုမှု – (၉၉၃၀၈၃၀)ဦး

တစ်ပွဲပျှမ်းမျှ ပရိသတ်ကြည့်ရှုမှု – (၂၆၉၁၂)ဦး

REF:Wikipedia
Photo:Reuters UK, Marca, CDN.VOX
Aung Kyaw Wai (Akhayar)
www.akhayar.com