[Zawgyi]

လာလီဂါပဲြစဥ္တစ္ပဲြကုိ စပိန္ႏုိင္ငံျပင္ပမွာ ပထမဆုံးအႀကိမ္ သြားကစားဖုိ႔ရွိေနၿပီ

လာလီဂါၿပိဳင္ပဲြက ပဲြစဥ္တစ္ပဲြကုိ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ စပိန္ႏုိင္ငံျပင္ပမွာ ပထမဆုံးအႀကိမ္ သြားကစားဖုိ႔ရွိေနပါၿပီ။ လာလီဂါေဘာလုံးအဖဲြ႕ခ်ဳပ္နဲ႔ Relevent ကုမၸဏီတို႔ဟာ ေျမာက္အေမရိကတိုက္ရဲ႕ ေဘာလုံးက႑ျမႇင့္တင္ေပးဖုိ႔အတြက္သာမက လာလီဂါၿပိဳင္ပဲြကုိ ပရိသတ္ေတြ ပုိစိတ္၀င္စားလုိဖုိ႔အတြက္ (၁၅)ႏွစ္သက္တမ္းရွိတဲ့ အက်ိဳးတူစီးပြားေရးစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး အဲဒီစာခ်ဳပ္အရ လာလီဂါပဲြစဥ္တစ္ပဲြကုိ စပိန္ႏုိင္ငံျပင္ပမွာ ပထမဆုံးအႀကိမ္သြားကစားဖုိ႔ ရွိေနတာပါ။

International-Champions-Cup

International-Champions-Cup

Relevent ကုမၸဏီဟာ နာမည္ေက်ာ္ၿပိဳင္ပဲြတစ္ခုျဖစ္တဲ့ ICC (International Champions Cup) ၿပိဳင္ပဲြကုိ အဓိက ဦးေဆာင္က်င္းပေနတဲ့ အဖဲြ႕အစည္းတစ္ခုလည္းျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ ဘယ္အသင္းေတြကစားမယ့္ပဲြကုိ ေျမာက္အေမရိမွာ ကစားမယ္၊ ပဲြကစားမယ့္ရက္နဲ႔ ဘယ္မွာကစားမလဲဆုိတာကုိ အတည္မျပဳရေသးေပမယ့္ Relevent ကုမၸဏီ တာ၀န္ရွိသူေတြကေတာ့ ဒီရာသီ လာလီဂါရဲ႕ပဲြစဥ္တစ္ပဲြကုိ စပိန္ႏုိင္ငံျပင္ပမွာ ပထမဆုံးအျဖစ္ ကစားေစဖုိ႔ ဆႏၵရွိေနၾကပါတယ္။ တကယ္လုိ႔ အဲဒီအစီအစဥ္သာ ဒီရာသီမွာ အေကာင္အထည္ေဖာ္ျဖစ္မယ္ဆုိရင္ လာလီဂါအသင္းတစ္သင္းကေတာ့ အိမ္ကြင္းပဲြစဥ္တစ္ပဲြကုိ ေျမာက္အေမရိကမွာရွိတဲ့ ကြင္းတစ္ကြင္းမွာ သြားကစားရမယ့္ အေနအထားပါပဲ။ ေျမာက္အေမရိကတိုက္က အေမရိကန္၊ ကေနဒါႏုိင္ငံတို႔မွာ ေဘာလုံးအားကစားနည္းကုိ အားေပးမႈက အရင္ႏွစ္ေတြကထက္ ပုိျမင့္တက္ေနၿပီး အဓိကအခ်က္ကေတာ့ ICC ၿပိဳင္ပဲြေၾကာင့္ျဖစ္ပါတယ္။ Relevent ကုမၸဏီပုိင္ရွင္ စတီဖင္ေရာ႔စ္ Stephen Ross က “လာလီဂါနဲ႔ခ်ဳပ္ဆုိခဲ့တဲ့ အက်ိဳးတူစာခ်ဳပ္အရ ေျမာက္အေမရိကမွာ ေဘာလုံး၀ါသနာအုိးေတြ ဒီထက္ပုိမ်ားလာဖုိ႔ရွိေနပါၿပီ။ ကမၻာေပၚမွာ အဆင့္အတန္းအျမင့္ဆုံး ၿပိဳင္ပဲြတစ္ခုျဖစ္တဲ့ လာလီဂါပဲြကုိ ပရိသတ္ေတြ ကုိယ္တိုင္ၾကည့္႐ႈခြင့္ ရမယ့္ အခြင့္အေရးလည္းျဖစ္ပါတယ္”လုိ႔ ဆုိခဲ့တယ္။

A-regular-season-La-Liga-game-is-set-to-be-played-in-the-United-States-for-the-first-time

A-regular-season-La-Liga-game-is-set-to-be-played-in-the-United-States-for-the-first-time

ဒါေပမဲ့ စပိန္ေဘာလုံးသမားမ်ားအဖြဲ႕အစည္းျဖစ္တဲ့ AFE ကေတာ့ လာလီဂါေဘာလုံးအဖဲြ႕ခ်ဳပ္ရဲ႕ လုပ္ရပ္ကုိ ေ၀ဖန္ခဲ့ၿပီး သက္ဆုိင္ရာကလပ္အသင္းေတြက ကစားသမားေတြကုိ အသိေပးတာမ်ိဳးမရွိဘဲ ကုိယ္လုပ္ခ်င္တာ လုပ္ခဲ့တဲ့အျပင္ ေဘာလုံးသမားေတြကုိ သူတို႔အက်ိဳးစီးပြားအတြက္ အသုံးခ်တယ္ဆုိၿပီး ျပစ္တင္ခဲ့ပါတယ္။

REF:Reuters,ESPN
Photo:ESPN,beIn Sports,Vietnamnet
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာလီဂါပွဲစဉ်တစ်ပွဲကို စပိန်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် သွားကစားဖို့ရှိနေပြီ

လာလီဂါပြိုင်ပွဲက ပွဲစဉ်တစ်ပွဲကို ပြိုင်ပွဲသမိုင်းတစ်လျှောက် စပိန်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် သွားကစားဖို့ရှိနေပါပြီ။ လာလီဂါဘောလုံးအဖွဲ့ချုပ်နဲ့ Relevent ကုမ္ပဏီတို့ဟာ မြောက်အမေရိကတိုက်ရဲ့ ဘောလုံးကဏ္ဍမြှင့်တင်ပေးဖို့အတွက်သာမက လာလီဂါပြိုင်ပွဲကို ပရိသတ်တွေ ပိုစိတ်ဝင်စားလိုဖို့အတွက် (၁၅)နှစ်သက်တမ်းရှိတဲ့ အကျိုးတူစီးပွားရေးစာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်အရ လာလီဂါပွဲစဉ်တစ်ပွဲကို စပိန်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ်သွားကစားဖို့ ရှိနေတာပါ။

International-Champions-Cup

International-Champions-Cup

Relevent ကုမ္ပဏီဟာ နာမည်ကျော်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ICC (International Champions Cup) ပြိုင်ပွဲကို အဓိက ဦးဆောင်ကျင်းပနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ဘယ်အသင်းတွေကစားမယ့်ပွဲကို မြောက်အမေရိမှာ ကစားမယ်၊ ပွဲကစားမယ့်ရက်နဲ့ ဘယ်မှာကစားမလဲဆိုတာကို အတည်မပြုရသေးပေမယ့် Relevent ကုမ္ပဏီ တာဝန်ရှိသူတွေကတော့ ဒီရာသီ လာလီဂါရဲ့ပွဲစဉ်တစ်ပွဲကို စပိန်နိုင်ငံပြင်ပမှာ ပထမဆုံးအဖြစ် ကစားစေဖို့ ဆန္ဒရှိနေကြပါတယ်။ တကယ်လို့ အဲဒီအစီအစဉ်သာ ဒီရာသီမှာ အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် လာလီဂါအသင်းတစ်သင်းကတော့ အိမ်ကွင်းပွဲစဉ်တစ်ပွဲကို မြောက်အမေရိကမှာရှိတဲ့ ကွင်းတစ်ကွင်းမှာ သွားကစားရမယ့် အနေအထားပါပဲ။ မြောက်အမေရိကတိုက်က အမေရိကန်၊ ကနေဒါနိုင်ငံတို့မှာ ဘောလုံးအားကစားနည်းကို အားပေးမှုက အရင်နှစ်တွေကထက် ပိုမြင့်တက်နေပြီး အဓိကအချက်ကတော့ ICC ပြိုင်ပွဲကြောင့်ဖြစ်ပါတယ်။ Relevent ကုမ္ပဏီပိုင်ရှင် စတီဖင်ရော့စ် Stephen Ross က “လာလီဂါနဲ့ချုပ်ဆိုခဲ့တဲ့ အကျိုးတူစာချုပ်အရ မြောက်အမေရိကမှာ ဘောလုံးဝါသနာအိုးတွေ ဒီထက်ပိုများလာဖို့ရှိနေပါပြီ။ ကမ္ဘာပေါ်မှာ အဆင့်အတန်းအမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ လာလီဂါပွဲကို ပရိသတ်တွေ ကိုယ်တိုင်ကြည့်ရှုခွင့် ရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်”လို့ ဆိုခဲ့တယ်။

A-regular-season-La-Liga-game-is-set-to-be-played-in-the-United-States-for-the-first-time

A-regular-season-La-Liga-game-is-set-to-be-played-in-the-United-States-for-the-first-time

ဒါပေမဲ့ စပိန်ဘောလုံးသမားများအဖွဲ့အစည်းဖြစ်တဲ့ AFE ကတော့ လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး သက်ဆိုင်ရာကလပ်အသင်းတွေက ကစားသမားတွေကို အသိပေးတာမျိုးမရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ခဲ့တဲ့အပြင် ဘောလုံးသမားတွေကို သူတို့အကျိုးစီးပွားအတွက် အသုံးချတယ်ဆိုပြီး ပြစ်တင်ခဲ့ပါတယ်။

REF:Reuters,ESPN
Photo:ESPN,beIn Sports,Vietnamnet
Naing Linn(Akhayar)
www.akhayar.com