[Zawgyi]

ဟီ႐ုိနာ-ဘာစီလုိနာပဲြကုိ မီယာမီမွာ ကစားခြင့္ေပးဖုိ႔ ေတာင္းဆုိလုိက္တဲ့ လာလီဂါအဖဲြ႕ခ်ဳပ္

လာလီဂါအဖြဲ႕ခ်ဳပ္ တာ၀န္ရွိသူေတြဟာ ဟီ႐ုိနာ-ဘာစီလုိနာပဲြကုိ အေမရိကန္ႏုိင္ငံ၊ မီယာမီမွာရွိတဲ့ Hard Rock ကြင္းမွာ ကစားခြင့္ျပဳဖုိ႔ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ကုိ ေတာင္းဆုိလုိက္ပါတယ္။

လာလီဂါအဖဲြ႕ခ်ဳပ္နဲ႔ Relevent ကုမၸဏီတို႔ဟာ (၁၅)ႏွစ္သက္တမ္းရွိတဲ့ စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး အဲဒီအထဲမွာ စာခ်ဳပ္သက္တမ္း ကာလအတြင္း လာလီဂါတစ္ရာသီကုိ ပဲြစဥ္တစ္ပဲြ အေမရိကန္မွာ ကစားရမယ္ဆုိတဲ့ သေဘာတူညီခ်က္လည္း ပါ၀င္ခဲ့တယ္။

Hard-Rock-Stadium

Hard-Rock-Stadium

အဲဒီ အစီအစဥ္ကုိ ကန္႔ကြက္မႈေတြ ရွိခဲ့ေပမယ့္လည္း လာလီဂါေဘာလုံးအဖဲြ႕ခ်ဳပ္က သူတို႔ ဆုံးျဖတ္ခ်က္အတိုင္း အေကာင္အထည္ေဖာ္ေနၿပီး လာမယ့္ႏွစ္၊ ဇန္န၀ါရီ(၂၇)ရက္က်ရင္ ကစားမယ့္ ဟီ႐ုိနာ-ဘာစီလုိနာပြဲကုိ မီယာမီမွာရွိတဲ့ Hard Rock ကြင္းမွာ ကစားခြင့္ျပဖုိ႔ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ဆီ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့တာပဲ ျဖစ္ပါတယ္။ ဒါဟာ လာလီဂါသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္စပိန္ေျမျပင္ပမွာ သြားကစားမွာလည္းျဖစ္ပါတယ္။ Hard Rock ကြင္းဟာ ပရိသတ္(၆)ေသာင္းေက်ာ္ ၀င္ဆံ့ၿပီး အမ်ားအားျဖင့္ေတာ့ ေဘ့စ္ေဘာ၊ NFL ပဲြေတြ က်င္းပတာပါ။

အခုေနာက္ပုိင္းႏွစ္ေတြအတြင္း အေမရိကန္မွာ ေဘာလုံးအားကစားနည္းကုိ လူႀကိဳက္မ်ားလာတာေၾကာင့္ International Champions Cup (ICC) လုိ ၿပိဳင္ပဲြမ်ိဳးေတြ က်င္းပလာခဲ့ၿပီး အခုဆိုရင္ ဥေရာပက နာမည္ႀကီး ကစားသမား အေတာ္မ်ားမ်ားကလည္း အေမရိကန္ ေမဂ်ာလိဂ္မွာ လာေရာက္ကစားေနၾကပါၿပီ။

REF:Daily Mail
Photo:Goal.com,Broward Palm Beach New Times
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဟီရိုနာ-ဘာစီလိုနာပွဲကို မီယာမီမှာ ကစားခွင့်ပေးဖို့ တောင်းဆိုလိုက်တဲ့ လာလီဂါအဖွဲ့ချုပ်

လာလီဂါအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဟီရိုနာ-ဘာစီလိုနာပွဲကို အမေရိကန်နိုင်ငံ၊ မီယာမီမှာရှိတဲ့ Hard Rock ကွင်းမှာ ကစားခွင့်ပြုဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလိုက်ပါတယ်။

လာလီဂါအဖွဲ့ချုပ်နဲ့ Relevent ကုမ္ပဏီတို့ဟာ (၁၅)နှစ်သက်တမ်းရှိတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီအထဲမှာ စာချုပ်သက်တမ်း ကာလအတွင်း လာလီဂါတစ်ရာသီကို ပွဲစဉ်တစ်ပွဲ အမေရိကန်မှာ ကစားရမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ခဲ့တယ်။

Hard-Rock-Stadium

Hard-Rock-Stadium

အဲဒီ အစီအစဉ်ကို ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့်လည်း လာလီဂါဘောလုံးအဖွဲ့ချုပ်က သူတို့ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်နေပြီး လာမယ့်နှစ်၊ ဇန်နဝါရီ(၂၇)ရက်ကျရင် ကစားမယ့် ဟီရိုနာ-ဘာစီလိုနာပွဲကို မီယာမီမှာရှိတဲ့ Hard Rock ကွင်းမှာ ကစားခွင့်ပြဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဆီ ခွင့်ပြုချက် တောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ လာလီဂါသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်စပိန်မြေပြင်ပမှာ သွားကစားမှာလည်းဖြစ်ပါတယ်။ Hard Rock ကွင်းဟာ ပရိသတ်(၆)သောင်းကျော် ဝင်ဆံ့ပြီး အများအားဖြင့်တော့ ဘေ့စ်ဘော၊ NFL ပွဲတွေ ကျင်းပတာပါ။

အခုနောက်ပိုင်းနှစ်တွေအတွင်း အမေရိကန်မှာ ဘောလုံးအားကစားနည်းကို လူကြိုက်များလာတာကြောင့် International Champions Cup (ICC) လို ပြိုင်ပွဲမျိုးတွေ ကျင်းပလာခဲ့ပြီး အခုဆိုရင် ဥရောပက နာမည်ကြီး ကစားသမား အတော်များများကလည်း အမေရိကန် မေဂျာလိဂ်မှာ လာရောက်ကစားနေကြပါပြီ။

REF:Daily Mail
Photo:Goal.com,Broward Palm Beach New Times
Naing Linn(Akhayar)
www.akhayar.com