[Zawgyi]

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ၂၀၁၈-၁၉ လာလီဂါ ပဲြစဥ္ဇယားထြက္ေပၚလာၿပီ

ပရိသတ္စိတ္၀င္စားမႈအမ်ားဆုံး လိဂ္ၿပိဳင္ပဲြေတြထဲက တစ္ခုအပါအ၀င္အျဖစ္တဲ့ လာလီဂါၿပိဳင္ပဲြရဲ႕ ၂၀၁၈-၁၉ ရာသီအတြက္ ပဲြစဥ္ဇယားထြက္ေပၚလာၿပီျဖစ္ပါတယ္။ ၂၀၁၈-၁၉ ရာသီ လာလီဂါၿပိဳင္ပဲြကုိ လာမယ့္ ၾသဂုတ္လ(၁၈၊၁၉)ရက္မွာ စတင္က်င္းပမွာျဖစ္ၿပီး ၂၀၁၉၊ ေမလ(၂၆)ရက္က်ရင္ ရာသီပိတ္ပဲြေတြ ကစားသြားမွာျဖစ္ပါတယ္။ အဖြင့္ပဲြေတြအျဖစ္ လက္ရွိခ်န္ပီယံ ဘာစီလုိနာအသင္းက အလာဗတ္စ္နဲ႔ အိမ္ကြင္း၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဇီဒန္း Zidane တို႔မရွိေတာ့တဲ ရီးယဲလ္အသင္းက ဂီတာေဖးနဲ႔ အိမ္ကြင္းပဲြေတြ ကစားရမွာျဖစ္လုိ႔ ပဲြေခ်ာင္ေနေပမယ့္ အက္သလက္တီကုိအသင္းကေတာ့ ဗလင္စီယာနဲ႔အေ၀းကြင္းပဲြက်ပ္ကစားရမွာပါ။

2017-18-La-Liga-Champion-Barcelona

2017-18-La-Liga-Champion-Barcelona

စပိန္ေဘာလုံးေလာကအတြက္ ပဲြႀကီးပဲြေကာင္းျဖစ္တဲ့ El Clásico ကေတာ့ ေအာက္တိုဘာနဲ႔ မတ္လေတြက်ရင္ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ El Clásico ပထမအေက်ာ႔အျဖစ္ ေအာက္တိုဘာ (၂၈) ရက္မွာ ဘာစီလုိနာရဲ႕ ႏူးကမ့္ကြင္းႀကီးထဲ ကစားသြားမွာျဖစ္ၿပီး ဒုတိယအေက်ာ႔ကုိေတာ့ ၂၀၁၉၊ မတ္လ(၃) ရက္က်ရင္ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

El-Clasico

El-Clasico

ဒီႏွစ္မွာေတာ့ စီေရာ္နယ္လ္ဒုိ -မက္ဆီတို႔ရဲ႕ အားၿပိဳင္မႈကုိ ပရိသတ္ေတြ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။ El Clásico ပဲြမတိုင္ခင္ မက္ဒရစ္ဒါဘီပဲြ အရင္ကစားမွာျဖစ္ၿပီး ပထမအေက်ာ႔အျဖစ္ စက္တင္ဘာ(၃၀)ရက္က်ရင္ ရီးယဲလ္က အိမ္ကြင္း၊ ဒုတိယအေက်ာ႕ကုိ ၂၀၁၉၊ ေဖေဖာ္၀ါရီ(၁၀)ရက္မွာ အက္သလက္တီကုိအသင္းရဲ႕ Metropolitan ကြင္းသစ္ႀကီးမွာ ကစားမွာျဖစ္ပါတယ္။

Cristiano-Ronaldo-and-Messi

Cristiano-Ronaldo-and-Messi

ဒီရာသီလာလီဂါၿပိဳင္ပဲြရဲ႕ ထူးျခားခ်က္ကေတာ့ Huesca အသင္းဟာ (၅၈)ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ လာလီဂါၿပိဳင္ပဲြကုိ တန္းတက္ခြင့္ရရွိခဲ့တာျဖစ္ၿပီး ေနာက္တစ္ခုက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသုံးျပဳခဲ့တဲ့ ႐ုပ္သံအကူဒုိင္စနစ္ (VAR)ကုိ စတင္အသုံးျပဳသြားမွာပဲျဖစ္ပါတယ္။

Referee-Watching-VAR

Referee-Watching-VAR

၂၀၁၈-၁၉ ရာသီ ကန္႔လန္႔ကာအဖြင့္ပဲြျဖစ္တဲ့ စပိန္စူပါဖလားပဲြအျဖစ္ ဘာစီလုိနာနဲ႔ ဆီဗီလာအသင္းတို႔ဟာ ၾသဂုတ္လ(၁၂)ရက္မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ စပိန္စူပါဖလားဟာ လာလီဂါခ်န္ပီယံနဲ႔ စပိန္ဘုရင့္ဖလားခ်န္ပီယံအသင္း ရင္ဆုိင္ရမွာျဖစ္ေပမယ့္ ဘာစီလုိနာအသင္းက ၿပီးခဲ့တဲ့ရာသီက အဲဒီဖလား(၂)လုံးဆြတ္ခူးခဲ့တာေၾကာင့္ စပိန္ဘုရင့္ဖလားဗုိလ္လုပဲြတက္ခဲ့တဲ့ ဆီဗီလာနဲ႔ စပိန္စူပါဖလားပဲြကစားရမွာျဖစ္ပါတယ္။ စပိန္စူပါဖလားဟာ အရင္ႏွစ္ေတြကလုိ ႏွစ္ေက်ာ႔ကစားမွာ မဟုတ္ဘဲ တစ္ပဲြတည္း အဆုံးအျဖတ္ခံယူမွာျဖစ္သလုိ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ျပည္ပထြက္ကစားမွာျဖစ္ၿပီး ေမာ္႐ုိကုိႏုိင္ငံမွာ သြားေရာက္ကစားၾကမွာပါ။

လာလီဂါပဲြစဥ္(၁)
Athletic Club-Leganés
Real Betis-Levante
Celta de Vigo-Espanyol
Eibar-Huesca
Girona-Real Valladolid
Vallecano -Sevilla
Barcelona – Deportivo Alavés
Valencia-Atlético Madrid
Real Madrid -Getafe
Villarreal-Real Sociedad

၂၀၁၈-၁၉ လာလီဂါပဲြစဥ္အျပည့္အစုံ

REF:ESPN
Photo:Getty Images,TIMEJUST,Barca Blaugranes,The New Nation
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်တွေ စောင့်မျှော်နေတဲ့ ၂၀၁၈-၁၉ လာလီဂါ ပွဲစဉ်ဇယားထွက်ပေါ်လာပြီ

ပရိသတ်စိတ်ဝင်စားမှုအများဆုံး လိဂ်ပြိုင်ပွဲတွေထဲက တစ်ခုအပါအဝင်အဖြစ်တဲ့ လာလီဂါပြိုင်ပွဲရဲ့ ၂၀၁၈-၁၉ ရာသီအတွက် ပွဲစဉ်ဇယားထွက်ပေါ်လာပြီဖြစ်ပါတယ်။ ၂၀၁၈-၁၉ ရာသီ လာလီဂါပြိုင်ပွဲကို လာမယ့် သြဂုတ်လ(၁၈၊၁၉)ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ၂၀၁၉၊ မေလ(၂၆)ရက်ကျရင် ရာသီပိတ်ပွဲတွေ ကစားသွားမှာဖြစ်ပါတယ်။ အဖွင့်ပွဲတွေအဖြစ် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက အလာဗတ်စ်နဲ့ အိမ်ကွင်း၊ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဇီဒန်း Zidane တို့မရှိတော့တဲ ရီးယဲလ်အသင်းက ဂီတာဖေးနဲ့ အိမ်ကွင်းပွဲတွေ ကစားရမှာဖြစ်လို့ ပွဲချောင်နေပေမယ့် အက်သလက်တီကိုအသင်းကတော့ ဗလင်စီယာနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာပါ။

2017-18-La-Liga-Champion-Barcelona

2017-18-La-Liga-Champion-Barcelona

စပိန်ဘောလုံးလောကအတွက် ပွဲကြီးပွဲကောင်းဖြစ်တဲ့ El Clásico ကတော့ အောက်တိုဘာနဲ့ မတ်လတွေကျရင် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ El Clásico ပထမအကျော့အဖြစ် အောက်တိုဘာ (၂၈) ရက်မှာ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကြီးထဲ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ၂၀၁၉၊ မတ်လ(၃) ရက်ကျရင် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

El-Clasico

El-Clasico

ဒီနှစ်မှာတော့ စီရော်နယ်လ်ဒို -မက်ဆီတို့ရဲ့ အားပြိုင်မှုကို ပရိသတ်တွေ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ El Clásico ပွဲမတိုင်ခင် မက်ဒရစ်ဒါဘီပွဲ အရင်ကစားမှာဖြစ်ပြီး ပထမအကျော့အဖြစ် စက်တင်ဘာ(၃၀)ရက်ကျရင် ရီးယဲလ်က အိမ်ကွင်း၊ ဒုတိယအကျော့ကို ၂၀၁၉၊ ဖေဖော်ဝါရီ(၁၀)ရက်မှာ အက်သလက်တီကိုအသင်းရဲ့ Metropolitan ကွင်းသစ်ကြီးမှာ ကစားမှာဖြစ်ပါတယ်။

Cristiano-Ronaldo-and-Messi

Cristiano-Ronaldo-and-Messi

ဒီရာသီလာလီဂါပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ Huesca အသင်းဟာ (၅၈)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် လာလီဂါပြိုင်ပွဲကို တန်းတက်ခွင့်ရရှိခဲ့တာဖြစ်ပြီး နောက်တစ်ခုက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ ရုပ်သံအကူဒိုင်စနစ် (VAR)ကို စတင်အသုံးပြုသွားမှာပဲဖြစ်ပါတယ်။

Referee-Watching-VAR

Referee-Watching-VAR

၂၀၁၈-၁၉ ရာသီ ကန့်လန့်ကာအဖွင့်ပွဲဖြစ်တဲ့ စပိန်စူပါဖလားပွဲအဖြစ် ဘာစီလိုနာနဲ့ ဆီဗီလာအသင်းတို့ဟာ သြဂုတ်လ(၁၂)ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ စပိန်စူပါဖလားဟာ လာလီဂါချန်ပီယံနဲ့ စပိန်ဘုရင့်ဖလားချန်ပီယံအသင်း ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ရာသီက အဲဒီဖလား(၂)လုံးဆွတ်ခူးခဲ့တာကြောင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတက်ခဲ့တဲ့ ဆီဗီလာနဲ့ စပိန်စူပါဖလားပွဲကစားရမှာဖြစ်ပါတယ်။ စပိန်စူပါဖလားဟာ အရင်နှစ်တွေကလို နှစ်ကျော့ကစားမှာ မဟုတ်ဘဲ တစ်ပွဲတည်း အဆုံးအဖြတ်ခံယူမှာဖြစ်သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြည်ပထွက်ကစားမှာဖြစ်ပြီး မော်ရိုကိုနိုင်ငံမှာ သွားရောက်ကစားကြမှာပါ။

လာလီဂါပွဲစဉ်(၁)
Athletic Club-Leganés
Real Betis-Levante
Celta de Vigo-Espanyol
Eibar-Huesca
Girona-Real Valladolid
Vallecano -Sevilla
Barcelona – Deportivo Alavés
Valencia-Atlético Madrid
Real Madrid -Getafe
Villarreal-Real Sociedad

၂၀၁၈-၁၉ လာလီဂါပွဲစဉ်အပြည့်အစုံ

REF:ESPN
Photo:Getty Images,TIMEJUST,Barca Blaugranes,The New Nation
Naing Linn(Akhayar)
www.akhayar.com