[Zawgyi]

အေမရိကရဲ႕ အသက္အငယ္ဆံုး အမ်ိဳးသမီး ဘီလ်ံနာျဖစ္လာတဲ့ Kylie Jenner

Kardashian-Jenner မ်ိဳးႏြယ္ဆိုတာနဲ႔ Hollywood အႏုပညာေလာကရဲ႕ ဂုဏ္သတင္းအႀကီးမားဆံုးနဲ႔ အေခ်ာအလွဆံုး၊ အေအာင္ျမင္ဆံုး မိန္းမသားေတြစုေဝးေနတဲ့ မ်ိဳးႏြယ္စုႀကီးကို ေျပးျမင္ၾကမွာပါ။ Model ေလာကမွာေအာင္ျမင္ေက်ာ္ၾကားသူေတြရွိသလို စီးပြားေရးေလာကထိပါ ေအာင္ျမင္မႈျဖန္႔က်က္ႏိုင္တဲ့ မိန္းမသားေတြပါ။ ဒါ့အျပင္ သူတို႔ရဲ႕အလွအပ၊ လူမႈကြန္ရက္ေတြေပၚေရာက္ရွိလာတဲ့ စိတ္ဝင္စားစရာ သတင္းေတြ၊ လႈပ္ရွားမႈေတြကလည္း လူတိုင္းစိတ္ဝင္စားရေလာက္တဲ့အထိ အာရံုလႊမ္းမိုးမႈႀကီးလွပါတယ္။ ဒါေပမယ့္ ဒီနာမည္ႀကီးမ်ိဳးႏြယ္စုႀကီးရဲ႕ အသက္အငယ္ဆံုးနဲ႔ နာမည္အေက်ာ္ၾကားဆံုး ေရႊမင္းသမီး Kylie Jenner ကေတာ့ အသက္ ၂၀ အရြယ္ေလးနဲ႔ အေမရိကရဲ႕ အသက္အငယ္ဆံုး အမ်ိဳးသမီး ဘီလ်ံနာအျဖစ္ ကမာၻ႔ထိပ္တန္း Forbes Magazine ရဲ႕ မဂၢဇင္း Cover ေပၚထိ ေရာက္ရွိလာခဲ့ပါၿပီ။

Kylie Jenner

Kylie Jenner

တရားဝင္ ေလ့လာတြက္ခ်က္မႈေတြအရ ကိုယ္ထူကိုယ္ထ စီးပြားေရးပညာရွင္အျဖစ္ Kylie Cosmetics ေတြနဲ႔ အလွအပေလာကကို လႊမ္းမိုးေစခဲ့သူ Kylie ဟာ ခုခ်ိန္မွာေတာ့ အသားတင္ႂကြယ္ဝမႈ အေမရိကန္ေဒၚလာ ၉၀၀ မီလီယံနဲ႔ အသက္အငယ္ဆံုး ဘီလ်ံနာသူေဌးမဘဝကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ သူမတို႔မိန္းမလွမ်ိဳးႏြယ္ထဲက Kim Kardashian ရဲ႕ အသားတင္ဝင္ေငြကေတာင္ အေမရိကန္ေဒၚလာ ၃၅၀ မီလီယံခန္႔ပဲရွိေသးခ်ိန္မွာ Kylie က မိသားစုရဲ႕ အငယ္ဆံုးနဲ႔ အႂကြယ္ဝဆံုး အမ်ိဳးသမီး ျဖစ္လာခဲ့တာပါ။

Kylie Jenner and Kim Kardashian

Kylie Jenner and Kim Kardashian

သူမဟာ အလွအပေရးရာကို ႐ူးသြပ္သူပီပီ Kylie Cosmetic ကို လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္က စတင္ထူေထာင္ခဲ့ၿပီး Lip Stick နဲ႔ Lip Liner တြဲဖက္ပါဝင္တဲ့ အေမရိကန္ေဒၚလာ၂၉ ေဒၚလာတန္ Lip Kit နဲ႔ ပထမဆံုး ျဖန္႔ခ်ီခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တည္းက အလွအပေလာကမွာပါ တဟုန္ထိုးေအာင္ျမင္ခဲ့တဲ့ Kylie ဟာ ေနာက္ပိုင္း ထြက္သမွ် Cosmetics ေတြအားလံုး Stock ျပတ္တဲ့အထိ ေရာင္းခ်ခဲ့ရၿပီး လက္ရွိ သူမ ဝင္ေငြအားလံုးရဲ႕ ၆၃၀ ဘီလီယံကို Kylie Cosmetics ကေန ရွာေဖြႏိုင္ခဲ့တာျဖစ္ပါတယ္။ တျခားဝင္ေငြေတြကိုေတာ့ သူမပါဝင္တဲ့ TV Program ေတြ၊ Puma Shoes နဲ႔ PacSun Clothing တို႔လို Fashion ေၾကာ္ျငာေတြကေန ရရွိခဲ့ပါတယ္။

Kylie Cosmetics ေၾကာ္ျငာ

Kylie Cosmetics ေၾကာ္ျငာ

အဲ့ဒီဝင္ေငြစီးဆင္းမႈေတြအားလံုးေပါင္းလိုက္တဲ့အခါမွာေတာ့ Forbes မဂၢဇင္းရဲ႕ ၄ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစီအစဥ္ျဖစ္တဲ့ ကိုယ္ထူကိုယ္ထအခ်မ္းသာဆံုးအမ်ိဳးသမီးစီးပြားေရးပညာရွင္စာရင္းဝင္ခဲ့ၿပီး အသက္အငယ္ဆံုးနဲ႔ အေအာင္ျမင္ဆံုးအျဖစ္ မဂၢဇင္း Cover ေပၚထိ မွတ္တမ္းတင္ခံရသူျဖစ္လာခဲ့ပါတယ္။ သူမရဲ႕ ဘီလီယံခ်ီတဲ့ Kylie Cosmetics အင္ပါယာႀကီးမွာေတာ့ အခ်ိန္ျပည့္ ဝန္ထမ္း ၇ဦးနဲ႔ အခ်ိန္ပိုင္း ဝန္ထမ္း ၅ဦးတည္းသာ အဓိကဦးေဆာင္ပါဝင္ေနၿပီး ထုတ္လုပ္မႈနဲ႔ ထုပ္ပိုးမႈပိုင္းကိုေတာ့ သီးသန္႔ Label Producer တစ္ေယာက္၊ အေရာင္းပိုင္းကိုေတာ့ Online Outlet တစ္ခုျဖစ္တဲ့ Shopify နဲ႔ စာရင္းအင္း၊ PR ပိုင္းကိုေတာ့ Kylie ရဲ႕ပါးနပ္လိမၼာလြန္းတဲ့ မိခင္ Kris က ႀကီးၾကပ္တာျဖစ္ပါတယ္။ ထုတ္လုပ္မႈေရာ၊ ေစ်းကြက္တင္ပို႔ေရာင္းခ်မႈ လုပ္ငန္းစဥ္ေတြမွာပါဝင္တဲ့ ကုန္က်စရိတ္ေတြကို ခ်ံဳ႕ႏိုင္ခဲ့တဲ့ Kylie အတြက္ေတာ့ ရွာသမွ်အျမတ္ေငြအားလံုးရဲ႕ ၁၀၀ ရာခိုင္ႏႈန္းလံုး သူမအိတ္ထဲေရာက္လာေတာ့ပါတယ္။ အဲ့ဒီဝင္ေငြေတြ ႂကြယ္ဝမႈေတြအားလံုးဟာ လူမႈကြန္ရက္ဆိုတဲ့ ေနရာတစ္ေနရာတည္းကေနျမစ္ဖ်ားခံလာတာျဖစ္ပါတယ္။

Kylie Jenner and Kris Jenner

Kylie Jenner and Kris Jenner

“Social Media ေတြကေတာ့ တကယ့္အံ့မခန္းဖြယ္ရာ Platform တစ္ခုပါပဲ။ ကြ်န္မရဲ႕ သံုးစြဲသူေတြ၊ ပရိသတ္ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ခြင့္ရၿပီး ေစ်းကြက္ျဖန္႔က်က္ႏိုင္ခဲ့ပါတယ္” လို႔ Kylie ကိုယ္တိုင္ ဆိုခဲ့ပါတယ္။ အမွန္ေတာ့ Kardashian-Jenner မိသားစုဝင္ေတြအားလံုးရဲ႕ ေငြေၾကးႂကြယ္ဝမႈေတြဟာ လူမႈကြန္ရက္ေတြရဲ႕ သတင္းျဖန္႔ေဝမႈနဲ႔ ပရိသတ္အင္အားအေပၚ အမ်ားႀကီးသက္ေရာက္ပါတယ္။ ဒါကိုေကာင္းေကာင္းနားလည္ထားတဲ့ Kylie ကနာရီျခားတစ္ခါ ဓါတ္ပံုေတြတင္ရင္း သူမလိမ္းျခယ္ထား၊ ဆိုးထားတဲ့ Kylie အလွအပထုတ္ကုန္ေတြကို ျပသၿပီး မၾကာခင္ထြက္ရွိမယ့္ Collection ေတြကိုပါ တစ္ဖက္လွည့္နဲ႔ေၾကာ္ျငာတတ္ခဲ့ပါတယ္။

Kylie Cosmetics ေၾကာ္ျငာ

Kylie Cosmetics ေၾကာ္ျငာ

လူမႈကြန္ရက္ေတြဟာ ဒီေလာက္အေရးပါမယ္လို႔ မထင္ထားခဲ့ရင္ေတာ့ တကယ့္အမွားႀကီးပါပဲ။ Kylie Instagram ရဲ႕ သန္း ၁၁၀ ရွိတဲ့ Follower ေတြနဲ႔ Snapchat နဲ႔ Twitter ေပၚက သန္းခ်ီတဲ့ ပရိသတ္ေတြအားလံုးဟာ Kylie အလွကုန္ေတြရဲ႕ ေစ်းကြက္ႀကီးပါပဲ။ Follow ထားသူအားလံုးနီးပါးဟာလည္း အလွအပစိတ္ဝင္စားသူအမ်ိဳးသမီးေတြခ်ည္းမို႔ Targeted Audience မွန္ကန္ခဲ့တယ္လို႔ ဆိုရမွာပါ။ တျခား သူမကုမၸဏီေတြကို Follow ထားသူေတြ၊ သူမေဆြမ်ိဳးေတြနဲ႔ သူငယ္ခ်င္းေတြကို Follow ထားသူေတြေၾကာင့္လည္း ေစ်းကြက္ပိုက်ယ္ျပန္႔ခဲ့ပါတယ္။

ဒီ လူမႈကြန္ရက္နဲ႔ ပရိသတ္အင္အားေတြ သိမ္းယူၿပီး ေအာင္ျမင္ေအာင္လုပ္ခဲ့တဲ့နည္းဟာ အေမရိကန္သမၼတ Donald Trump ရဲ႕နည္းလမ္းလိုပါပဲ။ “Fame is just another word for free marketing” ဆိုတဲ့ အျမင္သစ္နဲ႔ ေကာင္းေကာင္းႀကီး လူမႈကြန္ရက္ကို လက္နက္တစ္ခုလို အသံုးခ်သြားႏိုင္တဲ့အခါ သန္းႂကြယ္သူေဌးတစ္ေယာက္အျဖစ္ကေန အေမရိကန္ သမၼတျဖစ္ခဲ့သလို အသက္ ၂၀ အရြယ္ အမ်ိဳးသမီးငယ္ေလးအျဖစ္ကေန အေမရိကရဲ႕ စီးပြားေရးေလာကကို ဦးေဆာင္မယ့္ အသက္အငယ္ဆံုး ဘီလ်ံနာအမ်ိဳးသမီးျဖစ္လာခဲ့ပါၿပီ။

Kylie Jenner

Kylie Jenner

နာမည္ႀကီးေက်ာ္ၾကားေနမႈေတြေၾကာင့္သာ ေအာင္ျမင္ရံုကလြဲ ဘာမွ လုပ္စရာမလိုတဲ့ ဒီမ်ိဳးႏြယ္စုတစ္ခုလံုးထဲမွာေတာ့ Kylie ဟာ အသက္အငယ္ဆံုးနဲ႔ ေစ်းကြက္အျမင္တတ္ဆံုး၊ Trend နဲ႔ ပရိသတ္အႀကိဳက္ကို အေလ့လာတတ္ဆံုး၊ အပါးနပ္ဆံုး စီးပြားေရးပညာရွင္အျဖစ္ လူမႈကြန္ယက္ေပၚက အသက္၁၅ႏွစ္ကေန ၃၅ ႏွစ္ဝန္းက်င္အမ်ိဳးသမီးတိုင္းရဲ႕ အလွအပအိပ္မက္ေတြကို အုပ္စိုးႏိုင္ခဲ့ပါၿပီ။

Kylie Jenner Lip filler မထိုးမီနဲ႔ ထိုးျပီး

Kylie Jenner Lip filler မထိုးမီနဲ႔ ထိုးျပီး

ငယ္ငယ္ ၆တန္းအရြယ္တည္းက အလွအပကို႐ူးသြပ္ခဲ့သူ၊ မိတ္ကပ္ျပင္ေနရရင္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိသူ၊ အၿမဲတမ္း အလွအပနဲ႔ပတ္သက္ရင္ ႐ူးသြပ္သူ၊ သူမရဲ႕ ပါးလႊာေသးလြန္းတဲ့ ႏႈတ္ခမ္းေၾကာင့္ စိတ္ဓါတ္က်ခဲ့ရာကေန Kylie ႏႈတ္ခမ္းနီေတြကတဆင့္ Kylie Lip Challenge ဆိုၿပီး နာမည္ေက်ာ္ခဲ့တဲ့အထိ ေျပာင္းလဲေစခဲ့သူ၊ အသက္ ၁၇ ႏွစ္အရြယ္တည္းက စီးပြားေရးေလာကကို ေအာင္ေအာင္ျမင္ျမင္ေျခစံုဝင္ႏိုင္ခဲ့တဲ့ မိန္းမငယ္ေလး Kylie Jenner ရဲ႕ သန္းခ်ီတဲ့ ေငြေၾကး၊ ပရိသတ္ေတြနဲ႔ ေအာင္ျမင္မႈေတြကေတာ့ ကမာၻအႏွံ႔အျပားက အမ်ိဳးသမီးထုတစ္ရပ္လံုးအတြက္ ခြန္အားတစ္ခုအျဖစ္ ရပ္တည္ေနေတာ့မွာအမွန္ပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com

Source : Forbes
[Unicode]

အမေရိကရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner

Kardashian-Jenner မျိုးနွယ်ဆိုတာနဲ့ Hollywood အနုပညာလောကရဲ့ ဂုဏ်သတင်းအကြီးမားဆုံးနဲ့ အချောအလှဆုံး၊ အအောင်မြင်ဆုံး မိန်းမသားတွေစုဝေးနေတဲ့ မျိုးနွယ်စုကြီးကို ပြေးမြင်ကြမှာပါ။ Model လောကမှာအောင်မြင်ကျော်ကြားသူတွေရှိသလို စီးပွားရေးလောကထိပါ အောင်မြင်မှုဖြန့်ကျက်နိုင်တဲ့ မိန်းမသားတွေပါ။ ဒါ့အပြင် သူတို့ရဲ့အလှအပ၊ လူမှုကွန်ရက်တွေပေါ်ရောက်ရှိလာတဲ့ စိတ်ဝင်စားစရာ သတင်းတွေ၊ လှုပ်ရှားမှုတွေကလည်း လူတိုင်းစိတ်ဝင်စားရလောက်တဲ့အထိ အာရုံလွှမ်းမိုးမှုကြီးလှပါတယ်။ ဒါပေမယ့် ဒီနာမည်ကြီးမျိုးနွယ်စုကြီးရဲ့ အသက်အငယ်ဆုံးနဲ့ နာမည်အကျော်ကြားဆုံး ရွှေမင်းသမီး Kylie Jenner ကတော့ အသက် ၂၀ အရွယ်လေးနဲ့ အမေရိကရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဘီလျံနာအဖြစ် ကမ္ဘာ့ထိပ်တန်း Forbes Magazine ရဲ့ မဂ္ဂဇင်း Cover ပေါ်ထိ ရောက်ရှိလာခဲ့ပါပြီ။

Kylie Jenner

Kylie Jenner

တရားဝင် လေ့လာတွက်ချက်မှုတွေအရ ကိုယ်ထူကိုယ်ထ စီးပွားရေးပညာရှင်အဖြစ် Kylie Cosmetics တွေနဲ့ အလှအပလောကကို လွှမ်းမိုးစေခဲ့သူ Kylie ဟာ ခုချိန်မှာတော့ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံနဲ့ အသက်အငယ်ဆုံး ဘီလျံနာသူဌေးမဘဝကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမတို့မိန်းမလှမျိုးနွယ်ထဲက Kim Kardashian ရဲ့ အသားတင်ဝင်ငွေကတောင် အမေရိကန်ဒေါ်လာ ၃၅၀ မီလီယံခန့်ပဲရှိသေးချိန်မှာ Kylie က မိသားစုရဲ့ အငယ်ဆုံးနဲ့ အကြွယ်ဝဆုံး အမျိုးသမီး ဖြစ်လာခဲ့တာပါ။

Kylie Jenner and Kim Kardashian

Kylie Jenner and Kim Kardashian

သူမဟာ အလှအပရေးရာကို ရူးသွပ်သူပီပီ Kylie Cosmetic ကို လွန်ခဲ့တဲ့ ၂နှစ်ကျော်က စတင်ထူထောင်ခဲ့ပြီး Lip Stick နဲ့ Lip Liner တွဲဖက်ပါဝင်တဲ့ အမေရိကန်ဒေါ်လာ၂၉ ဒေါ်လာတန် Lip Kit နဲ့ ပထမဆုံး ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တည်းက အလှအပလောကမှာပါ တဟုန်ထိုးအောင်မြင်ခဲ့တဲ့ Kylie ဟာ နောက်ပိုင်း ထွက်သမျှ Cosmetics တွေအားလုံး Stock ပြတ်တဲ့အထိ ရောင်းချခဲ့ရပြီး လက်ရှိ သူမ ဝင်ငွေအားလုံးရဲ့ ၆၃၀ ဘီလီယံကို Kylie Cosmetics ကနေ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ တခြားဝင်ငွေတွေကိုတော့ သူမပါဝင်တဲ့ TV Program တွေ၊ Puma Shoes နဲ့ PacSun Clothing တို့လို Fashion ကြော်ငြာတွေကနေ ရရှိခဲ့ပါတယ်။

Kylie Cosmetics ကြော်ငြာ

Kylie Cosmetics ကြော်ငြာ

အဲ့ဒီဝင်ငွေစီးဆင်းမှုတွေအားလုံးပေါင်းလိုက်တဲ့အခါမှာတော့ Forbes မဂ္ဂဇင်းရဲ့ ၄ကြိမ်မြောက် နှစ်ပတ်လည်အစီအစဉ်ဖြစ်တဲ့ ကိုယ်ထူကိုယ်ထအချမ်းသာဆုံးအမျိုးသမီးစီးပွားရေးပညာရှင်စာရင်းဝင်ခဲ့ပြီး အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံးအဖြစ် မဂ္ဂဇင်း Cover ပေါ်ထိ မှတ်တမ်းတင်ခံရသူဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ဘီလီယံချီတဲ့ Kylie Cosmetics အင်ပါယာကြီးမှာတော့ အချိန်ပြည့် ဝန်ထမ်း ၇ဦးနဲ့ အချိန်ပိုင်း ဝန်ထမ်း ၅ဦးတည်းသာ အဓိကဦးဆောင်ပါဝင်နေပြီး ထုတ်လုပ်မှုနဲ့ ထုပ်ပိုးမှုပိုင်းကိုတော့ သီးသန့် Label Producer တစ်ယောက်၊ အရောင်းပိုင်းကိုတော့ Online Outlet တစ်ခုဖြစ်တဲ့ Shopify နဲ့ စာရင်းအင်း၊ PR ပိုင်းကိုတော့ Kylie ရဲ့ပါးနပ်လိမ္မာလွန်းတဲ့ မိခင် Kris က ကြီးကြပ်တာဖြစ်ပါတယ်။ ထုတ်လုပ်မှုရော၊ ဈေးကွက်တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်တွေမှာပါဝင်တဲ့ ကုန်ကျစရိတ်တွေကို ချုံ့နိုင်ခဲ့တဲ့ Kylie အတွက်တော့ ရှာသမျှအမြတ်ငွေအားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်းလုံး သူမအိတ်ထဲရောက်လာတော့ပါတယ်။ အဲ့ဒီဝင်ငွေတွေ ကြွယ်ဝမှုတွေအားလုံးဟာ လူမှုကွန်ရက်ဆိုတဲ့ နေရာတစ်နေရာတည်းကနေမြစ်ဖျားခံလာတာဖြစ်ပါတယ်။

Kylie Jenner and Kris Jenner

Kylie Jenner and Kris Jenner

“Social Media တွေကတော့ တကယ့်အံ့မခန်းဖွယ်ရာ Platform တစ်ခုပါပဲ။ ကျွန်မရဲ့ သုံးစွဲသူတွေ၊ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး ဈေးကွက်ဖြန့်ကျက်နိုင်ခဲ့ပါတယ်” လို့ Kylie ကိုယ်တိုင် ဆိုခဲ့ပါတယ်။ အမှန်တော့ Kardashian-Jenner မိသားစုဝင်တွေအားလုံးရဲ့ ငွေကြေးကြွယ်ဝမှုတွေဟာ လူမှုကွန်ရက်တွေရဲ့ သတင်းဖြန့်ဝေမှုနဲ့ ပရိသတ်အင်အားအပေါ် အများကြီးသက်ရောက်ပါတယ်။ ဒါကိုကောင်းကောင်းနားလည်ထားတဲ့ Kylie ကနာရီခြားတစ်ခါ ဓါတ်ပုံတွေတင်ရင်း သူမလိမ်းခြယ်ထား၊ ဆိုးထားတဲ့ Kylie အလှအပထုတ်ကုန်တွေကို ပြသပြီး မကြာခင်ထွက်ရှိမယ့် Collection တွေကိုပါ တစ်ဖက်လှည့်နဲ့ကြော်ငြာတတ်ခဲ့ပါတယ်။

Kylie Cosmetics ကြော်ငြာ

Kylie Cosmetics ကြော်ငြာ

လူမှုကွန်ရက်တွေဟာ ဒီလောက်အရေးပါမယ်လို့ မထင်ထားခဲ့ရင်တော့ တကယ့်အမှားကြီးပါပဲ။ Kylie Instagram ရဲ့ သန်း ၁၁၀ ရှိတဲ့ Follower တွေနဲ့ Snapchat နဲ့ Twitter ပေါ်က သန်းချီတဲ့ ပရိသတ်တွေအားလုံးဟာ Kylie အလှကုန်တွေရဲ့ ဈေးကွက်ကြီးပါပဲ။ Follow ထားသူအားလုံးနီးပါးဟာလည်း အလှအပစိတ်ဝင်စားသူအမျိုးသမီးတွေချည်းမို့ Targeted Audience မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ တခြား သူမကုမ္ပဏီတွေကို Follow ထားသူတွေ၊ သူမဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို Follow ထားသူတွေကြောင့်လည်း ဈေးကွက်ပိုကျယ်ပြန့်ခဲ့ပါတယ်။

ဒီ လူမှုကွန်ရက်နဲ့ ပရိသတ်အင်အားတွေ သိမ်းယူပြီး အောင်မြင်အောင်လုပ်ခဲ့တဲ့နည်းဟာ အမေရိကန်သမ္မတ Donald Trump ရဲ့နည်းလမ်းလိုပါပဲ။ “Fame is just another word for free marketing” ဆိုတဲ့ အမြင်သစ်နဲ့ ကောင်းကောင်းကြီး လူမှုကွန်ရက်ကို လက်နက်တစ်ခုလို အသုံးချသွားနိုင်တဲ့အခါ သန်းကြွယ်သူဌေးတစ်ယောက်အဖြစ်ကနေ အမေရိကန် သမ္မတဖြစ်ခဲ့သလို အသက် ၂၀ အရွယ် အမျိုးသမီးငယ်လေးအဖြစ်ကနေ အမေရိကရဲ့ စီးပွားရေးလောကကို ဦးဆောင်မယ့် အသက်အငယ်ဆုံး ဘီလျံနာအမျိုးသမီးဖြစ်လာခဲ့ပါပြီ။

Kylie Jenner

Kylie Jenner

နာမည်ကြီးကျော်ကြားနေမှုတွေကြောင့်သာ အောင်မြင်ရုံကလွဲ ဘာမှ လုပ်စရာမလိုတဲ့ ဒီမျိုးနွယ်စုတစ်ခုလုံးထဲမှာတော့ Kylie ဟာ အသက်အငယ်ဆုံးနဲ့ ဈေးကွက်အမြင်တတ်ဆုံး၊ Trend နဲ့ ပရိသတ်အကြိုက်ကို အလေ့လာတတ်ဆုံး၊ အပါးနပ်ဆုံး စီးပွားရေးပညာရှင်အဖြစ် လူမှုကွန်ယက်ပေါ်က အသက်၁၅နှစ်ကနေ ၃၅ နှစ်ဝန်းကျင်အမျိုးသမီးတိုင်းရဲ့ အလှအပအိပ်မက်တွေကို အုပ်စိုးနိုင်ခဲ့ပါပြီ။

Kylie Jenner Lip filler မထိုးမီနဲ့ ထိုးပြီး

Kylie Jenner Lip filler မထိုးမီနဲ့ ထိုးပြီး

ငယ်ငယ် ၆တန်းအရွယ်တည်းက အလှအပကိုရူးသွပ်ခဲ့သူ၊ မိတ်ကပ်ပြင်နေရရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူ၊ အမြဲတမ်း အလှအပနဲ့ပတ်သက်ရင် ရူးသွပ်သူ၊ သူမရဲ့ ပါးလွှာသေးလွန်းတဲ့ နှုတ်ခမ်းကြောင့် စိတ်ဓါတ်ကျခဲ့ရာကနေ Kylie နှုတ်ခမ်းနီတွေကတဆင့် Kylie Lip Challenge ဆိုပြီး နာမည်ကျော်ခဲ့တဲ့အထိ ပြောင်းလဲစေခဲ့သူ၊ အသက် ၁၇ နှစ်အရွယ်တည်းက စီးပွားရေးလောကကို အောင်အောင်မြင်မြင်ခြေစုံဝင်နိုင်ခဲ့တဲ့ မိန်းမငယ်လေး Kylie Jenner ရဲ့ သန်းချီတဲ့ ငွေကြေး၊ ပရိသတ်တွေနဲ့ အောင်မြင်မှုတွေကတော့ ကမ္ဘာအနှံ့အပြားက အမျိုးသမီးထုတစ်ရပ်လုံးအတွက် ခွန်အားတစ်ခုအဖြစ် ရပ်တည်နေတော့မှာအမှန်ပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com

Source : Forbes