[Zawgyi]






Kylie Jenner and Travis Scott


ရိုးလူ (Akhayar)

www.akhayar.com

Ref : Daily Mail
[Unicode]

ရည်းစားက လက်ဆောင်ပေးတဲ့ Ferrari ကားကို ထုတ်ကြွားလိုက်တဲ့ Kylie Jenner

ပြီးခဲ့တဲ့ ၃ ပတ်လောက်က သမီးလေး Stormi မွေးဖွားပြီးတည်းက ဒီတစ်ကြိမ်ဟာ Kylie အတွက် လူရှေ့ထွက်တာ ဒုတိယအကြိမ်ပါပဲ။ ဒီတစ်ကြိမ်မှာတော့ Kylie Jenner ဟာ သူ့ရဲ့ Ferrari ကားကို ကယ်လီဖိုးနီးယားနယ်၊ မာလီဘူးတစ်ဝိုက်မှာ ပတ်မောင်းရင်း ပျော်ရွှင်နေပုံပါ၊ အဲဒီ Ferrari ကားကတော့ သူ့ရဲ့ ရည်းစား Travis Scott က လက်ဆောင်ပေးထားပုံရပါတယ်။

သူရတဲ့ လက်ဆောင် Ferrari ဟာ တန်ကြေး ဒေါ်လာ ၁.၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းရပြီး အစီးရေ ၅၀၀ လောက်ပဲ ကန့်သတ်ထုတ်လုပ်ထားတဲ့ Limited Edition လည်း ဖြစ်ပါတယ်။

အသက် ၂၀ရှိပြီဖြစ်တဲ့ Kylie အတွက်တော့ ဒီလို တန်ဖိုးကြီးကားကို လက်ဆောင်ရတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်တော့ဘဲ အရင်ရည်းစား Tyga ကလည်း သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ Ferrari တစ်စီးနဲ့ ၁၉ နှစ်ပြည့်မွေးနေ့မှာ မာစီးဒီးစ် ကားတစ်စီးပေးခဲ့ဖူးပါတယ်။

Kylie ဟာ ကိုယ်ဝန်လွယ်ထားတဲ့အခိုက်မှာ လျှို့လျှို့ဝှက်ဝှက်နေထိုင်ခဲ့ပြီး ကလေးမွေးတဲ့အခါမှ Instagram နဲ့ Snapchat မှာ Video နဲ့ ကလေးပုံတွေ မျှဝေခဲ့တာ ဖြစ်ပါတယ်။ Kylie နဲ့ ကလေးအဖေ Scott တို့ဟာဆိုရင် Kylie တစ်ယောက် Tyga နဲ့ လမ်းမခွဲခင် ဧပြီ ၂၀၁၇ လောက်တည်းက Date နေကြတယ်လို့ဆိုပါတယ်။

Kylie Jenner ဆိုတာ Instagram မှာ Follower အများဆုံး ၈ ယောက်မြောက် Cele ဖြစ်ပြီး Follower ၁၀၃ သန်းက follow ထားကြပါယ်။ဒီတော့ ဒီက Cele တွေ ကြွယ်ကြတယ်ဆိုတာ သူတို့ဆီက Cele တွေ ကားတစ်ပတ်ပတ်မောင်းစာလောက်ပဲရှိတယ်လို့ ဆိုနိုင်ပါတယ်ဗျာ။

ရိုးလူ (Akhayar)