[Zawgyi]












Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com
[Unicode]

သမီးလေး Stormi ရဲ့ ပုံတွေကို Instagram ကနေ ဖျက်ပစ်လိုက်တဲ့ Kylie Jenner

ဘေဘီလေး Stormi ရဲ့ ပုံတွေကို အမြဲလိုလို တင်တတ်တဲ့ Kylie Jenner ကတော့ ရုတ်တရက်ပဲ သမီးလေးရဲ့ ဓာတ်ပုံတွေကို Instagram ကနေ ဖယ်ရှားပစ်လိုက်ပါတယ်။ ဒီလို ဖယ်ရှားလိုက်တာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ သူ့ပရိသတ်တွေက သတိထားမိတာ ဖြစ်ပါတယ်။

Kylie Jenner တစ်ယောက် သူ့ရဲ့မှဲ့ခြောက်တွေရှိတဲ့ မျက်နှာအနီးကပ် Selfie တင်ထားတုန်းကလည်း ဘေးမှာရှိတဲ့ Stormi ရဲ့မျက်နှာကို မဖော်ပြခဲ့ပါဘူး။ Caption ကိုတော့ “I spy with My little eye…” လို့ ထိုးထားခဲ့ပါတယ်။

Kylie Jenner and Stormi

Kylie Jenner and Stormi

ဒီလို ဓာတ်ပုံတွေ ဖြုတ်တာကို သတိထားမိတဲ့ ပရိသတ်တွေထဲက တစ်ယောက်က “cut her baby out” လို့ ရေးတဲ့အပေါ်မှာ Kylie က “Yeah I cut my baby out. I’m not sharing photos of my girl right now.” လို့ တုံ့ပြန်ခဲ့ပါတယ်။ သူဘာလို့ ဒီလို လုပ်ရတယ်ဆိုတာကို မသိရဘဲ Stormi ရဲ့ မျက်နှာမပေါ်တဲ့ ပုံတွေကတော့ Instagram မှာ ဆက်ရှိနေပါသေးတယ်။

Kylie Jenner and Stormi

Kylie Jenner and Stormi

Kylie Jenner and Stormi

Kylie Jenner and Stormi

ဘာပဲ ဖြစ်ဖြစ် အရမ်းငယ်သေးတဲ့ ကလေးတွေရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် မတင်တာကတော့ အကောင်းဆုံးမို့ Kylie ဒီလို လုပ်လိုက်တာကို ကြိုဆိုရမှာပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com