[Zawgyi]
England-Fans
England-Fans
REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com
[Unicode]
အင်္ဂလန်ပရိသတ်တွေကို ပြန်လည် လှောင်ပြောင်ခဲ့တဲ့ ဘာပေ Mbappe
ပြင်သစ်အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ Mbappe ဟာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်က ထွက်ခဲ့ပြီးနောက် အင်္ဂလန်ပရိသတ်တွေကို ပြန်လည် လှောင်ပြောင်ခဲ့ပါတယ်။ အင်္ဂလန်ပရိသတ်တချို့က ခရိုအေးရှားနဲ့ပွဲမတိုင်ခင် ဘာပေကို လူမှုကွန်ရက်စာမျက်နှာကနေ လှောင်ပြောင်တိုက်ခိုက်ခဲ့တဲ့အတွက် ဘာပေက ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ @UnspokenTruth80 ဆိုတဲ့ Account ပိုင်ရှင်က “ဘယ်လ်ဂျီယံနဲ့ပွဲတုန်းက ပွဲပြီးဖို့(၅)မိနစ်အလိုမှာ မင်း လုပ်ခဲ့တာအရမ်းကောင်းတယ်။(ပွဲပြီးခါနီးတွင် ဘာပေ အချိန်ဆွဲခဲ့ခြင်းကိုဆိုလို) အဲဒါမျိုး အင်္ဂလန်နဲ့ပွဲကျရင် လုပ်ကြည့်စမ်းပါ။ မက်ဂွိုင်းယား Maguire က မင်းကို ဝါးစားလိုက်မယ်”လို့ ရေးသားခဲ့ပြီး @LiamBeech9 ဆိုသူကလည်း “အင်္ဂလန်အသင်း ရှုံးပါစေလို့ ဆုတောင်းနေ”လို့ ရေးသားခဲ့သလို @MarkThomas0071 Account ကလည်း “တကယ်လို့ အင်္ဂလန်တက်လာရင် မင်းတို့ကြက်ဖတွေရဲ့ သွေးကို ငါတို့ Three Lions တွေက ဆာလောင်နေပြီ၊ မင်းတို့ကို ဝါးစားပြီးထွေးထုတ်ပစ်မယ်”လို့ ပြင်းပြင်းထန်ထန် ရေးသားခဲ့တာပါ။
England-Fans
England-Fans
ဒီလို ပြင်းထန်တဲ့ လှောင်ပြောင်မှုတွေခံခဲ့ရတဲ့အတွက် ဘာပေက ပေါက်ကွဲခဲ့ပြီး ပြန်လည်တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာပေက”It’s Coming Home။ Impossible ။ ဆောရီးပါ၊ အင်္ဂလန်ပရိသတ်တွေကို ကျွန်တော် ခင်ပေမယ့် ကျွန်တော့်ကို စော်ကားခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေအတွက် ဒီစကားက ထိုက်တန်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ဂိုးသွင်းထားတဲ့ ဘာပေဟာ လာမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကျရင် အသင်းကို ဒုတိယအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်ရအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
REF:Daily Mail
Photo:Torcedores.com,worldnewsnetwork
Naing Linn(Akhayar)
www.akhayar.com