[Zawgyi]

ရီးယဲလ္ကို ေျပာင္းမွာ မဟုတ္ဘဲ PSG အသင္းမွာပဲ ဆက္ရွိေနမယ့္ ဘာေပ Mbappe

PSG အသင္းရဲ႕ ျပင္သစ္လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ဟာ လာလီဂါထိပ္သီး ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕မွာမဟုတ္ဘဲ PSG အသင္းမွာပဲ ဆက္ကစားမယ္လုိ႔ အတည္ျပဳေျပာၾကားခဲ့တယ္။ အသက္(၁၉)ႏွစ္အရြယ္သာရွိေသးတဲ့ ဘာေပဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသင္းအတြက္ ေျခစြမ္းျပကစားခဲ့ၿပီး ၿပိဳင္ပဲြတစ္ေလွ်ာက္အေကာင္းဆုံးလူငယ္ကစားသမားဆုကုိပါ ဆြတ္ခူးႏုိင္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ ရီးယဲလ္အသင္းဟာ တစ္ခ်ိန္က နာမည္ေက်ာ္ၾကားခဲ့တဲ့ “ၾကယ္စင္စု Galactico”အသင္းကုိ ျပန္လည္တည္ေဆာက္ဖုိ႔ ျပင္ဆင္ေနၿပီး သူတို႔ရဲ႕စီမံကိန္းထဲမွာ ဘာေပလည္း အပါအ၀င္ပါပဲ။

Mbappe-Yong-Player-Of-The-World-Cup-Award

Mbappe-Yong-Player-Of-The-World-Cup-Award

ဘာေပဟာ ငယ္ငယ္တုန္းက စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ အားက်ေလးစားခဲ့ရသူျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ PSG အသင္းက ထြက္ခြာဖုိ႔ ဆႏၵမရွိတာေၾကာင့္ ရီးယဲလ္အသငး္ဆီ ေျပာင္းေရႊ႕မွာ မဟုတ္ဘူးလုိ႔ ဆုိခဲ့တာပါ။ ဘာေပက”PSG အသငး္မွာပဲ ဆက္ကစားၿပီး ဒီအသင္းနဲ႔ကၽြန္ေတာ့္ရဲ႕ဇာတ္လမ္းကုိ ေရွ႕ဆက္သြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ကစားသမားဘ၀က အခုမွ အစပဲရွိပါေသးတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိကုိ ဂ်ဴဗင္တပ္စ္အသငး္ဆီ ယူ႐ုိသန္း(၁၀၀)နဲ႔ ေရာင္းခ်ခဲ့ၿပီးေနာက္ နာမည္ေက်ာ္ကစားသမားေတြကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းေနၿပီး ဘာေပအျပင္ ေနမာ Neymar၊ ဟာရီကိန္း Harry Kane စတဲ့ ကစားသမားေတြကုိလည္း ပစ္မွတ္ထားေနပါတယ္။

REF:Daily Mail
Photo:Newsmobile,Fifa World Cup 2018
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်ကို ပြောင်းမှာ မဟုတ်ဘဲ PSG အသင်းမှာပဲ ဆက်ရှိနေမယ့် ဘာပေ Mbappe

PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ဟာ လာလီဂါထိပ်သီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘဲ PSG အသင်းမှာပဲ ဆက်ကစားမယ်လို့ အတည်ပြုပြောကြားခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တယ်။ လက်ရှိအချိန်မှာ ရီးယဲလ်အသင်းဟာ တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ “ကြယ်စင်စု Galactico”အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့စီမံကိန်းထဲမှာ ဘာပေလည်း အပါအဝင်ပါပဲ။

Mbappe-Yong-Player-Of-The-World-Cup-Award

Mbappe-Yong-Player-Of-The-World-Cup-Award

ဘာပေဟာ ငယ်ငယ်တုန်းက စီရော်နယ်လ်ဒို C.Ronaldo ကို အားကျလေးစားခဲ့ရသူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ PSG အသင်းက ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ ဘာပေက”PSG အသင်းမှာပဲ ဆက်ကစားပြီး ဒီအသင်းနဲ့ကျွန်တော့်ရဲ့ဇာတ်လမ်းကို ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝက အခုမှ အစပဲရှိပါသေးတယ်”လို့ ပြောကြားခဲ့တယ်။ ရီးယဲလ်အသင်းဟာ သူတို့ရဲ့နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း(၁၀၀)နဲ့ ရောင်းချခဲ့ပြီးနောက် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဘာပေအပြင် နေမာ Neymar၊ ဟာရီကိန်း Harry Kane စတဲ့ ကစားသမားတွေကိုလည်း ပစ်မှတ်ထားနေပါတယ်။

REF:Daily Mail
Photo:Newsmobile,Fifa World Cup 2018
Naing Linn(Akhayar)
www.akhayar.com