[Zawgyi]

Golden Boy ဆုအတြက္ ဆန္ခါတင္စာရင္းမွာ အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရ ဘာေပ Kylian Mbappe

အီတလီ နာမည္ေက်ာ္ အားကစားသတင္းစာ Tuttosport က ခ်ီးျမႇင့္မယ့္ ၂၀၁၈ Golden Boy ဆုအတြက္ ဆန္ခါတင္ (၅)ဦးစာရင္းမွာ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပ Kylian Mbappe ဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရပါတယ္။ Golden Boy ဆုဆုိတာက အသက္(၂၁)ႏွစ္ေအာက္ ကစားသမားေတြထဲက ဥေရာပထိပ္တန္းလိဂ္အသင္းမွာ ကစားေနသူ၊ သက္ဆုိင္ရာအသင္းအတြက္ ေျခစြမ္းျပကစားေနသူေတြကုိ မဲေပးၿပီး ဆုခ်ီးျမႇင့္တာျဖစ္ပါတယ္။

Mbappe

Mbappe

ျပင္သစ္အသင္းနဲ႔ PSG အသင္းရဲ႕ အဓိက တိုက္စစ္ ကစားသမား ဘာေပဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသင္း ခ်န္ပီယံဆုရရွိေအာင္ ေျခစြမ္းျပကစားခဲ့ၿပီး ၿပိဳင္ပဲြတစ္ေလွ်ာက္ အေကာင္းဆုံး လူငယ္ကစားသမားဆုကုိ ဆြတ္ခူးခဲ့သလုိ PSG အသင္းမွာလည္း ဂုိးေတြသြင္းယူေနသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ Golden Boy ဆုရရွိခဲ့တဲ့ ဘာေပဟာ ဒီႏွစ္မွာလည္း ဆုရဖုိ႔ ေရပန္းစားခဲ့ေပမယ့္ ဆန္ခါတင္ (၅)ဦးစာရင္းမွာ မထင္မွတ္ဘဲ ပါ၀င္လာျခင္းမရွိခဲ့ပါဘူး။ ဘာေပနဲ႔အတူ ဖုိဒန္ Phil Foden (မန္စီးတီး)၊ ဒါေလာ့တ္ Diogo Dalot (မန္ယူ)၊ ေဒးဗီးစ္ Tom Davies (အဲဗာတန္)၊ အက္ဒြါတ္ Odsonne Edouard (ဆဲလ္တစ္)စတဲ့ လူငယ္ကစားသမားေတြလည္း ခ်န္လွပ္ခံခဲ့ရပါတယ္။ ဆန္ခါတင္ (၅)ဦးစာရင္းမွာ ပါ၀င္ခဲ့သူေတြက လီဗာပူးလ္လူငယ္ေနာက္ခံလူ အာႏုိးလ္ Alexander-Arnold ၊ ဗင္နီစီယက္စ္ Vinicius Junior (ရီးယဲလ္)၊ ကူထ႐ုိနီ Patrick Cutrone (ေအစီမီလန္)၊ ကလြိဳက္ဗတ္ Justin Kluivert (႐ုိးမား)၊ ဒီလိဂ္ Matthijs de Ligt (ေအဂ်က္စ္)တို႔ပဲ ျဖစ္ပါတယ္။

Golden-Boy-Winners

Golden-Boy-Winners

Golden Boy ဆုကုိ ၂၀၀၃ ခုႏွစ္က စတင္ခ်ီးျမႇင့္ခဲ့ၿပီး နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ မက္ဆီ Messi ၊ ရြန္နီ Wayne Rooney ၊ ေပ့ါဘာ Paul Pogba တို႔ ဟာ ဒီဆုကုိ ဆြတ္ခူးခဲ့ဖူးပါတယ္။ အံ့အားသင့္စရာေကာင္းတာက ဒီဆုကုိ (၂)ႀကိမ္ဆက္ ဒါမွမဟုတ္ (၂)ႀကိမ္ရဖူးခဲ့သူ တစ္ေယာက္မွ မရွိေသးတာပါပဲ။

REF:skysports
Photo:Socceruncle,You tube,foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရ ဘာပေ Kylian Mbappe

အီတလီ နာမည်ကျော် အားကစားသတင်းစာ Tuttosport က ချီးမြှင့်မယ့် ၂၀၁၈ Golden Boy ဆုအတွက် ဆန်ခါတင် (၅)ဦးစာရင်းမှာ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Kylian Mbappe ဟာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရပါတယ်။ Golden Boy ဆုဆိုတာက အသက်(၂၁)နှစ်အောက် ကစားသမားတွေထဲက ဥရောပထိပ်တန်းလိဂ်အသင်းမှာ ကစားနေသူ၊ သက်ဆိုင်ရာအသင်းအတွက် ခြေစွမ်းပြကစားနေသူတွေကို မဲပေးပြီး ဆုချီးမြှင့်တာဖြစ်ပါတယ်။

Mbappe

Mbappe

ပြင်သစ်အသင်းနဲ့ PSG အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဆုရရှိအောင် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့သလို PSG အသင်းမှာလည်း ဂိုးတွေသွင်းယူနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် Golden Boy ဆုရရှိခဲ့တဲ့ ဘာပေဟာ ဒီနှစ်မှာလည်း ဆုရဖို့ ရေပန်းစားခဲ့ပေမယ့် ဆန်ခါတင် (၅)ဦးစာရင်းမှာ မထင်မှတ်ဘဲ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ဘာပေနဲ့အတူ ဖိုဒန် Phil Foden (မန်စီးတီး)၊ ဒါလော့တ် Diogo Dalot (မန်ယူ)၊ ဒေးဗီးစ် Tom Davies (အဲဗာတန်)၊ အက်ဒွါတ် Odsonne Edouard (ဆဲလ်တစ်)စတဲ့ လူငယ်ကစားသမားတွေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ ဆန်ခါတင် (၅)ဦးစာရင်းမှာ ပါဝင်ခဲ့သူတွေက လီဗာပူးလ်လူငယ်နောက်ခံလူ အာနိုးလ် Alexander-Arnold ၊ ဗင်နီစီယက်စ် Vinicius Junior (ရီးယဲလ်)၊ ကူထရိုနီ Patrick Cutrone (အေစီမီလန်)၊ ကလွိုက်ဗတ် Justin Kluivert (ရိုးမား)၊ ဒီလိဂ် Matthijs de Ligt (အေဂျက်စ်)တို့ပဲ ဖြစ်ပါတယ်။

Golden-Boy-Winners

Golden-Boy-Winners

Golden Boy ဆုကို ၂၀၀၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ Messi ၊ ရွန်နီ Wayne Rooney ၊ ပေ့ါဘာ Paul Pogba တို့ ဟာ ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။ အံ့အားသင့်စရာကောင်းတာက ဒီဆုကို (၂)ကြိမ်ဆက် ဒါမှမဟုတ် (၂)ကြိမ်ရဖူးခဲ့သူ တစ်ယောက်မှ မရှိသေးတာပါပဲ။

REF:skysports
Photo:Socceruncle,You tube,foxsportsasia
Naing Linn(Akhayar)
www.akhayar.com