[Zawgyi]

ဒီရာသီ ဥေရာပထိပ္သီးလိဂ္(၅)မွာ သြင္းဂုိး(၁၀)ဂုိးျပည့္ခဲ့တဲ့ ပထမဆုံးကစားသမား ဘာေပ Kylian Mbappe

PSG အသင္းရဲ႕ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပ Kylian Mbappe ဟာ ဒီရာသီ ဥေရာပထိပ္သီးလိဂ္ (၅)ခုမွာ သြင္းဂုိး (၁၀)ဂုိးျပည့္ခဲ့တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါၿပီ။ ဘာေပဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မာေဆးလ္အသင္းကုိ (၂-၀)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာ အရန္ကစားသမားအျဖစ္ ပါ၀င္ခဲ့ၿပီး အသင္းအတြက္ တစ္ဂိုး သြင္းယူခဲ့ပါတယ္။ အဲဒါေၾကာင့္ ဘာေပဟာ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ (၁၀)ဂုိးသြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားဆုိတဲ့ မွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့တာပဲျဖစ္ပါတယ္။

Neymar-and-Mbappe

Neymar-and-Mbappe

တျခားထိပ္သီးလိဂ္ေတြျဖစ္တဲ့ ပရီးမီးယားလိဂ္၊ လာလီဂါ၊ ဘြန္ဒစ္လီဂါတို႔မွာ အခုအထိ (၁၀)ဂုိး သြင္းထားသူ မရွိေသးပါဘူး။ ပရီးမီးယားလိဂ္မွာ အူဘာမီယန္း Aubameyang ၊ ဟာဇက္ Hazard တို႔က (၇)ဂုိးစီ၊ စီးရီးေအမွာ ပီယာတက္ Piątek (၉)ဂုိး၊ လာလီဂါမွာ အက္စ္ပတ္စ္ Iago Aspas ၊ စတူအာနီ Stuani တို႔က (၈)ဂုိးစီ၊ ဘြန္ဒစ္လီဂါမွာေတာ့ အယ္လ္ကာဆာ Paco Alcácer ၊ ယုိဗစ္ Jović တို႔က (၇)ဂုိးစီ သြင္းယူထားပါတယ္။ ဘာေပဟာ ဒီရာသီမွာ သူ႔ရဲ႕အသင္းေဖာ္ ေနမာ Neymar ထက္ေတာင္ ပုိၿပီး ေျခစြမ္းျပကစားေနသလုိ ၿပိဳင္ပဲြစုံ (၁၂)ပဲြကစား၊ (၁၀)ဂုိးသြင္းယူထားသူျဖစ္ပါတယ္။

ဒီရာသီ ျပင္သစ္လီဂူးမွာ ဘာေပရဲ႕ စြမ္းေဆာင္ထားမႈ

v Guingamp – two goals

v Angers – one goal, one assist

v Nimes – one goal

v Nice – one assist

v Lyon – four goals, one assist

v Amiens – one goal

v Marseille – one goal

Total – ten goals, three assists

REF:Daily Mail
Photo:Twitter,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ဥရောပထိပ်သီးလိဂ်(၅)မှာ သွင်းဂိုး(၁၀)ဂိုးပြည့်ခဲ့တဲ့ ပထမဆုံးကစားသမား ဘာပေ Kylian Mbappe

PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Kylian Mbappe ဟာ ဒီရာသီ ဥရောပထိပ်သီးလိဂ် (၅)ခုမှာ သွင်းဂိုး (၁၀)ဂိုးပြည့်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ ဘာပေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မာဆေးလ်အသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အသင်းအတွက် တစ်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် ဘာပေဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ (၁၀)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

Neymar-and-Mbappe

Neymar-and-Mbappe

တခြားထိပ်သီးလိဂ်တွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါတို့မှာ အခုအထိ (၁၀)ဂိုး သွင်းထားသူ မရှိသေးပါဘူး။ ပရီးမီးယားလိဂ်မှာ အူဘာမီယန်း Aubameyang ၊ ဟာဇက် Hazard တို့က (၇)ဂိုးစီ၊ စီးရီးအေမှာ ပီယာတက် Piątek (၉)ဂိုး၊ လာလီဂါမှာ အက်စ်ပတ်စ် Iago Aspas ၊ စတူအာနီ Stuani တို့က (၈)ဂိုးစီ၊ ဘွန်ဒစ်လီဂါမှာတော့ အယ်လ်ကာဆာ Paco Alcácer ၊ ယိုဗစ် Jović တို့က (၇)ဂိုးစီ သွင်းယူထားပါတယ်။ ဘာပေဟာ ဒီရာသီမှာ သူ့ရဲ့အသင်းဖော် နေမာ Neymar ထက်တောင် ပိုပြီး ခြေစွမ်းပြကစားနေသလို ပြိုင်ပွဲစုံ (၁၂)ပွဲကစား၊ (၁၀)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

ဒီရာသီ ပြင်သစ်လီဂူးမှာ ဘာပေရဲ့ စွမ်းဆောင်ထားမှု

v Guingamp – two goals

v Angers – one goal, one assist

v Nimes – one goal

v Nice – one assist

v Lyon – four goals, one assist

v Amiens – one goal

v Marseille – one goal

Total – ten goals, three assists

REF:Daily Mail
Photo:Twitter,Goal.com
Naing Linn(Akhayar)
www.akhayar.com