[Zawgyi]

စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ ထပ္မံ ပုိင္ဆုိင္ခဲ့ျပန္တဲ့ ဘာေပ Mbappe

ျပင္သစ္လူငယ္ ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ကေတာ့ စံခ်ိန္မွတ္တမ္းေကာင္းေတြ တစ္ခုၿပီးတစ္ခု ရယူေနေတာ့တာပဲ။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ျပင္သစ္အသင္းအတြက္ ေျခစြမ္းျပၿပီး ခ်န္ပီယံဆု ဆြတ္ခူးခဲ့တဲ့ ဘာေပဟာ အခုဆုိရင္ အသက္(၂၀)မတိုင္ခင္ ႏုိင္ငံတကာသြင္းဂုိး (၁၀)ဂုိးျပည့္ခဲ့တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္းစုိက္ထူႏုိင္ခဲ့ျပန္ပါၿပီ။ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အုိက္စလန္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ျပင္သစ္အသင္း (၂)ဂုိးျပတ္အေရးနိမ့္ေနခ်ိန္ ဒက္ခ်မ့္စ္ Deschamps က ဘာေပကုိ လူစား၀င္ကစားေစခဲ့တယ္။ ဘာေပ ၀င္လာတဲ့အခ်ိန္မွာ ျပင္သစ္အသင္း တိုက္စစ္က ပိုေကာင္းလာခဲ့ၿပီး ပထမေခ်ပဂုိးက သူ႔ေၾကာင့္ ရခဲ့တာျဖစ္သလုိ ဒုတိယေခ်ပဂုိးကုိလည္း ပယ္နယ္တီကေန သြင္းယူခဲ့တယ္။

Mbappe-Score-Penalty

Mbappe-Score-Penalty

ဒါဟာ ဘာေပအတြက္ လက္ေရြးစင္ကစားသမားဘ၀ (၁၀)ဂုိးေျမာက္ျဖစ္ၿပီး ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အသက္(၂၀)မျပည့္ခင္ အဲဒီဂိုးအေရအတြက္ သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခ့ဲတာပါ။ အခုဆိုရင္ ဘာေပဟာ ႏုိင္ငံအသင္းအတြက္ (၁၀)ဂုိး၊ ကလပ္အသင္းကစားသမားဘ၀မွာ (၅၈)ဂုိးအထိ သြင္းယူထားၿပီး လက္ရွိကမၻာ႔အေကာင္းဆုံး ေဘာလုံးသမားေတြျဖစ္တဲ့ မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ေတာင္ ဘာေပ အသက္အရြယ္မွာ အဲဒီလုိ မစြမ္းေဆာင္ႏုိင္ခဲ့ဘူး။ အသက္(၁၉)ႏွစ္အရြယ္မွာ မက္ဆီရဲ႕ ႏုိင္ငံတကာသြင္းဂုိးက (၄)ဂုိး၊ ကလပ္အသင္းအတြက္ သြင္းဂုိး (၂၅)ဂုိးသာ ရွိခဲ့သလုိ စီေရာ္နယ္လ္ဒုိကလည္း ႏုိင္ငံတကာသြင္းဂုိး (၇)ဂုိး၊ ကလပ္အသင္းသြင္းဂုိး (၁၇)ဂုိးသာ သြင္းယူခဲ့တာပါ။ ေနာက္ၿပီး မက္ဆီ၊ စီေရာ္နယ္လ္ဒုိတို႔ မရဖူးတဲ့ ကမၻာ႔ဖလားခ်န္ပီယံဆုကုိလည္း ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆြတ္ခူးႏုိင္ခဲ့ပါၿပီ။ ဒါေၾကာင့္ မက္ဆီ၊ စီေရာ္နယ္လ္ဒုိတို႔ ေခတ္လြန္ ေဘာလုံးေလာကမွာ Super star ျဖစ္လာမယ့္သူက ဘာေပမ်ား ျဖစ္ေနမလားဆုိတာက . . .

Mbappe-with-FIFA-Young-Player-award

Mbappe-with-FIFA-Young-Player-award

ဘာေပတင္ရွိခဲ့တဲ့ စံခ်ိန္မွတ္တမ္းေကာင္းမ်ား
– ျပင္သစ္လီဂူးမွာ အြန္နရီ Henry တင္ခဲ့တဲ့ အသက္အငယ္ဆုံး ကစားသမား(၂၁ႏွစ္) မွတ္တမ္းကုိ (၁၆)ႏွစ္၊ (၃၄၇)ရက္နဲ႔ ခ်ိဳးျဖတ္ခဲ့။
– အသက္(၁၇)ႏွစ္၊ (၆၂)ရက္နဲ႔ ဂုိးသြင္းခဲ့လုိ႔ မုိနာကုိအသင္း သမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံး ဂိုးသြင္းသူျဖစ္ခဲ့။
– ျပင္သစ္လိဂ္ဖလားၿပိဳင္ပဲြမွာ ဟက္ထရစ္သြင္းခဲ့ၿပီး ဆုိနီအန္ဒါဆန္ Sonny Anderson (၁၉၉၇)ေနာက္ပုိင္း အဲဒီၿပိဳင္ပဲြမွာ ပထမဆုံး ဟက္ထရစ္သြင္းတဲ့ မုိနာကုိ ကစားသမားျဖစ္ခဲ့။
– ၂၀၀၅ ခုႏွစ္မွာ မန္နက္ဇ္ Ménez ဟက္ထရစ္သြင္းခဲ့ၿပီးေနာက္ပုိင္း ျပင္သစ္လီဂူးမွာ အသက္အငယ္ဆုံး ဟက္ထရစ္ သြင္းသူျဖစ္ခဲ့။
– ဘန္ဇီမာ Benzema ေနာက္ပုိင္း ခ်န္ပီယံလိဂ္မွာ ဂုိးသြင္းခဲ့တဲ့ ဒုတိယေျမာက္ အသက္အငယ္ဆုံး ျပင္သစ္ကစားသမားျဖစ္ခဲ့။
– ဆယ္ေက်ာ္သက္ ကစားသမားထဲမွာ ေျပာင္းေရႊ႕ေၾကးအျမင့္ဆုံး၊ ကမၻာ႔ေဘာလုံးေလာကမွာ ဒုတိယေမာက္ ေျပာင္းေရႊ႕ေၾကးအျမင့္ဆုံး ကစားသမားျဖစ္ေန။
– ျပင္သစ္အသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသက္အငယ္ဆုံး ဂုိးသြင္းသူျဖစ္ခဲ့။
– ပီလီ Pele ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဂုိးသြင္းခဲ့တဲ့ ဒုတိယေျမာက္ အသက္အငယ္ဆုံး ကစားသမားျဖစ္ခဲ့။

REF:soccerladuma
Photo:Ouest-France,Eurosport,FIFA.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စံချိန်မှတ်တမ်းကောင်းတစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ပြန်တဲ့ ဘာပေ Mbappe

ပြင်သစ်လူငယ် ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ကတော့ စံချိန်မှတ်တမ်းကောင်းတွေ တစ်ခုပြီးတစ်ခု ရယူနေတော့တာပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်အသင်းအတွက် ခြေစွမ်းပြပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ဘာပေဟာ အခုဆိုရင် အသက်(၂၀)မတိုင်ခင် နိုင်ငံတကာသွင်းဂိုး (၁၀)ဂိုးပြည့်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ကြာသပတေးနေ့က အိုက်စလန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အသင်း (၂)ဂိုးပြတ်အရေးနိမ့်နေချိန် ဒက်ချမ့်စ် Deschamps က ဘာပေကို လူစားဝင်ကစားစေခဲ့တယ်။ ဘာပေ ဝင်လာတဲ့အချိန်မှာ ပြင်သစ်အသင်း တိုက်စစ်က ပိုကောင်းလာခဲ့ပြီး ပထမချေပဂိုးက သူ့ကြောင့် ရခဲ့တာဖြစ်သလို ဒုတိယချေပဂိုးကိုလည်း ပယ်နယ်တီကနေ သွင်းယူခဲ့တယ်။

Mbappe-Score-Penalty

Mbappe-Score-Penalty

ဒါဟာ ဘာပေအတွက် လက်ရွေးစင်ကစားသမားဘ၀ (၁၀)ဂိုးမြောက်ဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် အသက်(၂၀)မပြည့်ခင် အဲဒီဂိုးအရေအတွက် သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။ အခုဆိုရင် ဘာပေဟာ နိုင်ငံအသင်းအတွက် (၁၀)ဂိုး၊ ကလပ်အသင်းကစားသမားဘဝမှာ (၅၈)ဂိုးအထိ သွင်းယူထားပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့တောင် ဘာပေ အသက်အရွယ်မှာ အဲဒီလို မစွမ်းဆောင်နိုင်ခဲ့ဘူး။ အသက်(၁၉)နှစ်အရွယ်မှာ မက်ဆီရဲ့ နိုင်ငံတကာသွင်းဂိုးက (၄)ဂိုး၊ ကလပ်အသင်းအတွက် သွင်းဂိုး (၂၅)ဂိုးသာ ရှိခဲ့သလို စီရော်နယ်လ်ဒိုကလည်း နိုင်ငံတကာသွင်းဂိုး (၇)ဂိုး၊ ကလပ်အသင်းသွင်းဂိုး (၁၇)ဂိုးသာ သွင်းယူခဲ့တာပါ။ နောက်ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ မရဖူးတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဒါကြောင့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ ခေတ်လွန် ဘောလုံးလောကမှာ Super star ဖြစ်လာမယ့်သူက ဘာပေများ ဖြစ်နေမလားဆိုတာက . . .

Mbappe-with-FIFA-Young-Player-award

Mbappe-with-FIFA-Young-Player-award

ဘာပေတင်ရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းများ
– ပြင်သစ်လီဂူးမှာ အွန်နရီ Henry တင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား(၂၁နှစ်) မှတ်တမ်းကို (၁၆)နှစ်၊ (၃၄၇)ရက်နဲ့ ချိုးဖြတ်ခဲ့။
– အသက်(၁၇)နှစ်၊ (၆၂)ရက်နဲ့ ဂိုးသွင်းခဲ့လို့ မိုနာကိုအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ခဲ့။
– ပြင်သစ်လိဂ်ဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီး ဆိုနီအန်ဒါဆန် Sonny Anderson (၁၉၉၇)နောက်ပိုင်း အဲဒီပြိုင်ပွဲမှာ ပထမဆုံး ဟက်ထရစ်သွင်းတဲ့ မိုနာကို ကစားသမားဖြစ်ခဲ့။
– ၂၀၀၅ ခုနှစ်မှာ မန်နက်ဇ် Ménez ဟက်ထရစ်သွင်းခဲ့ပြီးနောက်ပိုင်း ပြင်သစ်လီဂူးမှာ အသက်အငယ်ဆုံး ဟက်ထရစ် သွင်းသူဖြစ်ခဲ့။
– ဘန်ဇီမာ Benzema နောက်ပိုင်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ပြင်သစ်ကစားသမားဖြစ်ခဲ့။
– ဆယ်ကျော်သက် ကစားသမားထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံး၊ ကမ္ဘာ့ဘောလုံးလောကမှာ ဒုတိယမောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားဖြစ်နေ။
– ပြင်သစ်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ခဲ့။
– ပီလီ Pele နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့။

REF:soccerladuma
Photo:Ouest-France,Eurosport,FIFA.com
Naing Linn(Akhayar)
www.akhayar.com