[Zawgyi]

ကမၻာ႔ဖလားသြင္းဂုိးအမ်ားဆုံး စံခ်ိန္ကုိ Mbappe ခ်ိဳးျဖတ္ႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ခဲ့တဲ့ Klose

ဂ်ာမနီအသင္းဂႏၳ၀င္တိုက္စစ္မွဴး ကလုိေဆး Klose က သူ႔ရဲ႕ ကမၻာ႔ဖလားၿပိဳင္ပဲြ သြင္းဂုိးအမ်ားဆုံးစံခ်ိန္ကုိ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပ Mbappe က ခ်ိဳးျဖတ္ႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆု ဆြတ္ခူးခဲ့တဲ့ ဘာေပဟာ ဗုိလ္လုပဲြမွာ သြင္းယူခဲ့တဲ့ (၁)ဂုိးအပါအ၀င္ စုစုေပါင္း(၄)ဂုိးသြင္းယူခဲ့တယ္။ ဘာေပရဲ႕အသက္ကလည္း အခုမွ (၁၉)ႏွစ္သာရွိေသးတာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမားျဖစ္လာႏုိင္တဲ့ အေနအထားရွိတယ္လုိ႔ ကလုိေဆးက သုံးသပ္ခဲ့တာပါ။

Klose

Klose

ဂ်ာမနီအသင္းနဲ႔အတူ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြ ဆင္ႏႊဲခဲ့တဲ့ ကလိုေဆးဟာ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ စုစုေပါင္း(၁၆)ဂုိးသြင္းယူခဲ့ၿပီး သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ ကလုိေဆးက”ဘာေပရဲ႕အသက္အရြယ္အရ သူဟာ ေနာက္ထပ္ကမၻာ႔ဖလား(၄)ႀကိမ္မွာ ပါ၀င္ကစားႏုိင္ေျခရွိပါတယ္။ သူဟာ ကၽြန္ေတာ့္ရဲ႕စံခ်ိန္ကုိ လုိက္မီတာ ဒါမွမဟုတ္ ဒီထက္ပုိေကာင္းေအာင္ စြမ္းေဆာင္ႏုိင္မယ္လုိ႔ ယူဆပါတယ္။ အဲဒီလုိျဖစ္ဖုိ႔ဆုိရင္ ျပင္သစ္အသင္းအေနနဲ႔ လာမယ့္အနာဂတ္ၿပိဳင္ပဲြေတြမွာ ရလဒ္ေကာင္းေတြရယူႏုိင္ဖုိ႔ေတာ့ လုိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ မၾကာခင္ႏွစ္အတြင္း ကမၻာ႔အေကာင္းဆုံးကစားသမားဆုကုိ ဆြတ္ခူးႏုိင္မယ္လုိ႔ သတ္မွတ္ခံထားရတဲ့ ဘာေပဟာ ဒီႏွစ္ Ballon d’Or ဆုကုိ ရရွိႏုိင္ဖုိ႔ ေရပန္းစားေနတဲ့ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။

ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမားမ်ား

Miroslav Klose – Germany – 16 goals – 2002, 2006, 2010, 2014
Ronaldo – Brazil -15 goals- 1998, 2002, 2006
Gerd Müller – West Germany – 14 goals -1970, 1974
Just Fontaine – France – 13 goals – 1958
Pelé – Brazil – 12 goals – 1958, 1962, 1966, 1970

REF:ESPN
Photo:The Japan Times,FIFA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး စံချိန်ကို Mbappe ချိုးဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့တဲ့ Klose

ဂျာမနီအသင်းဂန္ထဝင်တိုက်စစ်မှူး ကလိုဆေး Klose က သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးအများဆုံးစံချိန်ကို ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Mbappe က ချိုးဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ဆွတ်ခူးခဲ့တဲ့ ဘာပေဟာ ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ (၁)ဂိုးအပါအဝင် စုစုပေါင်း(၄)ဂိုးသွင်းယူခဲ့တယ်။ ဘာပေရဲ့အသက်ကလည်း အခုမှ (၁၉)နှစ်သာရှိသေးတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ ကလိုဆေးက သုံးသပ်ခဲ့တာပါ။

Klose

Klose

ဂျာမနီအသင်းနဲ့အတူ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ဆင်နွှဲခဲ့တဲ့ ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် စုစုပေါင်း(၁၆)ဂိုးသွင်းယူခဲ့ပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ကလိုဆေးက”ဘာပေရဲ့အသက်အရွယ်အရ သူဟာ နောက်ထပ်ကမ္ဘာ့ဖလား(၄)ကြိမ်မှာ ပါဝင်ကစားနိုင်ခြေရှိပါတယ်။ သူဟာ ကျွန်တော့်ရဲ့စံချိန်ကို လိုက်မီတာ ဒါမှမဟုတ် ဒီထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ ယူဆပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ပြင်သစ်အသင်းအနေနဲ့ လာမယ့်အနာဂတ်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့တော့ လိုပါတယ်”လို့ ပြောကြားခဲ့တယ်။ မကြာခင်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်မယ်လို့ သတ်မှတ်ခံထားရတဲ့ ဘာပေဟာ ဒီနှစ် Ballon d’Or ဆုကို ရရှိနိုင်ဖို့ ရေပန်းစားနေတဲ့ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားများ

Miroslav Klose – Germany – 16 goals – 2002, 2006, 2010, 2014
Ronaldo – Brazil -15 goals- 1998, 2002, 2006
Gerd Müller – West Germany – 14 goals -1970, 1974
Just Fontaine – France – 13 goals – 1958
Pelé – Brazil – 12 goals – 1958, 1962, 1966, 1970

REF:ESPN
Photo:The Japan Times,FIFA
Naing Linn(Akhayar)
www.akhayar.com