This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

Pele ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဂုိးသြင္းခဲ့တဲ့ ဆယ္ေက်ာ္သက္ကစားသမား Mbappe

ျပင္သစ္အသင္း လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ဟာ ဘရာဇီးလ္ဂႏၳ၀င္ကစားသမား ပီလီ Pele ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဂုိးသြင္းခဲ့တဲ့ ပထမဆုံးဆယ္ေက်ာ္သက္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ဘာေပဟာ ခ႐ုိေအးရွားကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ျပင္သစ္အသင္းအတြက္ စတုတၳေျမာက္ဂုိးကုိ (၆၅)မိနစ္မွာ သြင္းယူခဲ့ၿပီး ဒီလုိ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ ရရွိခဲ့တာပါ။

Mbappe-with-Best-Young-Player-Award

Mbappe-with-Best-Young-Player-Award

ဘရာဇီးလ္ဂႏၳ၀င္တိုက္စစ္မွဴး ပီလီဟာ ၁၉၅၈ ကမၻာ႔ဖလားဗုိလ္လုပဲြအျဖစ္ ဆြီဒင္နဲ႔ကစားခဲ့တဲ့ပဲြမွာ အသင္းအတြက္ ဂုိးသြင္းခဲ့ၿပီး အဲဒီတုန္းက သူ႔ရဲ႕အသက္က (၁၇)ႏွစ္ပဲရွိပါေသးတယ္။ အခုဘာေပက (၁၉)ႏွစ္အရြယ္နဲ႔ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဂုိးသြင္းခဲ့တာျဖစ္သလုိ ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္ ဗုိလ္လုပဲြကစားခြင့္ရခဲ့တဲ့ တတိယေျမာက္ ဆယ္ေက်ာ္သက္ကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ခဲ့တယ္။ ဘာေပမတိုင္ခင္က ၁၉၅၈ ကမၻာ႔ဖလားမွာ ပီလီ(ဘရာဇီးလ္-၁၇ႏွစ္)၊ ၁၉၈၂ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဘာဂုိမီ Bergomi (အီတလီ-၁၈ႏွစ္)တို႔က အသက္အငယ္ဆုံးကမၻာ႔ဖလားဗုိလ္လုပဲြကစားခဲ့တဲ့သူေတြအျဖစ္ ရပ္တည္ခဲ့တာျဖစ္ပါတယ္။ ဘာေပဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၄)ဂုိးသြင္းယူခဲ့ၿပီး ၿပိဳင္ပဲြရဲ႕အေကာင္းဆုံးလူငယ္ကစားသမားဆုကုိလည္း ဆြတ္ခူးႏုိင္ခဲ့တယ္။

REF:Daily Mail
Photo: Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

Pele နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဆယ်ကျော်သက်ကစားသမား Mbappe

ပြင်သစ်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ဟာ ဘရာဇီးလ်ဂန္ထဝင်ကစားသမား ပီလီ Pele နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘာပေဟာ ခရိုအေးရှားကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် စတုတ္ထမြောက်ဂိုးကို (၆၅)မိနစ်မှာ သွင်းယူခဲ့ပြီး ဒီလို စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့တာပါ။

Mbappe-with-Best-Young-Player-Award

Mbappe-with-Best-Young-Player-Award

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ပီလီဟာ ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဆွီဒင်နဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းခဲ့ပြီး အဲဒီတုန်းက သူ့ရဲ့အသက်က (၁၇)နှစ်ပဲရှိပါသေးတယ်။ အခုဘာပေက (၁၉)နှစ်အရွယ်နဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တာဖြစ်သလို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဗိုလ်လုပွဲကစားခွင့်ရခဲ့တဲ့ တတိယမြောက် ဆယ်ကျော်သက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ ဘာပေမတိုင်ခင်က ၁၉၅၈ ကမ္ဘာ့ဖလားမှာ ပီလီ(ဘရာဇီးလ်-၁၇နှစ်)၊ ၁၉၈၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘာဂိုမီ Bergomi (အီတလီ-၁၈နှစ်)တို့က အသက်အငယ်ဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့တဲ့သူတွေအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်။

REF:Daily Mail
Photo: Twitter
Naing Linn(Akhayar)
www.akhayar.com