အြန္လိုင္းေပၚမွာ သူ႔ကိုခ်စ္ခင္သူေတြ အမ်ားၾကီးရွိသူ ၊ လူငယ္ဘဝမွာပဲ ကိုယ္႔ေျခေထာက္ေပၚကိုယ္ ခိုင္ခိုင္မာမာရပ္တည္ႏိုင္ေအာင္ ၾကိဳးစားႏိုင္ခဲ႔သူ စီးပြားေရးလုပ္ငန္းရွင္ ၾကည္သာဟန္ရဲ႕ ေအာင္ျမင္မႈအတြက္ စြန္႔လႊတ္ ရုန္းကန္ ၾကိဳးစားခဲ႔ရပံုနဲ႔ သူ႔ရဲ႕ဘဝခံယူခ်က္ေတြအေၾကာင္းကို အခုလိုဖြင္႔ဟခဲ႔ပါတယ္။

လက္ရွိအေနအထားအေပၚခံယူခ်က္နဲ႔ ျဖတ္သန္းခဲ႔ရတဲ႔ ဘဝပံုစံ

လက္ရွိမွာ ကၽြန္ေတာ္က ကိုယ္ပိုင္လုပ္ငန္း KL Seven Car Sales Center ကိုတည္ေထာင္ထားပါတယ္။ အြန္လိုင္းမွာလည္း ကၽြန္ေတာ္႔ကို အားေပးသူေတြ အေတာ္အသင္႔ရွိပါတယ္ေပါ႔။ ကၽြန္ေတာ္ေရာ ကၽြန္ေတာ္႔ပါပီေလးေတြကိုေရာခင္မင္ၾကပါတယ္။ လက္ရွိအေနအထားအေပၚ ခံယူခ်က္အေနနဲ႔ေျပာရရင္ ကၽြန္ေတာ္ကေတာ႔ ကိုယ္႔ကိုယ္ကိုယ္ေအာင္ျမင္တယ္လို႔ မဆိုခ်င္ပါဘူး။ ကိုယ္႔ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ေနတယ္ဆိုတဲ႔အေနအထားမွာပဲရွိပါတယ္။ ငယ္ငယ္နဲ႔ကိုယ္႔ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ေအာင္ၾကိဳးစားတဲ႔အတြက္ စြန္႔လႊတ္ရတာေတြရွိပါတယ္။ ဥပမာ အသက္ေမြးဝမ္းေက်ာင္းတကၠသိုလ္ေတြဆိုရင္ အမွတ္မီရဲ႕သားနဲ႔ မတက္ခဲ႔ရဘူး။ ပညာေရးကိုအေဝးသင္ပညာေရးဘဝနဲ႔ပဲျဖတ္သန္းခဲ႔ရတယ္။ ေနာက္ျပီးေတာ႔ လူငယ္ဘဝအခ်ိန္ေတြအမ်ားစုကို စြန္႔လႊတ္ခဲ႔ရတယ္။ သူမ်ားေတြကလူငယ္သဘာဝသူငယ္ခ်င္းေတြနဲ႔သြားလာၾကမယ္။ ခရီးေတြအတူထြက္ၾကမယ္ေပါ႔။ ကၽြန္ေတာ္႔မွာ အဲဒီရဲ႕ Lifestyle မရွိခဲ႔ဘူး။ အဲလိုသူမ်ားေတြသြားလာေနခ်ိန္မွာ ကိုယ္က အေဝးသင္ပဲတက္ျပီး ၾကီးပြားေရးအတြက္ပဲသူမ်ားေတြဆီမွာ ပညာသင္ဘဝနဲ႔ျဖတ္သန္းခဲ႔တယ္။

စီးပြားေရးစလုပ္ျဖစ္တဲ႔အခ်ိန္

စီးပြားေရးနယ္ပယ္ဆိုတာကိုေျပာရရင္ ကၽြန္ေတာ္က ဆယ္တန္းေအာင္ျပီးတဲ႔အခ်ိန္ကစျပီး ကားေလာကထဲကိုေျခစံုပစ္ဝင္ခဲ႔တယ္။ အဲဒီအခ်ိန္ကကိုယ္႔မွာ ကိုယ္ပိုင္ပိုက္ဆံဆိုတာမရွိေသးတဲ႔အတြက္ ကိုယ္ပိုင္ကားကိုဝယ္ေရာင္းလုပ္ရတာေတာ႔မဟုတ္ဘူး။ ကားပြဲစားေတြ ကားဝယ္ေရာင္းလုပ္တဲ႔ေနရာမွာလိုက္ေလ႔လာတယ္။ ကိုယ္႔အသိေတြကားဝယ္တဲ႔အခါလိုက္ၾကည္႔ေပးတယ္။ အဲဒီကရလာတဲ႔အက်ိဳးအျမတ္ေလးေတြကို စုစုထားျပီး ကၽြန္ေတာ္အသက္ ၂၁ ႏွစ္ေလာက္မွာ ကိုယ္ပိုင္ကားစဝယ္ျဖစ္တယ္။ အဲဒီကေနစျပီး ဘဝမွာ ကိုယ္ပိုင္လုပ္ငန္းပဲေျပာမလား ကိုယ္ပိုင္ဝယ္ေရာင္းပဲေျပာမလား စလုပ္ျဖစ္တာပါ။ လက္ရွိမွာေတာ႔ ကၽြန္ေတာ္ဟာကိုယ္႔ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္တဲ႔အေနအထားေလးပဲ ရွိပါေသးတယ္။ ကိုယ္႔ေျခေထာက္ေပၚကိုယ္ရပ္ႏိုင္ေအာင္ ဘယ္လိုေတြၾကိဳးစားခဲ႔ရလဲဆိုေတာ႔ တစ္ခုလိုခ်င္ရင္တစ္ခုေတာ႔ စြန္႔လႊတ္ရတာပါပဲ။ မိဘေတြကလည္းကိုယ္႔ကိုေထာက္ပ႔ံေပးႏိုင္တဲ႔အေနအထားမရွိေတာ႔ ကၽြန္ေတာ္က လူငယ္ဘဝကိုစြန္႔လႊတ္ခဲ႔ရတယ္။ အေပ်ာ္အပါးေတြေလွ်ာ႔ခဲ႔ရတယ္။ လူငယ္ေက်ာင္းသားဘဝကိုစြန္႔လႊတ္ခဲ႔ရပါတယ္။

အလုပ္တစ္ခုကို ဒီလိုစိတ္ေတြနဲ႔ ၾကိဳးစားတယ္

အခ်ိန္ကာလတစ္ခုေရာက္ရင္ ဒါမ်ိဳးေအာင္ျမင္ရမယ္ ဒါမ်ိဳးျဖစ္ရမယ္ဆိုတဲ႔ စိတ္ဖိစီးမႈေတာ႔မထားထားဘူး။ အတတ္ႏိုင္ဆံုးၾကိဳးစားတယ္။ ၾကိဳးစားမႈရဲ႕အေပၚျဖစ္လာသမွ်ကိုလည္း လက္ခံႏိုင္ေအာင္ၾကိဳးစားတယ္။ ကိုယ္မွန္းတာထက္ပိုျပီးျဖစ္ထြန္းလာခဲ႔ရင္လည္း အဲဒီအေျခအေနနဲ႔ရပ္မေနဘူး။ ထပ္ျပီးၾကိဳးစားတယ္။ ကိုယ္မွန္းသေလာက္ျဖစ္မလာခဲ႔ရင္လည္း စိတ္ဓာတ္မက်သြားဘူး။ အမွန္ေတာ႔ ကၽြန္ေတာ္႔ဘဝမွာအမ်ားၾကီးဆံုးရွံုးခဲ႔ဖူးပါတယ္။ ကားေစ်းအတက္အက်ေၾကာင္႔ စီးပြားေရးအေျခအေနေျပာင္းလဲမႈေတြေၾကာင္႔ ဆံုးရွံဳးမႈေတြၾကံဳဖူးတာပါပဲ။ ဒါေတြေၾကာင္႔ စိတ္ဓာတ္က်မသြားဘဲ ၾကိဳးစားခဲ႔လို႔ခုလိုေနရာတစ္ေနရာ ရလာတယ္လို႔ျမင္ပါတယ္။

အခုေခတ္လူငယ္ေတြအေပၚအျမင္

ဒီေခတ္လူငယ္ေတြက ကံေကာင္းပါတယ္။ Social Network ေခတ္စားလာေတာ႔ ကမၻာေက်ာ္သူေဌးၾကီးေတြရဲ႕ အဆိုအမိန္႔ေတြ ၊ ကမၻာေက်ာ္လုပ္ငန္းရွင္ၾကီးေတြရဲ႕ နည္းနာေတြကို ေဖ႔စ္ဘြတ္ေပၚမွာၾကည္႔ရံုနဲ႔သိရတယ္။ စီးပြားေရး ၊ လူမႈေရး အေၾကာင္းအရာေတြကို အခ်ိန္နဲ႔တစ္ေျပးညီ သိရတယ္။ အရင္ကဆို သီးသန္႔စာအုပ္ေတြဖတ္ျပီးေလ႔လာမွရတာ။ ဒီေခတ္မွာက ပညာရွာဖို႔လည္းလြယ္တယ္။ အေထာက္အကူျပဳပစၥည္းေတြလည္းေပါတယ္ေလ။ သူတို႔ေတြက အရင္ေခတ္ကလူေတြထက္ဗဟုသုတလည္းပိုၾကြယ္ေတာ႔ ပညာေရးကိုလည္းပိုဦးစားေပးလာတယ္။ ျပီးေတာ႔ တခ်ိဳ႕ေတြဆို လူငယ္ေပမယ္႔အေတြးအေခၚေလးေတြေကာင္းတယ္။ ၾကိဳးစားခ်င္စိတ္ေတြရွိတာေတြ႔ရတာမို႔ ကၽြန္ေတာ္ကေတာ႔ သေဘာက်တယ္။

ဘဝမွာ အေရးအၾကီးဆံုးလို႔ သတ္မွတ္ထားတဲ႔အရာ

ဘဝမွာ ဘာကိုအဓိကထားလဲဆိုရင္ စိတ္ခ်မ္းသာမႈကို အဓိကထားပါတယ္။ အလုပ္ေတြအမ်ားၾကီးလုပ္ျပီး စိတ္မခ်မ္းသာလို႔ရွိရင္လည္း ကၽြန္ေတာ္သည္စက္ရုပ္လုိပဲျဖစ္ေနမွာပါ။ ဘာမွစိတ္ေက်နပ္စရာရွိမွာ မဟုတ္ပါဘူး။ အဲဒီလိုပဲ ေငြပဲရွိျပီး စိတ္မခ်မ္းသာရဘူးဆိုရင္ ေပ်ာ္ရႊင္ရမွာမဟုတ္ပါဘူး။ ဒါေၾကာင္႔ စိတ္ခ်မ္းသာမႈကိုပဲ အဓိကထားတယ္။ ကၽြန္ေတာ္ဟာ ခုခ်ိန္ထိၾကိဳးစားေနရတုန္းပါ။ ျပီးေတာ႔ တစ္ခုရွိတာက ဘယ္အေနအထားေရာက္မွ ဘယ္ေနရာေရာက္မွ အမ်ားအက်ိဳးကို ေဇာက္ခ်လုပ္မယ္ဆိုတာမ်ိဳးလံုးဝမရွိဘူး။ တတ္ႏိုင္သမ်ွ လွဴစရာရွိတာလွဴတယ္။ ပရဟိတေတြလုပ္တယ္။ အဲဒီလို အမ်ားကိုကူညီရတာ စိတ္ခ်မ္းသာမႈကို ခံစားရတယ္။ အဲဒီလို စိတ္ခ်မ္းသာမႈေလးကို အဓိကထားပါတယ္။ ျပီးေတာ႔ အလုပ္ကဒုတိယေနရာမွာရွိပါတယ္။ အလုပ္တစ္ခုကိုလုပ္လို႔ စိတ္အရမ္းမြန္းက်ပ္ေနရမယ္ စိတ္ပင္ပန္းေနရမယ္ဆိုရင္ အဲဒီအလုပ္ကိုကၽြန္ေတာ္မေရြးေတာ႔ဘူး။ ကိုယ္႔အတြက္လည္းေကာင္းက်ိဳးရွိတယ္ ၊ အမ်ားအတြက္လည္း မဆုတ္ယုတ္ဘူးဆိုမွ လုပ္တယ္။ တကယ္ေတာ႔ ဘဝမွာ စိတ္ခ်မ္းသာမႈက အဓိကပါ။ ေငြဆိုတာက အေဝးၾကီးမွာပါ။

www.akhayar.com

Unicode

အွန်လိုင်းပေါ်မှာ သူ့ကိုချစ်ခင်သူတွေ အများကြီးရှိသူ ၊ လူငယ်ဘဝမှာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ကြည်သာဟန်ရဲ့ အောင်မြင်မှုအတွက် စွန့်လွှတ် ရုန်းကန် ကြိုးစားခဲ့ရပုံနဲ့ သူ့ရဲ့ဘဝခံယူချက်တွေအကြောင်းကို အခုလိုဖွင့်ဟခဲ့ပါတယ်။

လက်ရှိအနေအထားအပေါ်ခံယူချက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံစံ

လက်ရှိမှာ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်း KL Seven Car Sales Center ကိုတည်ထောင်ထားပါတယ်။ အွန်လိုင်းမှာလည်း ကျွန်တော့်ကို အားပေးသူတွေ အတော်အသင့်ရှိပါတယ်ပေါ့။ ကျွန်တော်ရော ကျွန်တော့်ပါပီလေးတွေကိုရောခင်မင်ကြပါတယ်။ လက်ရှိအနေအထားအပေါ် ခံယူချက်အနေနဲ့ပြောရရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မဆိုချင်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေတယ်ဆိုတဲ့အနေအထားမှာပဲရှိပါတယ်။ ငယ်ငယ်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတဲ့အတွက် စွန့်လွှတ်ရတာတွေရှိပါတယ်။ ဥပမာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဆိုရင် အမှတ်မီရဲ့သားနဲ့ မတက်ခဲ့ရဘူး။ ပညာရေးကိုအဝေးသင်ပညာရေးဘဝနဲ့ပဲဖြတ်သန်းခဲ့ရတယ်။ နောက်ပြီးတော့ လူငယ်ဘဝအချိန်တွေအများစုကို စွန့်လွှတ်ခဲ့ရတယ်။ သူများတွေကလူငယ်သဘာဝသူငယ်ချင်းတွေနဲ့သွားလာကြမယ်။ ခရီးတွေအတူထွက်ကြမယ်ပေါ့။ ကျွန်တော့်မှာ အဲဒီရဲ့ Lifestyle မရှိခဲ့ဘူး။ အဲလိုသူများတွေသွားလာနေချိန်မှာ ကိုယ်က အဝေးသင်ပဲတက်ပြီး ကြီးပွားရေးအတွက်ပဲသူများတွေဆီမှာ ပညာသင်ဘဝနဲ့ဖြတ်သန်းခဲ့တယ်။

စီးပွားရေးစလုပ်ဖြစ်တဲ့အချိန်

စီးပွားရေးနယ်ပယ်ဆိုတာကိုပြောရရင် ကျွန်တော်က ဆယ်တန်းအောင်ပြီးတဲ့အချိန်ကစပြီး ကားလောကထဲကိုခြေစုံပစ်ဝင်ခဲ့တယ်။ အဲဒီအချိန်ကကိုယ့်မှာ ကိုယ်ပိုင်ပိုက်ဆံဆိုတာမရှိသေးတဲ့အတွက် ကိုယ်ပိုင်ကားကိုဝယ်ရောင်းလုပ်ရတာတော့မဟုတ်ဘူး။ ကားပွဲစားတွေ ကားဝယ်ရောင်းလုပ်တဲ့နေရာမှာလိုက်လေ့လာတယ်။ ကိုယ့်အသိတွေကားဝယ်တဲ့အခါလိုက်ကြည့်ပေးတယ်။ အဲဒီကရလာတဲ့အကျိုးအမြတ်လေးတွေကို စုစုထားပြီး ကျွန်တော်အသက် ၂၁ နှစ်လောက်မှာ ကိုယ်ပိုင်ကားစဝယ်ဖြစ်တယ်။ အဲဒီကနေစပြီး ဘဝမှာ ကိုယ်ပိုင်လုပ်ငန်းပဲပြောမလား ကိုယ်ပိုင်ဝယ်ရောင်းပဲပြောမလား စလုပ်ဖြစ်တာပါ။ လက်ရှိမှာတော့ ကျွန်တော်ဟာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အနေအထားလေးပဲ ရှိပါသေးတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ဘယ်လိုတွေကြိုးစားခဲ့ရလဲဆိုတော့ တစ်ခုလိုချင်ရင်တစ်ခုတော့ စွန့်လွှတ်ရတာပါပဲ။ မိဘတွေကလည်းကိုယ့်ကိုထောက်ပံ့ပေးနိုင်တဲ့အနေအထားမရှိတော့ ကျွန်တော်က လူငယ်ဘဝကိုစွန့်လွှတ်ခဲ့ရတယ်။ အပျော်အပါးတွေလျှော့ခဲ့ရတယ်။ လူငယ်ကျောင်းသားဘဝကိုစွန့်လွှတ်ခဲ့ရပါတယ်။

အလုပ်တစ်ခုကို ဒီလိုစိတ်တွေနဲ့ ကြိုးစားတယ်

အချိန်ကာလတစ်ခုရောက်ရင် ဒါမျိုးအောင်မြင်ရမယ် ဒါမျိုးဖြစ်ရမယ်ဆိုတဲ့ စိတ်ဖိစီးမှုတော့မထားထားဘူး။ အတတ်နိုင်ဆုံးကြိုးစားတယ်။ ကြိုးစားမှုရဲ့အပေါ်ဖြစ်လာသမျှကိုလည်း လက်ခံနိုင်အောင်ကြိုးစားတယ်။ ကိုယ်မှန်းတာထက်ပိုပြီးဖြစ်ထွန်းလာခဲ့ရင်လည်း အဲဒီအခြေအနေနဲ့ရပ်မနေဘူး။ ထပ်ပြီးကြိုးစားတယ်။ ကိုယ်မှန်းသလောက်ဖြစ်မလာခဲ့ရင်လည်း စိတ်ဓာတ်မကျသွားဘူး။ အမှန်တော့ ကျွန်တော့်ဘဝမှာအများကြီးဆုံးရှုံးခဲ့ဖူးပါတယ်။ ကားဈေးအတက်အကျကြောင့် စီးပွားရေးအခြေအနေပြောင်းလဲမှုတွေကြောင့် ဆုံးရှုံးမှုတွေကြုံဖူးတာပါပဲ။ ဒါတွေကြောင့် စိတ်ဓာတ်ကျမသွားဘဲ ကြိုးစားခဲ့လို့ခုလိုနေရာတစ်နေရာ ရလာတယ်လို့မြင်ပါတယ်။

အခုခေတ်လူငယ်တွေအပေါ်အမြင်

ဒီခေတ်လူငယ်တွေက ကံကောင်းပါတယ်။ Social Network ခေတ်စားလာတော့ ကမ္ဘာကျော်သူဌေးကြီးတွေရဲ့ အဆိုအမိန့်တွေ ၊ ကမ္ဘာကျော်လုပ်ငန်းရှင်ကြီးတွေရဲ့ နည်းနာတွေကို ဖေ့စ်ဘွတ်ပေါ်မှာကြည့်ရုံနဲ့သိရတယ်။ စီးပွားရေး ၊ လူမှုရေး အကြောင်းအရာတွေကို အချိန်နဲ့တစ်ပြေးညီ သိရတယ်။ အရင်ကဆို သီးသန့်စာအုပ်တွေဖတ်ပြီးလေ့လာမှရတာ။ ဒီခေတ်မှာက ပညာရှာဖို့လည်းလွယ်တယ်။ အထောက်အကူပြုပစ္စည်းတွေလည်းပေါတယ်လေ။ သူတို့တွေက အရင်ခေတ်ကလူတွေထက်ဗဟုသုတလည်းပိုကြွယ်တော့ ပညာရေးကိုလည်းပိုဦးစားပေးလာတယ်။ ပြီးတော့ တချို့တွေဆို လူငယ်ပေမယ့်အတွေးအခေါ်လေးတွေကောင်းတယ်။ ကြိုးစားချင်စိတ်တွေရှိတာတွေ့ရတာမို့ ကျွန်တော်ကတော့ သဘောကျတယ်။

ဘဝမှာ အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့အရာ

ဘဝမှာ ဘာကိုအဓိကထားလဲဆိုရင် စိတ်ချမ်းသာမှုကို အဓိကထားပါတယ်။ အလုပ်တွေအများကြီးလုပ်ပြီး စိတ်မချမ်းသာလို့ရှိရင်လည်း ကျွန်တော်သည်စက်ရုပ်လိုပဲဖြစ်နေမှာပါ။ ဘာမှစိတ်ကျေနပ်စရာရှိမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ငွေပဲရှိပြီး စိတ်မချမ်းသာရဘူးဆိုရင် ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုကိုပဲ အဓိကထားတယ်။ ကျွန်တော်ဟာ ခုချိန်ထိကြိုးစားနေရတုန်းပါ။ ပြီးတော့ တစ်ခုရှိတာက ဘယ်အနေအထားရောက်မှ ဘယ်နေရာရောက်မှ အများအကျိုးကို ဇောက်ချလုပ်မယ်ဆိုတာမျိုးလုံးဝမရှိဘူး။ တတ်နိုင်သမျှ လှူစရာရှိတာလှူတယ်။ ပရဟိတတွေလုပ်တယ်။ အဲဒီလို အများကိုကူညီရတာ စိတ်ချမ်းသာမှုကို ခံစားရတယ်။ အဲဒီလို စိတ်ချမ်းသာမှုလေးကို အဓိကထားပါတယ်။ ပြီးတော့ အလုပ်ကဒုတိယနေရာမှာရှိပါတယ်။ အလုပ်တစ်ခုကိုလုပ်လို့ စိတ်အရမ်းမွန်းကျပ်နေရမယ် စိတ်ပင်ပန်းနေရမယ်ဆိုရင် အဲဒီအလုပ်ကိုကျွန်တော်မရွေးတော့ဘူး။ ကိုယ့်အတွက်လည်းကောင်းကျိုးရှိတယ် ၊ အများအတွက်လည်း မဆုတ်ယုတ်ဘူးဆိုမှ လုပ်တယ်။ တကယ်တော့ ဘဝမှာ စိတ်ချမ်းသာမှုက အဓိကပါ။ ငွေဆိုတာက အဝေးကြီးမှာပါ။

www.akhayar.com