[Zawgyi]

ဗီဒီယိုေစ်းကြက္ျပန္ေကာင္းလာေအာင္ ဘာေတြလုပ္သင့္လဲေျပာျပလိုက္တဲ့ ဒါရိုက္တာၾကည္ျဖဴသွ်င္

လက္ရွိအႏုပညာေလာကမွာ ဗီဒီယိုေစ်းကြက္ပ်က္ၿပီး၊ ရုပ္ရွင္ေစ်းကြက္က အရမ္းကိုေခတ္စားေနတာကို ေတြ႔ရပါတယ္။ အႏုပညာေလာကမွာ ရုပ္ရွင္ႀကီးပဲေစ်းကြက္ေကာင္းလို႔မရဘဲ၊ ဗီဒီယိုေစ်းကြက္ျပန္လည္ေကာင္းမြန္လာဖို႔ ဘာေတြလုပ္သင့္လဲဆိုတာကို ဒါရိုက္တာၾကည္ျဖဴသွ်င္က သူမရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေရးသားရွင္းျပထားပါတယ္။

“လက္ရွိ ဗီဒီယိုေလာကကပ်က္ေနပါၿပီ။ ဒါေၾကာင့္ ဗီဒီယိုေလာကျပန္တက္ေအာင္္ ဇာတ္ကားေကာင္းေတြကို ျပည္သူလူထုေတြဆီကို ခ်ိဳသာတဲ့ေစ်းႏႈန္းနဲ႔ အလြယ္တကူဝယ္လို႔ရေအာင္ ဥပမာ ဂ်ာနယ္ဝယ္သလိုဝယ္လို႔ရေအာင္ City Mart လိုေနရာမ်ိဳး၊ ရြာကကုန္စံုဆိုင္လိုနဲ႔ လမ္းထိပ္ကကြမ္းယာဆိုင္လို အစရွိတဲ့ေနရာေတြမွာ ျပည္သူေတြအလြယ္တကူဝယ္လို႔ရေအာင္ အေျခခံလူတန္းစားေတြအတြက္ ဆိုင္ခန္းေနရာရွာစရာမလိုဘဲ မူရင္းျမန္မာဗီဒီယိုဇာတ္ကားေကာင္းေတြကို တရားဝင္ေရာင္းလို႔ရေအာင္၊ ျပည္သူ႔လႊတ္ေတာ္မွာ လက္ရွိတည္ဆဲဥပေဒေတြထဲကေန ဖ်က္သင့္တာဖ်က္ဖို႔ ႀကိဳးစားေနၾကပါတယ္။ ျပည္သူမ်ားအတြက္၊ ႐ုပ္ရွင္၊ဗီဒီယိုနဲ႔ ရပ္တည္ေနၾကတဲ့ ထုတ္လုပ္သူေတြ၊သ႐ုပ္ေဆာင္ေတြ၊ စက္မႈလုပ္သားေတြအားလံုး ေကာင္းဖို႔အတြက္လုပ္ေနခ်ိန္မွာ ကိုယ့္အက်ိဳးစီးပြားထိခိုက္မွာစိုးရိမ္ၿပီး ကန္႔လန္႔တိုက္သူေတြကို ဘယ္လိုစကားလံုးသံုးရမွန္းမသိေအာင္ အံ့ၾသမိပါတယ္” လို႔ ဒါရိုက္တာၾကည္ျဖဴသွ်င္က ေရးသားထားတာျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း City Mart လို၊ ABC လိုဆိုင္မ်ိဳးမွာ အစားအေသာက္၊ မိတ္ကပ္၊ လူသံုးကုန္၊ဂ်ာနယ္၊မဂၢဇင္း ဘာေရာင္းေရာင္း သီးသန္႔လိုင္စင္ယူစရာမလိုေၾကာင္း၊ လမ္းေဘးမွာ ဂ်ာနယ္ေရာင္းဖို႔ သီးသန္႔လိုင္စင္ယူစရာမလိုေၾကာင္း၊ ယင္းဆိုင္မ်ားမွာ မူရင္းဆင္ဆာစတစ္ကာပါ တရားဝင္ျမန္မာဗီဒီယိုဇာတ္ကားမ်ားေရာင္းလိုလွ်င္ သီးသန္႔လိုင္စင္ထပ္လုပ္ရေၾကာင္း အစရွိတဲ့ ယခင္ကရွိခဲ့တဲ့ ေစ်းကြက္ကိုက်ဥ္းေျမာင္းေစေသာ ဥပေဒမ်ားမရွိေတာ့ေၾကာင္းလည္း ပါဝင္ပါတယ္။ ဒါရိုက္တာၾကည္ျဖဴသွ်င္အေနနဲ႔ မၾကာေသးခင္မွရိုက္ကူးၿပီးစီးထားတဲ့ “ဇာတိေျမ” ရုပ္ရွင္ဇာတ္ကားႀကီး ရံုတင္ႏိုင္ဖို႔ကိုလည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဗီဒီယိုဈေးကွက်ပြန်ကောင်းလာအောင် ဘာတွေလုပ်သင့်လဲပြောပြလိုက်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်

လက်ရှိအနုပညာလောကမှာ ဗီဒီယိုဈေးကွက်ပျက်ပြီး၊ ရုပ်ရှင်ဈေးကွက်က အရမ်းကိုခေတ်စားနေတာကို တွေ့ရပါတယ်။ အနုပညာလောကမှာ ရုပ်ရှင်ကြီးပဲဈေးကွက်ကောင်းလို့မရဘဲ၊ ဗီဒီယိုဈေးကွက်ပြန်လည်ကောင်းမွန်လာဖို့ ဘာတွေလုပ်သင့်လဲဆိုတာကို ဒါရိုက်တာကြည်ဖြူသျှင်က သူမရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားရှင်းပြထားပါတယ်။

“လက်ရှိ ဗီဒီယိုလောကကပျက်နေပါပြီ။ ဒါကြောင့် ဗီဒီယိုလောကပြန်တက်အောင် ဇာတ်ကားကောင်းတွေကို ပြည်သူလူထုတွေဆီကို ချိုသာတဲ့ဈေးနှုန်းနဲ့ အလွယ်တကူဝယ်လို့ရအောင် ဥပမာ ဂျာနယ်ဝယ်သလိုဝယ်လို့ရအောင် City Mart လိုနေရာမျိုး၊ ရွာကကုန်စုံဆိုင်လိုနဲ့ လမ်းထိပ်ကကွမ်းယာဆိုင်လို အစရှိတဲ့နေရာတွေမှာ ပြည်သူတွေအလွယ်တကူဝယ်လို့ရအောင် အခြေခံလူတန်းစားတွေအတွက် ဆိုင်ခန်းနေရာရှာစရာမလိုဘဲ မူရင်းမြန်မာဗီဒီယိုဇာတ်ကားကောင်းတွေကို တရားဝင်ရောင်းလို့ရအောင်၊ ပြည်သူ့လွှတ်တော်မှာ လက်ရှိတည်ဆဲဥပဒေတွေထဲကနေ ဖျက်သင့်တာဖျက်ဖို့ ကြိုးစားနေကြပါတယ်။ ပြည်သူများအတွက်၊ ရုပ်ရှင်၊ဗီဒီယိုနဲ့ ရပ်တည်နေကြတဲ့ ထုတ်လုပ်သူတွေ၊သရုပ်ဆောင်တွေ၊ စက်မှုလုပ်သားတွေအားလုံး ကောင်းဖို့အတွက်လုပ်နေချိန်မှာ ကိုယ့်အကျိုးစီးပွားထိခိုက်မှာစိုးရိမ်ပြီး ကန့်လန့်တိုက်သူတွေကို ဘယ်လိုစကားလုံးသုံးရမှန်းမသိအောင် အံ့သြမိပါတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်က ရေးသားထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း City Mart လို၊ ABC လိုဆိုင်မျိုးမှာ အစားအသောက်၊ မိတ်ကပ်၊ လူသုံးကုန်၊ဂျာနယ်၊မဂ္ဂဇင်း ဘာရောင်းရောင်း သီးသန့်လိုင်စင်ယူစရာမလိုကြောင်း၊ လမ်းဘေးမှာ ဂျာနယ်ရောင်းဖို့ သီးသန့်လိုင်စင်ယူစရာမလိုကြောင်း၊ ယင်းဆိုင်များမှာ မူရင်းဆင်ဆာစတစ်ကာပါ တရားဝင်မြန်မာဗီဒီယိုဇာတ်ကားများရောင်းလိုလျှင် သီးသန့်လိုင်စင်ထပ်လုပ်ရကြောင်း အစရှိတဲ့ ယခင်ကရှိခဲ့တဲ့ ဈေးကွက်ကိုကျဉ်းမြောင်းစေသော ဥပဒေများမရှိတော့ကြောင်းလည်း ပါဝင်ပါတယ်။ ဒါရိုက်တာကြည်ဖြူသျှင်အနေနဲ့ မကြာသေးခင်မှရိုက်ကူးပြီးစီးထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။