[Zawgyi]









www.akhayar.com

[Unicode]

တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်လိုက်တဲ့ ‘ကြေးကြီးတယ်’ ဇာတ်ကားကြီးပြသပါတော့မယ်

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ၂၆.၁၀.၂၀၁၈ ရက်နေ့မှာ ပိတ်ကားပြင်ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အကယ်ဒမီ မြင့်မြတ်၊ နေမျိုးအောင်၊ ဇွဲနိုင်ဝင်း၊ ထွန်းကိုကို၊ အိချောပို၊ နေဆန်း၊ သတ္တိ၊လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ မေမြတ်နိုးတို့လို နာမည်ကျော်မင်းသား၊ မင်းသမီးတွေ အများကြီး သိုက်သိုက်မြိုက်မြိုက်ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းအရလည်း ပညာပေးဇာတ်အိမ်နဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားလို့ မြင်ပါတယ်။

မြင့်မြတ်ကလည်း အရင်လို Gangster ပုံထက် မဟုတ်မခံစိတ်ရှိတဲ့ လူငယ်တစ်ယောက်ပုံစံမျိုး သရုပ်ဆောင်ထားပြီး ထွန်းကိုကိုနဲ့ နေမျိုးအောင်တို့ရဲ့ ဇာတ်ကောင်စရိုက်ပီပြင်မှုကိုလည်း တွေ့ရပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ ပေးချင်တဲ့ Message တွေ အများကြီးတွေ့ရပြီး မတရားမှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေကို ဖော်ကျူးထားတာတာအပြင် Dialogue တွေ ၊ Plot တွေဟာလည်း ဒီလို ပုံစံကို အသားပေးထားပါတယ်။

ကြေးကြီးတယ် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်လာတဲ့ အိချောပို

ကြေးကြီးတယ် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်လာတဲ့ အိချောပို

ကြေးကြီးတယ် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်လာတဲ့ အိချောပို

ကြေးကြီးတယ် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်လာတဲ့ အိချောပို

သာမန် ချစ်ကြိုက်ကွဲညား မြန်မာဇာတ်ကားတွေ ကြည့်ရတာ ရိုးအီနေပြီဆိုရင် ခေတ်စနစ်ကို ထင်ဟပ်တဲ့ မြန်မာဇာတ်ကားတစ်ကားအနေနဲ့တော့ ဒီဇာတ်ကားကို အားပေးသင့်ပါပြီ။ ‘ကြေးကြီးတယ်’ ရုပ်ရှင်ဇာတ်ကားကြီးကို R Square Movies Film Production က ထုတ်လုပ်ထားပြီး ၂၆.၁၀.၂၀၁၈ လာမယ့် သောကြာနေ့မှာ တပြည်လုံး ရုံတင် ပြသတော့မှာလည်း ဖြစ်ပါတယ်။

www.akhayar.com

Photo Credit : Ei Chaw Po’s Facebook