[Zawgyi]

ဇနီးသည္ကုိ လူမႈကြန္ရက္ကေန အမွာစကားပါးလုိက္တဲ့ေက်ာ္ဇင္ထြဋ္

ဗီလိန္ဇာတ္ရုပ္နဲ႕လူသိမ်ားေပမယ့္ ပရိသတ္ခ်စ္ခင္အားေပးမႈတခဲနက္ရရွိထားတဲ့ အႏုပညာရွင္ထဲမွာ ဇာတ္ပုိ႕သရုပ္ေဆာင္ေက်ာ္ဇင္ထြဋ္ လည္း အပါအ၀င္ပါပဲ။အႏုပညာေလာကမွာ ဇာတ္ပုိ႕သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ က်ရာဇာတ္ရုပ္ကုိ သ႑န္လုပ္သရုပ္တူ သူမုိ႕ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ သူ႕ကုိေတြ႕ရပါတယ္။ ရန္ကုန္ေဖခ်စ္လုိ႕ ပရိသတ္ေတြသိၾကတဲ့ သရုပ္ေဆာင္ေက်ာ္ဇင္ထြဋ္ဟာ မိသားစုနဲ႕ခြဲေနရျပီး သူ႕ရဲ႕ဇနီးသည္အေပၚ သစၥာရွိရွိခ်စ္ေနမယ့္အေၾကာင္း အခုလုိ လူမႈကြန္ရက္ကေနတစ္ဆင့္ အမွာစကားပါးထားပါတယ္။


“17-8-2018 အခ်ိန္ေတြ ၾကာလာေသာ္လည္း သစၥာရွိရွိ ေစာင့္ေမွ်ာ္ရင္း နဲ႕ ေမတၱာမပ်က္ ခ်စ္ေနေပးမဲ့ ရန္ကုန္ေဖခ်စ္” ဆုိတဲ့စာေလးေရးျပီး ဇနီးသည္ကုိေျပာခ်င္တဲ့ အရာေလးေတြကုိ ပုံနဲ႕တကြ တင္ထားတာျဖစ္ပါတယ္။ ရန္ကုန္ေဖခ်စ္ဟာ ဇနီးနဲ႕ သမီးက အိမ္ေပၚကဆင္းသြားတာ လအနည္းငယ္ေလာက္ၾကာျပီျဖစ္လုိ႕ မိသားစုျပန္အဆင္ေျပဖုိ႕တစ္ေယာက္ထဲ ၾကဳိးစားေနတယ္လုိ႕လည္း သိရပါတယ္။

ဇနီးနဲ႕ သမီးထက္ သူ႕ကုိပဲ အားေပးစကားေျပာၾကတဲ့ပရိသတ္ကပုိမ်ားတဲ့အတြက္ သူ႕ကုိအားေပးစကားမေျပာၾကဖုိ႕လည္း ေမတၱာရပ္ခံထားတာပါ။ သူဟာ မေန႕ကလည္း ေနမေကာင္းျဖစ္လုိ႕ ေဆးခန္းျပေနရတဲ့ ပံုေလးေတြ တင္ထားတာမုိ႕ ပရိသတ္ေတြကေတာ့ သူ႕အတြက္ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဇနီးနဲ႕သမီးအေပၚခ်စ္တတ္တဲ့ သရုပ္ေဆာင္ေက်ာ္ဇင္ထြဋ္အတြက္ မိသားစုနဲ႕ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပန္ေနရပါေစလုိ႕ ဆုေတာင္းေပးလုိက္ပါတယ္။

Photos Credit – Kyaw zin htut facebook

Stella(Akhayar)

www.akhayar.com

[Unicode]

ဇနီးသည်ကို လူမှုကွန်ရက်ကနေ အမှာစကားပါးလိုက်တဲ့ကျော်ဇင်ထွဋ်

ဗီလိန်ဇာတ်ရုပ်နဲ့လူသိများပေမယ့် ပရိသတ်ချစ်ခင်အားပေးမှုတခဲနက်ရရှိထားတဲ့ အနုပညာရှင်ထဲမှာ ဇာတ်ပို့သရုပ်ဆောင်ကျော်ဇင်ထွဋ် လည်း အပါအဝင်ပါပဲ။ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကို သဏ္ဍန်လုပ်သရုပ်တူ သူမို့ ဇာတ်ကားတော်တော်များများမှာ သူ့ကိုတွေ့ရပါတယ်။ ရန်ကုန်ဖေချစ်လို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်ဟာ မိသားစုနဲ့ခွဲနေရပြီး သူ့ရဲ့ဇနီးသည်အပေါ် သစ္စာရှိရှိချစ်နေမယ့်အကြောင်း အခုလို လူမှုကွန်ရက်ကနေတစ်ဆင့် အမှာစကားပါးထားပါတယ်။


“17-8-2018 အချိန်တွေ ကြာလာသော်လည်း သစ္စာရှိရှိ စောင့်မျှော်ရင်း နဲ့ မေတ္တာမပျက် ချစ်နေပေးမဲ့ ရန်ကုန်ဖေချစ်” ဆိုတဲ့စာလေးရေးပြီး ဇနီးသည်ကိုပြောချင်တဲ့ အရာလေးတွေကို ပုံနဲ့တကွ တင်ထားတာဖြစ်ပါတယ်။ ရန်ကုန်ဖေချစ်ဟာ ဇနီးနဲ့ သမီးက အိမ်ပေါ်ကဆင်းသွားတာ လအနည်းငယ်လောက်ကြာပြီဖြစ်လို့ မိသားစုပြန်အဆင်ပြေဖို့တစ်ယောက်ထဲ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ဇနီးနဲ့ သမီးထက် သူ့ကိုပဲ အားပေးစကားပြောကြတဲ့ပရိသတ်ကပိုများတဲ့အတွက် သူ့ကိုအားပေးစကားမပြောကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။ သူဟာ မနေ့ကလည်း နေမကောင်းဖြစ်လို့ ဆေးခန်းပြနေရတဲ့ ပုံလေးတွေ တင်ထားတာမို့ ပရိသတ်တွေကတော့ သူ့အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ ဇနီးနဲ့သမီးအပေါ်ချစ်တတ်တဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်အတွက် မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photos Credit – Kyaw zin htut facebook

Stella(Akhayar)

www.akhayar.com