[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

၂နှစ်အတွင်းမျက်နှာပုံစံ သိသိသာသာကြီးပြောင်းလဲသွားတဲ့ ကျော်ကျော်ဗိုလ်

ကျော်ကျော်ဗိုလ် က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ခုနှစ် ပုံတွေကိုယှဉ်ပြီးတော့ တင်ထားတာတွေ့ရပါတယ်။ အဲ့လိုယှဉ်ပြီးတော့ တင်ထားတဲ့ ပုံတွေကိုကြည့်လိုက်ရင်လည်း သူ့ရဲ့မျက်နှာပုံစံတွေဟာ တစ်ပုံနဲ့တစ်ပုံ သိသိသာသာကွဲပြားနေတာကို တွေ့ရပါတယ်။

အဲ့လိုပုံတွေကိုတင်ထားတဲ့ အောက်မှာလည်းသူ့ကို ချစ်တဲ့ပရိသတ်တွေက ပြောင်းလဲသွားတဲ့မျက်နှာအနေအထားနဲ့ပတ်သက်လို့ အားပေးကြတာတွေရှိကြသလို တချို့Comment တွေကလည်း အရင်ကမျက်နှာပုံစံလေးကိုသာ နှစ်သက်ကြတယ်လို့ဆိုကြသူတွေလည်း ရှိပါတယ်။

ကျော်ကျော်ဗိုလ်ဟာ သရုပ်ဆောင်ကောင်းသလို အဆိုအပြောကောင်းတဲ့ အတွက်ဒါရိုက်တာမောင်မျိုးမင်းရဲ့ နှင်းဆီအငြိမ့်နဲ့လည်း ပရိသတ်ရဲ့ချစ်ခင်မှုကိုရရှိတဲ့ လူရွှင်တော်တစ်ဦးဖြစ်ခဲ့ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို သမီးလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Kyaw Kyaw Bo Facebook

www.akhayar.com