[Zawgyi]

အႏုပညာကိုဝါသနာပါလြန္းလုိ႔ မူမမွန္ေတာ့ဘူးလို႔ဆိုလာတဲ့ ေက်ာ္ေက်ာ္ဗို

သရုပ္ေဆာင္ေက်ာ္ေက်ာ္ဗိုက “ကမာၻေက်ာ္”ရြာရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အႏုပညာကို ဝါသနာပါလြန္းလို႔ မူမမွန္တဲ့ ဒါရိုက္တာတစ္ေယာက္ရဲ႕ဇာတ္ေကာင္ေနရာကေန ပါဝင္သရုပ္ေဆာင္ထားတယ္လို႔ေျပာပါတယ္။ “ဒီဇာတ္ကားထဲမွာ ဒါရိုက္တာမဂၤလာဆိုၿပီး နည္းနည္းလြတ္ေနတဲ့သူတစ္ေယာက္ေပ့ါ။ အဲဒီရြာေလးကို အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ေရာက္လာတယ္။ ဒိုင္ယာေလာ့ခ္ေတြေပၚမွာပဲ ကၽြန္ေတာ္သရုပ္ေဆာင္တာေတြ လုပ္ထားတာပါ။ ရြာရဲ႕အေနအထားကလည္း ျပန္စဥ္းစားၾကည့္ရင္ အစြန္းတစ္ဖက္ကိုေရာက္ေနတဲ့ ရြာတစ္ရြာျဖစ္တယ္။ သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြ၊ ဝါသနာေတြ၊ ဗီဇေတြကနည္းနည္းအစြန္းဖက္ကိုေရာက္တယ္။ အဲဒီလုိရြာမ်ိဳးမွာ လြတ္ေနတဲ့ဒါရိုက္တာနဲ႔ လာေတြ႕ေတာ့ ဇာတ္လမ္းအရွိန္က ပိုျမွင့္သြားတယ္။ အဲဒီရြာသားေတြထဲမွာမွ သာေက်ာ္က အားလံုးထက္ပိုတယ္။ ဒီဇာတ္ ကားကို ပရိသတ္ေတြကိုလည္း ၾကည့္ေစခ်င္တယ္။ အႏုပညာသမားတိုင္းက ကိုယ္ဖန္တီးလိုက္တဲ့ အႏုပညာေတြကို ပရိသတ္ေတြေရွ႕မွာ အျမဲခ်ျပတယ္။ ဒီဇာတ္ကားက ရီရတဲ့အတြက္ ပရိသတ္ေတြအေနနဲ႔ ဒီဇာတ္ကားကိုၾကည့္ၿပီး အေမာအပန္းေျပေစမွာပါ” လို႔ ဇာတ္ေကာင္နဲ႔ပတ္သက္ၿပီး ေက်ာ္ေက်ာ္ဗိုကေျပာပါတယ္။

လာမယ့္၂၀၁၇ အကယ္ဒမီေပးပြဲအတြက္ အကယ္ဒမီရင္ခုန္မႈကေရာ ဘယ္လိုရွိလဲလို႔ ထပ္မံေမးၾကည္႔ရာ “ အကယ္ဒမီကေတာ့ ဘယ္သူရရပါ အားလံုးက ညီအစ္ကိုေမာင္ႏွမေတြႀကီးပဲဆိုေတာ့။ အားလံုးကို ရေစခ်င္တယ္။ အကယ္ဒမီပြဲတက္ျဖစ္မျဖစ္ကလည္း သိပ္မက်ိန္းေသတဲ့အတြက္ပါ။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ျပည္ပခရီးေရာက္ျဖစ္ေနတယ္ဆိုရင္ေတာ့ တက္ျဖစ္မွာမဟုတ္ဘူး။ မေရာက္ျဖစ္ဘူးဆိုရင္ေတာ့ တက္မွာပါ” လို႔ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ေက်ာ္ေက်ာ္ဗိုကေျပာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အနုပညာကိုဝါသနာပါလွန်းလို့ မူမမှန်တော့ဘူးလို့ဆိုလာတဲ့ ကျော်ကျော်ဗို

သရုပ်ဆောင်ကျော်ကျော်ဗိုက “ကမ္ဘာကျော်”ရွာရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အနုပညာကို ဝါသနာပါလွန်းလို့ မူမမှန်တဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ပြောပါတယ်။“ဒီဇာတ်ကားထဲမှာ ဒါရိုက်တာမင်္ဂလာဆိုပြီး နည်းနည်းလွတ်နေတဲ့သူတစ်ယောက်ပေ့ါ။ အဲဒီရွာလေးကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရောက်လာတယ်။ ဒိုင်ယာလော့ခ်တွေပေါ်မှာပဲ ကျွန်တော်သရုပ်ဆောင်တာတွေ လုပ်ထားတာပါ။ ရွာရဲ့အနေအထားကလည်း ပြန်စဉ်းစားကြည့်ရင် အစွန်းတစ်ဖက်ကိုရောက်နေတဲ့ ရွာတစ်ရွာဖြစ်တယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေ၊ ဝါသနာတွေ၊ ဗီဇတွေကနည်းနည်းအစွန်းဖက်ကိုရောက်တယ်။ အဲဒီလိုရွာမျိုးမှာ လွတ်နေတဲ့ဒါရိုက်တာနဲ့ လာတွေ့တော့ ဇာတ်လမ်းအရှိန်က ပိုမြှင့်သွားတယ်။ အဲဒီရွာသားတွေထဲမှာမှ သာကျော်က အားလုံးထက်ပိုတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေကိုလည်း ကြည့်စေချင်တယ်။ အနုပညာသမားတိုင်းက ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာတွေကို ပရိသတ်တွေရှေ့မှာ အမြဲချပြတယ်။ ဒီဇာတ်ကားက ရီရတဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားကိုကြည့်ပြီး အမောအပန်းပြေစေမှာပါ” လို့ ဇာတ်ကောင်နဲ့ပတ်သက်ပြီး ကျော်ကျော်ဗိုကပြောပါတယ်။

လာမယ့်၂၀၁၇ အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီရင်ခုန်မှုကရော ဘယ်လိုရှိလဲလို့ ထပ်မံမေးကြည့်ရာ “ အကယ်ဒမီကတော့ ဘယ်သူရရပါ အားလုံးက ညီအစ်ကိုမောင်နှမတွေကြီးပဲဆိုတော့။ အားလုံးကို ရစေချင်တယ်။ အကယ်ဒမီပွဲတက်ဖြစ်မဖြစ်ကလည်း သိပ်မကျိန်းသေတဲ့အတွက်ပါ။ အဲဒီအချိန်မှာ ကျွန်တော်ပြည်ပခရီးရောက်ဖြစ်နေတယ်ဆိုရင်တော့ တက်ဖြစ်မှာမဟုတ်ဘူး။ မရောက်ဖြစ်ဘူးဆိုရင်တော့ တက်မှာပါ” လို့ အကယ်ဒမီနဲ့ပတ်သက်ပြီး ကျော်ကျော်ဗိုကပြောပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။