[Zawgyi]

သႀကၤန္မွာ ပရိသတ္ေတြနဲ႔အတူျဖတ္သန္းသြားမယ့္ ေက်ာ္ထက္ေဇာ္

ေက်ာ္ထက္ေဇာ္ဆိုရင္ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားက မၾကာေသးကမွ MRTV-4 ရုပ္သံလိုင္းကေန ထုတ္လႊင့္ျပသၿပီးျဖစ္တဲ့ “အမုန္းမွသည္” ရုပ္သံဇာတ္လမ္းတြဲထဲမွ စိုင္းေနေရာင္ဆိုတဲ့ ခပ္တည္တည္စမတ္က်တဲ့ ေကာင္ေလးကို ေျပးျမင္မွာကေတာ့ အေသအခ်ာပါပဲ။ ေက်ာ္ထက္ေဇာ္အေနနဲ႔ “အမုန္းမွသည္” ရုပ္သံဇာတ္လမ္းတြဲတစ္ခုတည္းနဲ႔ တကယ္ကို ပရိသတ္အခိုင္အမာရရွိထားၿပီးျဖစ္တဲ့ တက္သစ္စ လူငယ္သရုပ္ေဆာင္သစ္တစ္ဦးလည္း ျဖစ္ပါတယ္။

မၾကာခင္က်ေရာက္ေတာ့မယ့္ သႀကၤန္ေလးရက္မွာ ပရိသတ္ေတြနဲ႔ ဘယ္လိုအတူျဖတ္သန္းမလဲလို႔ဆိုတာကိုလည္း အခုလိုေျပာျပခဲ့ပါတယ္။ “ဒီႏွစ္သႀကၤန္ကေတာ့ ကၽြန္ေတာ္အေနနဲ႔ ေနရာေတာ္ေတာ္စံုတယ္။ ရန္ကုန္မွာ သီခ်င္းဆိုမယ္ အႀကိဳေန႔မွာေပ့ါ။ အက်ေန႔မွာေတာ့ ခ်င္းေတာင္တန္းမွာရွိတဲ့ ေဆာဆိုတဲ့ၿမိဳ႕ေလးမွာ သီခ်င္းဆိုျဖစ္မယ္။ အႀကတ္ နဲ႔ အတက္ကို မႏၱေလးသြားမယ္။ သႀကၤန္နဲ႔ပတ္သက္ၿပီးေတာ့ အမွတ္တရေတာ့ သိပ္မရွိဘူး။ သႀကၤန္ဆိုရင္ေပ်ာ္တယ္။ အရင္ကေတာ့ သႀကၤန္မွာ သီခ်င္းမဆိုျဖစ္ဘူး။ ဒီႏွစ္ဆိုရင္ ကၽြန္ေတာ္ကိုခ်စ္တဲ့သူေတြ၊ ကၽြန္ေတာ္ခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔႔ ေႏြးေႏြးေထြးေထြးျဖစ္ေအာင္ အရမ္းေဝးတဲ့ ေဆာၿမိဳ႕ေလးထိသြားၿပီး သီခ်င္းဆိုမယ္။ ၿပီးရင္ မႏၱေလးျပန္လာမယ္။ ဒီႏွစ္ကေတာ့ ကၽြန္ေတာ္အတြက္ တကယ္ကိုအမွတ္တရျဖစ္ေစမယ့္သႀကၤန္လုိ႔ ကၽြန္ေတာ္ထင္တယ္” လို႔ သႀကၤန္အစီအစဥ္မ်ားကို ေက်ာ္ထက္ေဇာ္က ေျပာျပပါတယ္။

ဆက္လက္ၿပီး သူက ႏွစ္သစ္ဆုေတာင္းစကားအေနနဲ႔လည္း “ပရိသတ္ေတြအားလံုး ႏွစ္သစ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ လိုအင္ဆႏၵျပည့္စံုႏိုင္ၾကပါေစ။ ေနာက္တစ္ခုက သႀကၤန္မွာလည္း အႏၱရာယ္ကင္းကင္းနဲ႔ အကုန္လံုးေပ်ာ္ႏို္င္ၾကပါေစ” လို႔လည္း ထပ္မံဆုေတာင္းေပးခဲ့ပါေသးတယ္။

www.akhayar.com

[Unicode]

သင်္ကြန်မှာ ပရိသတ်တွေနဲ့အတူဖြတ်သန်းသွားမယ့် ကျော်ထက်ဇော်

ကျော်ထက်ဇော်ဆိုရင် ပရိသတ်တွေတော်တော်များများက မကြာသေးကမှ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပြီးဖြစ်တဲ့ “အမုန်းမှသည်” ရုပ်သံဇာတ်လမ်းတွဲထဲမှ စိုင်းနေရောင်ဆိုတဲ့ ခပ်တည်တည်စမတ်ကျတဲ့ ကောင်လေးကို ပြေးမြင်မှာကတော့ အသေအချာပါပဲ။ ကျော်ထက်ဇော်အနေနဲ့ “အမုန်းမှသည်” ရုပ်သံဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ တကယ်ကို ပရိသတ်အခိုင်အမာရရှိထားပြီးဖြစ်တဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်သစ်တစ်ဦးလည်း ဖြစ်ပါတယ်။

မကြာခင်ကျရောက်တော့မယ့် သင်္ကြန်လေးရက်မှာ ပရိသတ်တွေနဲ့ ဘယ်လိုအတူဖြတ်သန်းမလဲလို့ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ “ဒီနှစ်သင်္ကြန်ကတော့ ကျွန်တော်အနေနဲ့ နေရာတော်တော်စုံတယ်။ ရန်ကုန်မှာ သီချင်းဆိုမယ် အကြိုနေ့မှာပေ့ါ။ အကျနေ့မှာတော့ ချင်းတောင်တန်းမှာရှိတဲ့ ဆောဆိုတဲ့မြို့လေးမှာ သီချင်းဆိုဖြစ်မယ်။ အကြတ် နဲ့ အတက်ကို မန္တလေးသွားမယ်။ သင်္ကြန်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတော့ သိပ်မရှိဘူး။ သင်္ကြန်ဆိုရင်ပျော်တယ်။ အရင်ကတော့ သင်္ကြန်မှာ သီချင်းမဆိုဖြစ်ဘူး။ ဒီနှစ်ဆိုရင် ကျွန်တော်ကိုချစ်တဲ့သူတွေ၊ ကျွန်တော်ချစ်ရတဲ့ ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေးဖြစ်အောင် အရမ်းဝေးတဲ့ ဆောမြို့လေးထိသွားပြီး သီချင်းဆိုမယ်။ ပြီးရင် မန္တလေးပြန်လာမယ်။ ဒီနှစ်ကတော့ ကျွန်တော်အတွက် တကယ်ကိုအမှတ်တရဖြစ်စေမယ့်သင်္ကြန်လို့ ကျွန်တော်ထင်တယ်” လို့ သင်္ကြန်အစီအစဉ်များကို ကျော်ထက်ဇော်က ပြောပြပါတယ်။

ဆက်လက်ပြီး သူက နှစ်သစ်ဆုတောင်းစကားအနေနဲ့လည်း “ပရိသတ်တွေအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒပြည့်စုံနိုင်ကြပါစေ။ နောက်တစ်ခုက သင်္ကြန်မှာလည်း အန္တရာယ်ကင်းကင်းနဲ့ အကုန်လုံးပျော်နိုင်ကြပါစေ” လို့လည်း ထပ်မံဆုတောင်းပေးခဲ့ပါသေးတယ်။

www.akhayar.com